စစ်သားနဲ့ ပျူတွေပါတဲ့ ကား ၂ စီး တိုက်ခိုက်ခံရလို့ ၁၀ ဦး သေဆုံးပြီး ကား ၁ စီးနဲ့ လက်နက်အချို့ PDF ရရှိ

စစ်သားနဲ့ ပျူတွေပါတဲ့ ကား ၂ စီး တိုက်ခိုက်ခံရလို့ ၁၀ ဦး သေဆုံးပြီး ကား ၁ စီးနဲ့ လက်နက်အချို့ PDF ရရှိ

မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ကားလမ်းပေါ်မှာ စစ်သားနဲ့ ပျူတွေစီးလာတဲ့ ကား ၂ စီးကို PDF တွေက တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ကားတစီးနဲ့ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကား ၂ စီးဟာ ရေစကြိုမြို့နယ်မှာရှိတဲ့ ခလရ ၂၅၇ က ပြန်လာတဲ့ အင်အား ၁၄ ဦးပါတဲ့ ကား၂ စီးဖြစ်ကာ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းက ပခုက္ကူ - ရေစကြိုလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"အင်အား ၁၄ ယောက်ကို ၁ ယောက် လွတ်သွားပြီးတော့ ၁၃ ယောက်မှာ ၁၀ ယောက် သေပြီး ၃ ယောက်ကတော့ ထိခိုက်ဒဏ်ရာရတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်" လို့ ပြောပါတယ်။

ပစ်ခတ်ချိန် ၅ မိနစ် နီးပါးသာ ကြာမြင့်ခဲ့ကာ Super Custom ကားတစီး ကျန်နေခဲ့ပြီး ဒဏ်ရာရ ၃ ယောက်နဲ့ နောက်ထပ်ကားတစီးဖြစ်တဲ့ CR-V ကားမောင်းသူတို့ လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ ဟင်္သာကျေးရွာက ပျူစောထီးခေါင်းဆောင်ဆိုတဲ့ အောင်နိုင်မိုးနဲ့  တပ်မ ၁၀၁၊ ခလရ ၂၅၈ စစ်သား ၁၀ ဦး သေဆုံးခဲ့သလို ဒဏ်ရာတွေနဲ့ လွတ်သွားတဲ့ ၃ ဦးကိုတော့ ပခုက္ကူဆေးရုံမှာ ဆေးကုနေတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10