ရုပ်သံ

ဆင်ဖြူကျွန်းမှာ ရေကြီးရေလျှံပြီး ကူညီမယ့်သူမရှိလို့ ပြည်သူ အချင်းချင်းပြန်ကူနေရ

မေလ ၁၃ ရက်ကတည်းက မိုးဆက်တိုက်ရွာနေတာဖြစ်ပြီး ဒီနေ့ညနေ ၄ နာရီလောက်ကမှ စလင်းချောင်း ရေလျှံလာတာဖြစ်ပါတယ်။ ရေမြှုပ်သွားတဲ့ရပ်ကွက်ကလူတွေကို ပြည်သူအချင်းချင်းက ပြန်ကူညီကာ ရေဘေးလွတ်ရာကို ကယ်ထုတ်နေကြရပါတယ်။ မိုးဆက်လက်ရွာသွန်းနေသလို စလင်းချောင်းရေဟာ ညဘက်မှာ ဆက်လက်မြင့်တက်လာဖို့ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

မြိုင်နယ်အတွင်း စစ်ကြောင်းထိုးလို့ မိုးရေထဲထွက်ပြေးနေရတဲ့ဒေသခံ ၄၀၀၀ ကျော်ကို MVRF ကယ်ထုတ်ခဲ့ရ

“ကံကြီးတောကိုစစ်ကြောင်းထိုးမှာ သတင်းကြိုရလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြိုတင်စောင့်ဆိုင်းတဲ့အချိန် ထိတွေ့မှုဖြစ်တယ်။ အဲ့ဒီနောက်မှာ စကစတပ်တွေက ဆက်လက်စစ်ကြောင်းထိုးလာလို့ ရွာသူရွာသားတွေကို ဘေးလွတ်ရာကို ပို့ဆောင်နိုင်ခဲ့တယ်”

စစ်အင်အားရာချီပါတဲ့ YDF ၂ နှစ်ပြည့် အခမ်းအနားကို လက်နက်အပြည့်အစုံနဲ့ ကျင်းပ (ရုပ်/သံ)

"တပ်ဖွဲ့တွေက မိသားစုဆန်ဆန်သွားလို့ မရဘူးဗျ။ စနစ်ကျပြီး စည်းကမ်းရှိတဲ့ အဖွဲ့စည်းအသွင်ကို ပြောင်းလာမှ ထိခိုက်တာတွေ နည်းမှာပါ။ အဲ့ဒါကြောင့် အပြောင်းအလဲတွေကို ဖြည်းဖြည်းချင်း ပြုလုပ်ပြီး လက်ရှိ စနစ်ကျတဲ့အဖွဲ့စည်းအသွင် ပြောင်းလာတာပါ"

စစ်ကောင်စီနဲ့ပျူတွေနေတဲ့ ရေလယ်ကျွန်းကရွာကို PDF တွေ ၂ ကြိမ်မြောက် ဝင်တိုက်ခိုက် (ရုပ်/သံ)

"အနီးကပ်ဝင်တိုက်ခဲ့တာ မီတာ ၁၅၀ အကွာလောက်ပဲရှိမယ်။ တိုက်ခိုက်ချိန် ၄၅ မိနစ်လောက်ကြာတယ်။ ပျူတွေပဲနေတော့ ထိခိုက်သေဆုံးတာ မသိရသေးပါဘူး"

မုံရွာ စီးပွားရေးတက္ကသိုလ်ဝန်းက ကင်းသမားတွေပစ်ခံရလို့ ၂ဦးသေဆုံး( ရုပ်/သံ)

"ထိခိုက်သေဆုံးတာက ရဲဘော်တွေမြင်ခဲ့တာနဲ့ အနီးအနားက ကင်းသမားတွေပြောပြချက်အရ ၂ ကောင်သေတယ်"

တပတ်အတွင်း မြေလတ်သတင်း

- အကျဉ်းသူ/သားတွေက ထောင်ထဲမှာ ပိုက်ဆံစုပြီး PDF ထံ ကျပ် ၅ သိန်းလှူဒါန်း - မုံရွာ - မန္တလေးကားလမ်းမှာ သွားလာမယ်ဆိုရင် စစ်ကောင်စီကားတွေနဲ့ အဝေးမှာနေဖို့ PKDF ကပြော - တပ်ကူလာသူတွေနဲ့ သွားကြိုတဲ့စစ်အုပ်စု ၂ ခုလုံးကို ကြားဖြတ်တိုက်ခိုက်လို့ သေဆုံးမှုများနိုင် - ခိုင်ကမ်းမြို့ ရဲစခန်းနဲ့ တမိုင်ပတ်လည်က ပြည်သူတွေကို နေရာပြောင်းရွှေ့ခိုင်း - ရေဦးမှာ စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရ - စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့တဲ့ ဇီးဖြူကုန်းရွာတိုက်ပွဲ - စစ်ကောင်စီတပ်က ကျေးရွာထဲ ၂ လနီးပါးကြာ တပ်စွဲနေလို့ တောင်သူတွေ သီးနှံမသိမ်းရတဲ့အခက် ကြုံတွေ့ - မုံရွာ - အမြင့်လမ်းသပိတ်ကော်မတီက ဦးဆောင်တဲ့ လူထုဟောပြောပွဲ - ပုလဲမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး - ABSDF (ချင်းတွင်းဒေသ) က ပြည်သူကို ဝန်မပိစေဖို့ တပ်ရိက္ခာနွေစပါးတွေ စိုက်ပျိုး

