ရုပ်သံ

"ဘယ်လက်နဲ့ဘုရားတည်ပြီး ညာလက်နဲ့ဘုရားတွေဖျက်" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်ရဲ့ ဒီတပါတ်မှာတော့ "ဘယ်လက်နဲ့ဘုရားတည်ပြီး ညာလက်နဲ့ဘုရားတွေဖျက် "ဆိုတဲ့ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တိုက်ပွဲပါးချိန် တောတွင်းစစ်ဆင်ရေး လေ့ကျင့်နေတဲ့ ရဲဘော်များ (ရုပ်/သံ)

စစ်ကောင်စီစခန်းတွေ ဝင်ရောက်စီးနင်းနိုင်ဖို့ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရဲဘော်တွေ စွမ်းရည်မြှင့်တင်ဖို့ အခုလို စစ်ရေးလေ့ကျင့်နေကြတာ

ဝါစက်ရုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေ ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အဝင်က ဝါစက်ရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၃ ရက် မနက် ၅ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကောင်စီက ခရီးသည်တွေကို လမ်းဆင်းလျှောက်ခိုင်းပြီး မိုင်းရှင်းလို့ မိုင်းအလုံးရေ ၁၀၀ ကျော်ဆုံးရှုံး - ပခုက္ကူရှိ ကျေးရွာတွေကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကပါ စီးနင်းဝင်ရောက်လို့ ဒေသခံ သောင်းချီထွက်ပြေးနေရ - ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ၁ ဦးသေ ၁ ဦးဒဏ်ရာရ - တနိုင်ငံလုံးအတိုင်းအတာနဲ့ ၅၀၅-က နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးခဲ့ရာ ပဲခူးတိုင်းထဲက သာယာဝတီနဲ့ ပြည်အကျဉ်းထောင်တို့က နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက် - မုံရွာ ကညနရုံး နဲ့ စိုက်ပျိုးရေးရုံးရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးဟု ဆို - ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး - စခန်းစီးနင်းမီးရှို့ခံရပြီးနောက် ရေစကြိုတောင်ပိုင်း PDF စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေ - လှတောရဲစခန်း တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးဟု ဆို - စစ်ရှောင်နဲ့ ရိက္ခာအတွက် သီးနှံတွေကို PDF ရဲမေတွေက တိုက်ပွဲနားချိန်မှာ စိုက်ပျိုးနေ - လက်နက်ကြီးအချက် ၁၀၀ ကျော် ပစ်ခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင်

မုံရွာ - မန္တလေးလမ်းပေါ်မှာ မိုင်းရှာနေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရ( ရုပ်/သံ)

မေလ ၅ ရက် မနက် ၁၀ နာရီကျော်လောက်မှာ မြင်းမူမြို့နယ်၊ ဂွေးပင်တောနဲ့ ဘိုးမင်းကြီးအကြား စစ်ကြောင်းရောက်ရှိချိန် မိုင်း ၄ လုံးနဲ့ ၂ ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်

ရေစကြို စုပေါင်းရုံးကို ပစ်ခတ်တိုက်ခိုက်ခံရလို့ ကင်းသမားတဦး သေဆုံး( ရုပ်/သံ)

"ဒီကောင်တွေက ပခုက္ကူဘက်ကအင်အားတွေခေါ်ပြီး ရေစကြိုမြို့ပေါ်မှာ တိုးချဲ့ထားတာ။ လွန်ခဲ့တဲ့ ၃ ရက်က ပြည်သူအိမ်တွေဖျက်ဆီးတာ‌တွေလည်းရှိတယ်။ ဒါကြောင့်မလို့ ကျနော်တို့ဘက်က သတိပေးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ"

