အောင်ကောင်းလင်း

မုံရွာ - မန္တလေး လမ်းပေါ်က စစ်အုပ်စုတပ်စွဲနေတဲ့ နတ်ရေကန်စခန်း ဒရုန်းနဲ့ဗုံးကြဲခံရလို့  ၃ ဦးသေဆုံး (ရုပ်/သံ)

ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ - မန္တလေးအဝေးပြေးလမ်းပေါ်က စစ်ကောင်စီအထိုင်ချထားတဲ့ နတ်ရေကန်အထိုင်စခန်းကို PDF ပူပေါင်းအဖွဲ့က သြဂုတ် ၁ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ မုံရွာ အမှတ် ၈ တပ်ရင်းဆီက သိရပါတယ်။

21 BAGAN-PDF ရဲ့ အပတ်စဥ် ၂ သင်တန်းဆင်းပွဲ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ်တနေရာမှာ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ခွဲ - ၃၊ 21 BAGAN - People Defense Force တပ်ဖွဲ့ရဲ့ အပတ်စဥ် ၂ စစ်သင်တန်းဆင်းပွဲကို သြဂုတ် ၁ ရက်ကပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

မြင်းခြံမြို့ရှိ ခမရ ၁၅ ကို PDF က ၄၀ မမနဲ့ပစ်ခတ်လို့ စစ်ကောင်စီတပ်သားတဦး သေဆုံးဟုဆို

“တယောက်သေတယ်၊ ဒီနေ့ သင်္ဂြိုဟ်တယ်လို့ ကျနော်တို့ခိုင်လုံတဲ့သတင်းက ရတယ်”

21 BAGAN-PDF ရဲ့ အပတ်စဥ် ၂ သင်တန်းဆင်းပွဲ (Photo News)

မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ်တနေရာမှာ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ခွဲ - ၃၊ 21 BAGAN - People Defense Force တပ်ဖွဲ့ရဲ့ အပတ်စဥ် ၂ စစ်သင်တန်းဆင်းပွဲကို သြဂုတ် ၁ ရက်ကပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ဆားလင်းကြီးနယ်က ရေဘေးသင့်အိမ်ထောင်စု ၃၀၀ ကျော်ကို ငွေထောက်ပံ့

“ခုတော့ ရေပြန်ကျနေပါပြီ။ ပြန်လည်ထူထောင်ရေးအနေနဲ့လည်း ပါပါတယ်။ လက်ရှိက အလုပ်လက်မဲ့ များနေတော့ သူတို့အတွက်တတ်အားသ၍ အကူအညီရဖို့ရည်ရွယ်ပြီး အလှူရှင်နဲ့ချိတ်ဆက် လှူပေးတာပါ"

ဝက်လက်နယ်မှာ လူထုဟောပြောပွဲလုပ်ပြီး တော်လှန်ရုပ်ရှင်ပြသ (Photo News)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတရွာမှာ ဇူလိုင် ၃၀ ရက် ညပိုင်းက ဒေသခံတွေနဲ့ လူထုဟောပြောပွဲပြုလုပ်ပြီး တော်လှန်ရုပ်ရှင်ပြသပေးခဲ့တယ်လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူက ပြောပါတယ်။

ညောင်ပင်ကြီးရဲကင်းဂိတ်ကို PDF တွေ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၆ ဦးသေပြီး သေနတ် ၄ လက်နဲ့ ကျည်တချို့ရရှိ

"ကားနဲ့ ဝင်ပစ်တာ မျက်မြင် ၆ ယောက်သေတယ်။ ၂ ယောက်က ထွက်ပြေးသွားတယ်။ သေနတ် ၄ လက်နဲ့ ကျည် ၁၀၀ ကျော်ရလိုက်တယ်။”

ပုလဲမြို့နယ်တွင်းက ကျွန်းသစ် ခိုးထုတ်သူတွေကို ဖမ်းမိ (ရုပ်/သံ)

သစ်ခိုးသမားတွေကို အဖွဲ့က ဝင်ရောက်ဖမ်းဆီးချိန်မှာ သစ်ခိုးထုတ်နေသူ ၃ ဦးနဲ့ နွား ၂ ကောင်အပါ ခုတ်လက်စ ကျွန်းသစ် ၁ တန်နီးပါကို ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေနဲ့ ပစ္စည်းတွေကို ပုလဲမြို့နယ် ပကဖ၊ ပအဖတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။

စစ်ရှောင်ရင်း ရေဘေးထပ်သင့်တဲ့ ဆားလင်းကြီးဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေး

" စစ်ရှောင်နေတဲ့ ပြည်သူတွေ ခုရေဘေးပါထပ်ဖြစ်လို့ ဆေးဝါးကုသပေးနေတာပေါ့။ မနေ့က လူနာ ၁၂၀ လောက်ဆေးကုသဖြစ်ပါတယ် " လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ ၁ တပ်ခွဲ ၂ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကပစ ၁၆ လက်နက်ထုတ်လုပ်ရေးတပ်က စစ်သားတဦး နေအိမ်လိုင်းခန်းမှာ ကြိုးဆွဲချသေဆုံး

"တာဝန်နဲ့ လုံခြုံရေးကိစ္စ စိတ်ဖိစီးမှုတွေ အရမ်းများနေလို့ ဖြစ်လိမ့်မယ်။ ည(မနက်) ၂ နာရီ လုံခြုံရေးကအပြန် အရက်သောက်ပြီး မိန်းမနဲ့ စကားများပြီးဖြစ်တာ။ အလုပ်ကအဆင်မပြေတော့ မထူးဇာတ်ခင်းသွားတာဖြစ်မယ်။ လူသားကိုယ်ချင်းစာစိတ်နဲ့တွေးရင် စိတ်မကောင်းဘူး"

BLDF က ကျဆုံးရဲဘော်တွေအတွက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီနယ်အခြေစိုက်၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၊ စစ်ဒေသ ၁၊ တော်လှန်ကြယ်နီတပ်ခွဲ - BLDF တပ်ဖွဲ့မှ ကျဆုံးရဲဘော်တွေအတွက် အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။

ပဲခူးမြစ်ရေ ဆက်တက်နေလို့ ယာယီရေဘေးရှောင်စခန်း ၁၂ ခုထိ ဖွင့်ထားရ

"ပရဟိတသမားတွေနဲ့ အုပ်ချုပ်ရေးမှူးပေါင်းပြီး ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်ထားလိုက်တာပါ။ စခန်းတခုကို လူဦးရေ ၁၅၀ လောက်ရှိမယ်။ ခုနေထိ ပဲခူးမြို့ပေါ်မှာတင် ၁၂ ခုရှိပါပြီ။ ရေက ဆက်တက်နေတယ်။"

BLDF က ကျဆုံးရဲဘော်တွေအတွက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

"စခန်းကို စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်သုံးပြီး ၀င်စီးတဲ့အခါ လက်လုပ်တူမီးတွေနဲ့ ခုခံရင်း ကျဆုံးခဲ့ရတာပါ။ အဲဒီနေ့ကို အောက်မေ့သတိတရနဲ့ ဂုဏ်ပြုတဲ့သဘော ပြုလုပ်ခဲ့တာပါ”

မြင်းခြံနယ်က ရေဘေးသင့်အိမ်ထောင်စု ၉၀ ကျော်ကို ရိက္ခာထောက်ပံ့ (Photo News)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းက ရေဘေးသင့်အိမ်ထောင်စုတွေကို ဇူလိုင် ၂၇ ရက် ဒီမနက်ပိုင်းမှာ ရိက္ခာထောက်ပံ့ခဲ့တယ်လို့ Youths for Community - YfC အဖွဲ့ဆီက သိရပါတယ်။

ပဲခူးမှာ ရေကြီးရေလျှံမှု စတင်ဖြစ်ပွား၊ ဒေသခံ ၂၀၀၀ ကျော် ပြောင်းရွှေ့နေရ

" ရေကြီးလို့ အနိမ့်ပိုင်းတွေကသူတွေက ပြောင်းနေရပြီ။ ရေဘေးကယ်ဆယ်ရေးစခန်းနေရာက သတ်မှတ်ဖွင့်ထားတာ မရှိသေးဘူး။ ကယ်ဆယ်ရေးစခန်းဖွင့်ဖို့ အစည်းအဝေးလုပ်နေတုန်းလို့ သိရတယ်။ ပြောင်းလာတဲ့သူတွေက နေစရာမရှိဖြစ်နေတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10