မြင်းမူမှာ မိုင်းရှင်းတဲ့ယာဥ်တန်းနဲ့ ကြေးနီသယ်တဲ့ကားတွေမိုင်းဆွဲခံရ( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနဲ့ ဝမ်းပြည့်ကျေးရွာအကြားမှာ မိုင်းရှင်းဖို့ ရှေ့ပြေးလာတဲ့ ကားတွေနဲ့ ကြေးနီသယ်လာတဲ့ ကားတွေကို မိုင်း ၃ကြိမ်ဆွဲပြီးတိုက်ခိုက်ခဲ့တယ်

မုံရွာ မန္တလေးလမ်းပေါ်မှာ စစ်လက်နက်ယာဉ်တန်း အကြိမ်ကြိမ်တိုက်ခိုက်ခံရလို့ အနည်းဆုံး ၆ဦးသေဆုံး( ရုပ်/သံ)

မုံရွာ နမခကိုသွားမယ့် စစ်ကောင်စီရဲ့ စစ်လက်နက်တွေသယ်လာတဲ့ ယာဉ်တန်းဟာ စစ်ကိုင်းတိုင်း မုံရွာ မန္တလေးလမ်းပေါ်မှာ အကြိမ်ကြိမ်တိုက်ခိုက်ခံရလို့ အနည်းဆုံး ၆ဦးသေဆုံးပြီး ကား ၃စီး ပျက်စီးခဲ့တယ်

PDF ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် ဗိုလ်နဂါးနှင့် အင်တာဗျူး

"ပုလဲမြို့ပေါ်မှာ ထွေအုပ်ရုံးတောင် ရုံးလုပ်ငန်း ဘာမှ မလုပ်နိုင်တော့ဘူး။ အဲဒါဆို မှန်းကြည့်ပေါ့ဗျာ၊ သူတို့အုပ်ချုပ်ရေးယန္တရား ဘယ်လောက်စုတ်ပြတ်သွားပြီဆိုတာ"

စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့တဲ့ ဇီးဖြူကုန်းရွာတိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၉ ရက်မနက် ၄ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂၀ ကျော် သေဆုံးခဲ့တယ်

ရေနစ်သေဆုံးတဲ့ စစ်ကြောင်းကို ကွပ်ကဲပြီး ပြန်လာတဲ့ အရာရှိ ၃ ဦးပါတဲ့ ကားမိုင်းဆွဲခံရ (ရုပ်/သံ)

"အရာရှိ ၃ ယောက်ပြန်လာတာ။ လာတာမှာတော့ အင်အားအများကြီးမပါဘူး။ မိုင်းအကြီး ၁ လုံးပဲ ဆွဲနိုင်ခဲ့တယ်။ ကျနော်တို့အဖွဲ့တွေလည်း ကံကောင်းလို့ပါ။ အဲဒီအရာရှိတွေပြန်လာတဲ့ကားတွေကို ကင်းပုန်းဝတ်နေတဲ့ အဖွဲ့ကပစ်လို့မလို့ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။"

ရိက္ခာသယ်တဲ့စစ်ကြောင်း အသွားအပြန် တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး ၁၉ ဦးဒဏ်ရာရဟု ဆို (ရုပ်/သံ)

"ကျောက်ရစ်ရဲစခန်းကနေ အင်အား ၆၀ ဝန်းကျင်နဲ့ ရိက္ခာအပါအဝင် စစ်လက်နက်ပစ္စည်းတွေ သယ်ဖို့ထွက်လာတဲ့ စစ်ကြောင်းကို မေလ ၆ ရက် ‌မနက်ပိုင်း ၁၀ နာရီလောက်မှာ နနွင်းကိုင်းဘက်ကနေ ခြုံခိုတိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲကြာချိန် ၄၅ မိနစ် ကြာတယ်။ မျက်မြင်တွေ့ရတာက အဲဒီအနားမှာ ၂ ယောက် ကျသွားပြီး ဒဏ်ရာတော်တော်များများ ရှိတယ်။"

ပုလဲမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က ပုလဲ-ဂန့်ဂေါကား လမ်းမပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ မေလ ၈ ရက်မနက် ၉ နာရီကျော်လောက်မှာ တိုက်ခိုက်ခံရတာကြောင့် စစ်သား ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားခဲ့ကြတယ်

မုံရွာမြို့ လဝက ရုံးဟောင်းက စစ်သားတွေ တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၁ ဦးဒဏ်ရာရ( ရုပ်/သံ)

"ကျနော်တို့ ကားနဲ့ သေနတ် ၄ လက်တင်ပြီး သူတို့ရဲ့ခြံဝန်းဘေးကနေ ကပ်ပြီးပစ်ခတ်ခဲ့တာ။ထိခိုက်သေဆုံးတာက နေရာတင်မှာပဲ တကောင်က သေဆုံးသွားတယ်။ ၁ ကောင်ကတော့ လက်ထိမှန်ဒဏ်ရာနဲ့ပဲ မုံရွာဆေးရုံရောက်သွားတယ်"

တပ်ကူလာသူတွေနဲ့ သွားကြိုတဲ့စစ်အုပ်စု ၂ ခုလုံးကို ကြားဖြတ်တိုက်ခိုက်လို့ သေဆုံးမှုများနိုင်( ရုပ်/သံ)

"ရေစကြိုမြို့ ရုံးပေါင်းစုံဝန်းထဲကနေ ကျောက်ရစ်ရဲစခန်းကို အင်အားဖြည့်ဖို့လာတာ။ ကျနော်တို့စောင့်ပြီး ပခုံးထမ်းတွေ မောင်းပြန်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ။ သေဆုံးမှုအနည်းဆုံး ၂၀ လောက်ရှိနိုင်ပါတယ်။ အတိအကျတော့ မသိရသေးဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10