မြိုင် စက်မှု ၂ က ထွက်လာတဲ့ စစ်အုပ်စု ပစ်ခတ်ခံရ

"စက်မှု ၂ ကနေ သရက်ကွရွာကို ပြန်တာ၊ သရက်ကွရွာနဲ့ စက်မှု ၂ ဆိုရင် ၂ မိုင်ခွဲ ၃ မိုင်လောက်ဝေးတယ်၊ လမ်းတလျှောက်လုံးမှာလည်း ကင်းပုန်းတွေချထားတာ၊ ကင်းပုန်းဝပ်တဲ့နေရာကနေ ကျ‌နော်တို့ဝင်ပစ်တာ၊ ကားကတော့စောင်းသွားတယ်၊ ထိခိုက်သေဆုံးမှုလည်းရှိနိုင်ပါတယ်၊ အတိအကျတော့ မသိရသေးဘူး"

ကိုယ်တိုင်ထုတ် ၄၀ မမဗုံးသီး စမ်းသပ်ပစ်ခတ်ချိန် ပြောင်းကွဲလို့ ရဲဘော်တဦး ဒဏ်ရာရ (ရုပ်/သံ)

"ကျနော်တို့ ထုတ်လုပ်တာက ကြာပါပြီ။ ၄၀ မမ တလုံးကို ၃ သိန်းဖြစ်နေတော့ ကိုယ်တိုင်ထုတ်လုပ်ပြီး စမ်းသပ်ခဲ့တာပါ။ ထုတ်လုပ်မှုကတော့ အောင်မြင်ခဲ့တယ်။ စမ်းသပ်ပစ်ခတ်တဲ့အခါမှာ ပြောင်းထဲမှာပေါက်ကွဲပြီး ရဲဘော် နိုင်တီတူးရဲ့ ညာဘက်မျက်နှာတခြမ်း စုပ်ပြဲပြီး ညာဘက်လက် ကျိုးသွားတယ်"

ပွေးကျစ်ရဲစခန်း တိုက်ခိုက်ခံရလို့ ရဲ ၂ ဦးသေဆုံးပြီး သေနတ် ၁၀ လက်နဲ့ခဲယမ်းတွေရရှိ (ရုပ်/သံ)

“ သူတို့အင်အားကတော့ စကောက်သတင်းပေးချက်အရ အစကတော့ စခန်းမှာ ၁၃ ယောက်ရှိတာ။ ၈ ယောက်က တရာရုံးကိုသွားတဲ့အချိန် အလစ်အငိုက်ဝင်တိုက်ခဲ့တယ်။ သူတို့ဘက်ကဘာမှ ပြန်လည်ခု ခံနိုင်ခြင်းမရှိဘူးပေါ့။ ** ၂ ကောင်သေပြီး တပ်ကြပ်ကြီးက ဒဏ်ရာရတယ်၊ ၂ ယောက်ကတော့ ထွက်ပြေးသွားတယ်”

စစ်တပ်က တပ်စွဲထားတဲ့ ရွာကို လက်နက်ကြီးအချက် ၁၀၀ ကျော် ပစ်ခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင် (ရုပ်/သံ)

"အဲ့လို ပစ်ခတ်တိုက်ခိုက်တာမှာ ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ အတိအကျမသိရတာက အရင်တုန်းက ရှိနေတဲ့ ဖရဲသီးတွေ အခုမရှိတော့လို့ပါ။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တဲ့အပြင် ကာဘိုင်နဲ့လည်း ပစ်တယ်"

"အသက်လု ရှင်သန်နေရသော တပိုင်တနိုင်လုပ်ငန်းများ"

ရင်းနှီးမြုပ်နှံမှုများစွာပြုလုပ်နိုင်တဲ့ လုပ်ငန်းရှင်ကြီးတွေက လူနည်းစုဖြစ်ပေမယ့် သူတို့ရဲ့အကျိုးအမြတ်က အလွန်များပြားနေတာတွေ့ရပြီး မြန်မာနိုင်ငံရဲ့ စီးပွါးရေးကဏ္ဍမှာ အလွန်းအရေးပါပြီး အရေအတွက်အလွန်များပြားလှတဲ့ SME နဲ့ MSMEs လို့ခေါ်ကြတဲ့ အရင်းအနှီးအနည်းငယ်မျှနဲ့ တပိုင်တနိုင် ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းလေးတွေကတော့ အသက်လုရှင်သန်နေရတာ တွေ့ရပါတယ်

