အောင်ကောင်းလင်း

ဆိပ်ဖြူန​ယ်က ကပစ ၂၂ လက်နက်စက်ရုံကို PDF ကလက်နက်ကြီးနဲ့ပစ်ခတ်

"အရာရှိလိုင်းခန်းနဲ့ လက်နက်ကြီးအထိုင်ကုန်းကို ပစ်မှတ်ထားပြီး အနီးကပ် ပစ်ခတ်ခဲ့ပါတယ်။ ကျနော်တို့ အတွင်းသတင်းအရ အခြားအဆင့် နှစ်ဦးသေတယ်”

ကဝနယ်ထဲက ခမဲပြင်ဘုရားပွဲလာတဲ့သူတွေကို စစ်ကောင်စီက ငွေကြေးကောက်ခံ

အရင်နှစ်တွေက ခမဲပြင်ဘုရားပွဲကို ကျင်းပရာမှာ ပွဲလာရောက်သူတွေအနေနဲ့ ပိုက်ဆံပေးရတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခုကောက်ခံထားတဲ့ပိုက်ဆံတွေကိုလည်း စစ်ကောင်စီနဲ့ ပျူစောထီးတွေက ကိုယ့်ကျိုးအတွက် အသုံးပြုနေကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မြိုင်နဲ့ပေါက်နယ်က Local PDF ၄ ဖွဲ့ပေါင်းကာ အညာမြေတပ်ပေါင်းစုဖွဲ့စည်း၊ NUG မူဝါဒတွေအတိုင်း ရှေ့ဆက်သွားမယ်လို့ဆို (ရုပ်/သံ)

ဒေသတွင်း Local PDF တွေဖြစ်တဲ့ Myaing Underground Defence Force-MUGDF၊ James Bond၊ သစ္စာဒေါင်းနီ - TSDNGF နဲ့ ဇာမဏီတပ်ဖွဲ့တို့ ပူးပေါင်းကာ အညာမြေတပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်တာဖြစ်ပြီး တပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်၊ မူဝါဒတွေက NUG ရဲ့ မူဝါဒသဘောထားအတိုင်း ရှေ့ဆက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြိုင်နဲ့ပေါက်နယ်က Local PDF ၄ ဖွဲ့ပေါင်းကာ အညာမြေတပ်ပေါင်းစုဖွဲ့စည်း၊ NUG မူဝါဒတွေအတိုင်း ရှေ့ဆက်သွားမယ်လို့ဆို

"ရှေ့ဆက်ပြီးလည်း ဒီထက်ကောင်းမွန်၊ ခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်အောင် တည်ထောင်သွားမှာပါ။ ကျနော်တို့ Local PDF တွေ အချင်းချင်းကြားမှာလည်း ဒီထက်ပိုပြီးညီညွတ်အောင် ကြိုးစားသွားမှာပါ။ ရည်ရွယ်ချက်တွေ၊ မူဝါဒတွေကလည်း NUG လက်အောက်ခံမဟုတ်ပေမဲ့ NUG မူဝါဒသဘောထားအတိုင်း ရှေ့ဆက်သွားနေမှာ”

ကြေးနီသယ်ကားတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီဂိတ် Drone နဲ့တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိ (