ရုပ်သံ

တပတ်အတွင်း မြေလတ်သတင်း

- မကွေး ခမရ ၃၀၁ နဲ့ ၃၁၇ တပ်ရင်းမှူးတွေ အမိန့်ဖီဆန်မှု၊ တာဝန်ရှိမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ - ၀က်လက်မှာ အမျိုးသမီး ၁ ဦးအပါ ၄ဦးကို စစ်တပ်ကသတ်ခဲ့၊ အမျိုးသမီးရုပ်အလောင်းက အဓမ္မပြုကျင့်ခံရတဲ့ပုံစံဖြစ်နေဟုဆို - လှတောနယ်မြေရဲစခန်းကို PDF ၇ ဖွဲ့က သွားရောက်တိုက်ခိုက် - ပဲခူးတိုင်းအနောက်ခြမ်းမှာ အုပ်ချုပ်ရေးမှူးရာထူးမှနုတ်ထွက်သူ ၁၅၀ ရှိလာ အစားထိုးခန့်ဖို့ မရှိလို့ ဆက်လုပ်နေရ - ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ် ၃ စီး တိုက်ခိုက်ခံရ - အညာဒေသက ကျောင်းသားလက်ရုံးတပ် အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ကို AA တာဝန်ရှိသူတွေ တက်ရောက် - နိုင်ကျဉ်းတချို့နဲ့ အဖမ်းခံရသူတွေကို စစ်ကြောင်းထိုးရာမှာ စစ်ကောင်စီက အသုံးပြု - ကိုင်းတောမရဲစခန်း တိုက်ပွဲမှာ တပ်မ ၁၀၁ က စစ်သား ၂ ဦးနဲ့ PDF ရဲဘော် ၁ ဦး သေဆုံး - ထီးချိုင့်မြို့နယ်ထဲက ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ ၅ ဦး ပျောက်ဆုံးနေ - ကလေးမှာ စကစနဲ့ပူးပေါင်းပြီး သေနတ်ကိုင်တဲ့ ဘုန်းကြီးကို PDF ကဖမ်းဆီးကာ ခံဝန်နဲ့ပြန်လွှတ်ပေး - စစ်ဘေးရှောင် ၈၀  ကျော်ကို ကနီမြို့သပိတ်အင်အားစုတွေက အခမဲ့ ဆေးဝါးကုသမှုပေး

စစ်တပ်ထုတ်ကုန် ဝင်ငွေလျှော့ချရေး ကမ်ပိန်း

ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲအဖြစ် ဩဂုတ်လကနေ စပြီး ၂ လအတွင်း စစ်တပ်ပိုင် ဘီယာ ၆ မျိုးနဲ့ ဆေးလိပ် ၂ မျိုးရဲ့ ဝင်ငွေ ၇၀ ရာခိုင်နှုန်းကို ပိတ်ဆို့ဖို့လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ပါဝင်ပေးကြဖို့ သပိတ်အင်အားစုတွေက တောင်းဆိုထားပါတယ်။

ဂန့်ဂေါနယ်မှာ နှမ်းရိတ်သိမ်းချိန် လုပ်သားရှားပါးပြီး လုပ်ခစရိတ်မြင့်တက် (ရုပ်/သံ)

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြစ်သာမြစ်ရဲ့ အနောက်ဘက်နဲ့အရှေ့ဘက်ကမ်းက ကျေးရွာပေါင်း ၂၅ ရွာဝန်းကျင်မှာ သြဂုတ်လလယ်ပိုင်းကစလို့ နှမ်းရိတ်သိမ်းနေကြတာဖြစ်သလို လုပ်သားရှားပါးနေတာကြောင့် ယခင်နှစ်တွေထက် လုပ်အားခတွေ ပိုပေးပြီး ခေါ်ယူနေရတယ်လို့ ဆိုပါတယ်။

“ဆေးဖက်ဝင် မန်ကျည်းပင်”

ကိုယ်အလေးချိန်ကျဖို့နဲ့ အသားအရည်လှပဖို့ မန်ကျည်းကိုဘယ်လိုအသုံးပြုမလဲ။ မန်ကျည်းမှည့်အနှစ်ဟာ သွေးတွင်းအဆီကို ဘယ်လိုလျော့ကျစေနိုင်သလဲ။ အူလမ်းကြောင်းအနာတွေသက်သာစေဖို့ မန်းကျည်းရွက်ကို ဘယ်လိုစားသုံးရမလဲဆိုတာတွေကို နားဆင်ရမှာပါ။