မုံရွာ ကညနရုံး နဲ့ စိုက်ပျိုးရေးရုံးရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"တိုက်ပွဲချိန် ၁၅ မိနစ်ကြာပါတယ်၊ ကညန ရုံးထဲက စစ်ကောင်စီတပ်သားတွေက စပစ်တာ၊ အဖွဲ့တွေခွဲပြီး တပြိုင်ထဲတိုက်ခိုက်ခဲ့တာ၊ ဒီနေ့မနက် ကြားရတာက စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း အသေအပျောက်ရှိပြီး ဒဏ်ရာရတာလည်း များပါတယ်၊ မဟာမိတ်ဘက်က ရဲဘော် ၄ ဦး မစိုးရိမ်ရဒဏ်ရာရတယ်"

လှတောရဲစခန်း တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး ဟုဆို (ရုပ်/သံ)

"ညနေပိုင်း အပြန်အလှန်ပစ်ခတ်နေချိန်မှာ မုံရွာ နမခ က လေယာဉ်နဲ့ ပစ်တာကြောင့်ပြန်ဆုတ်လာခဲ့တာ၊ ၅ ယောက်သေဆုံးပြီး ၂ ယောက်အပြင်းအထန် ဒဏ်ရာရတယ်၊ အဲဒါလည်း ကျနော်တို့ ဒရုန်းနဲ့ကြည့်လို့ သိရတာပါ"

ပေါက်မှာ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့ဗုံးချခံရလို့ ၁ ဦးသေ ၁ ဦးဒဏ်ရာရ( ရုပ်/သံ)

ဧပြီလ ၂၈ ရက် ညနေပိုင်းမှာ အင်အား ၁၃၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒရုန်းသီးတွေဟာ စစ်ကြောင်းကြားထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်

တပတ်အတွင်း မြေလတ်သတင်း(ရုပ်သံ)

- သာယာဝတီမြို့ NLD ပါတီရုံးကို စစ်အုပ်စုက ဝင်ရောက်ဖျက်စီး - ပဇီကြီးစစ်ရှောင်တွေ ဆေးဝါးအကူညီလိုအပ်နေပြီး စစ်ကြောင်းကိုရှောင်ရင်း မြွေကိုက်ခံရလို့ ၁ ဦးသေဆုံး - ဝက်လက်ကရွာတွေကို စစ်တပ်က မီးရှို့၊ ဒေသခံသောင်းချီ ထွက်ပြေးနေရ - မုံရွာ ကညနရုံး တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး - ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄ ဦးမှာ ကင်ဆာရောဂါသည် သက်ကြီးအမျိုးသမီးလည်း ပါဝင် - စစ်ကောင်စီစခန်း ၄ ခု တပြိုင်တည်းတိုက်ခိုက်ပြီး စခန်း ၂ ခုကို ဖျက်ဆီးနိုင်ခဲ့ - တန့်ဆည်က စစ်အုပ်စုစခန်း စီးနင်းခံရပြီး စစ်သားနဲ့ပျူ ၂၀ ခန့်သေဆုံးကာ လက်နက်အချို့လည်း သိမ်းခံလိုက်ရ - ထီးချိုင့်မှာ ၃ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုများလို့ လေယာဥ် ၃ စီးနဲ့ ဗုံးကြဲ - ပုလဲမှာ စစ်တပ်ကမီးရှို့တဲ့ရွာကို မြို့နယ် ပအဖ က ငွေ ၂၇ သိန်းနဲ့ စားနပ်ရိက္ခာထောက်ပံ့ - ကနီမှာ ရေပြတ်သွားတဲ့ ရွာကို PDF တွေစုပေါင်းရေလှူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10