တိုက်ပွဲတွင်း ပြောင်းကွဲလို့ PDF တဦးကျဆုံး (ရုပ်/သံ)

အဲ့ဒီနေ့ တိုက်ပွဲကပြန်ဆုတ်လာတဲ့ ရဲဘော်တွေကို နောက်တန်းကနေ လက်နက်ကြီးနဲ့ ကာပစ်ပေးချိန် လက်လုပ်လက်နက်ကြီး ပြောင်းကွဲခဲ့လို့ ဗီဒီယိုမှတ်တမ်းယူနေတဲ့ Pakokku Underground Force က အသက် ၁၉ နှစ်အရွယ် ရဲဘော် ကျော်သူအောင် (ခေါ်) Snake ကြီး ကျဆုံးခဲ့ပါတယ်။

ကိုင်းတောမရဲစခန်း တိုက်ပွဲမှာ တပ်မ ၁၀၁ က စစ်သား ၂ ဦးနဲ့ PDF ရဲဘော် ၁ ဦး သေဆုံး (ရုပ်/သံ)

"ကျနော်တို့ ညနေ ၅ နာရီခွဲကနေ ၆ နာရီကျော်ကျော်အထိ တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ Pakokku Underground Force က ရဲဘော် ၁ ဦးကျပြီး ‌စခ ၂ ကောင်သေဆုံးတယ်"

ရေနံချောင်းမှာ မြစ်ရေတက်ပြီး ချောင်းကူးလမ်းရေဝင်နေလို့ ကိုယ်ထူကိုယ်ထ ပြုပြင်နေရ (ရုပ်/သံ)

ရေနံချောင်းမြို့နဲ့ ၁၀ မိုင်ကျော်အကွာအဝေးမှာရှိတဲ့ ရုံးဆိပ်ကျေးရွာအနီးက ဆားတိုင်အုတ်ဖိုချောင်းမှာ မိုးရွာပြီးဧရာဝတီမြစ်ရေတွေ ဝင်လာတာကြောင့် ဒေသခံပြည်သူတွေ သွားလာရခက်ခဲနေတာလို့ ရုံးဆိပ်ရွာ ဆရာတော်က ပြောပါတယ်။

ရာထူးကဖယ်ရှားခံရတယ်လို့ သတင်းထွက်နေတဲ့ ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင် ကို  လူမြင်ကွင်း ထုတ်ပြ (ရုပ်/သံ)

ရာထူးကနေဖယ်ရှားခံရတယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ အစည်းအဝေးပွဲမှာ ခေါ်ဆောင်ပြီး လူမြင်ကွင်းကို ထုတ်ပြလာပါတယ်။ ဩဂုတ် ၂၇ ရက် မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပုဂံဘုရားခရီးစဉ်နဲ့ နေပြည်တော်၊ မာရဝိဇယဘုရားနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဦးစီးပြုလုပ်တဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မိုးအောင် တက်ရောက်ခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းရုပ်သံမှာ ထုတ်လွှင့်လာတာဖြစ်ပါတယ်။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ် ၃ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

“သူတို့ကို RPG တလုံး Rocket ၅လုံး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ ပစ်ခတ်ပြီးတော့ သူတို့တွေ ပခုက္ကူဘက်ကို ပြန်ထွက်သွားတယ်”

အညာခေါ်သံ (အသံလွှင့်ဆောင်းပါး)

သေနတ်ကိုင်ပြီး ဖြေရှင်းမှရတော့မယ့်အဆုံးမှာ အညာမြေဟာ ရှိသမျှရောင်းချလို့ ရရာလက်လုပ် တထောင့်ထိုး သေနတ်နဲ့ တော်လှန်ရေးကိုစခဲ့ကြတယ်။ အညာမြေရဲ့ စစ်အာဏာရှင်တော်လှန်ရေးဟာ ကိုယ်ထူကိုယ်ထ၊ ကိုယ့်ဒူးကိုယ်ချွန်ပဲ။ ဆယ်ဂဏန်းနဲ့စခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုတွေဟာ အခုတော့ ထောင်ချီကျော်လို့ သောင်းချီလာခဲ့ကြပြီ။

စစ်ဆေးရေးဂိတ် အလစ်အငိုက်တိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေပြီး သေနတ်နဲ့ကျည်ပါ သိမ်းနိုင် (ရုပ်/သံ)

"ဒီကောင်တွေက ဘာမှ Stand by မရှိဘူး။ ဂိမ်းဆော့တဲ့ကောင်က ဆော့။ ဆေးလိပ်သောက်တဲ့ကောင်က သောက်။ ထမင်းစားတဲ့ကောင်က စား။ ဂန်း(သေနတ်) နဲ့ လူနဲ့လည်း တခြားစီပေါ့နော်။ ဒီကောင်တွေ ောက်တလွဲလုပ်နေကြတာပေါ့။ သူတို့ကို လာလုပ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ အများကြီးလျှော့တွက်ထားတာ"

ရွှေဘိုမှာ စစ်အုပ်စုတိုက်ခိုက်ခံရလို့ ၃ ဦးသေ ၇ ဦးထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ဩဂုတ် ၂၆ ရက် ည၉ နာရီခန့်မှာ ရွှေဘိုမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီအင်အား ၈၀ ခန့်ပါတဲ့ အဖွဲ့ဟာ မြို့ရှောင်လမ်းဘက်ကို ကင်ပုန်းချဖို့ထွက်လာချိန်မှာ ပဒေသာမိုင်း ၅ လုံး ၃ ပွိုင့်ဆွဲပြီး တိုက်ခိုက်ခဲ့သလို ၆၀ မမ လက်လုပ် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

လှတောနယ်မြေရဲစခန်းကို PDF ၇ ဖွဲ့က သွားရောက်တိုက်ခိုက် (ရုပ်/သံ)

"စခန်းထဲက အကောင်တွေက စစ်ကူစောင့်ရင်းနဲ့ ကတုတ်ကျင်းထဲကမထွက်ဘဲ စက်လတ်တွေနဲ့ တရစပ်ဆွဲတာဗျ။ အဲ့ဒါကြောင့် ကျနော်တို့က စခန်းထဲကို မဝင်နိုင်ခဲ့ဘူးဗျ။ အချိန်လည်းကြာလာတယ်၊ စစ်ကူလည်း လာနေတယ်ဆိုတော့ ကျနော်တို့ကြားမှာ ညပ်သွားမှာစိုးလို့ ပြန်ဆုတ်ခဲ့ရတာ"

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိလို့  ကြံ့ခိုင်ရေးအမာခံ ၂ ဦးသေဆုံးတဲ့သတင်းနှင့် တပတ်အတွင်း သတင်းများ(Podcast)

ဆားလင်းကြီးမြို့နယ်မှာ ပြည်သူ့စစ်သင်တန်းဆင်း အမျိုးသား ၁၄ ဦး ဖမ်းမိတဲ့သတင်း၊ ပဲခူးအနောက်ခြမ်းမှာ ၂ လအတွင်း ရပ်ကျေးအဖွဲ့၀င် ၁၀၀ ကျော် ကျန်းမာရေးအကြောင်းပြ နုတ်ထွက်တဲ့သတင်း၊ စစ်ကြောင်းဝင်သွားတဲ့ရွာကို နယ်မြေရှင်းလင်းရေးဝင်ချိန် ခေါင်းမပါတဲ့ ရဲဘော်အလောင်း ၅လောင်းတွေ့ တဲ့သတင်းနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။

We are soldiers သီချင်းသီဆိုခဲ့သူ ဗိုလ်မှူး နိုင်နိုင်ထွန်း စစ်တိုက်ဖို့ငြင်းဆန်လို့ ဖမ်းခံထားရ

“ စကခ ၂၁ အောက် ဗန်းမော်ဂွင်ထဲမှာဘဲဖြစ်တာ။ သူ့စစ်ကြောင်းက အင်အားမမျှလို့ မတိုက်ဘူးပြောတာ။ ရှေ့ ဆက်မတိုးလို့ဆိုပြီးတော့ စစ်ဆင်ရေးရှောင်လွှဲမှုနဲ့ အခု မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ) ထဲမှာ အစစ်ခံနေရတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10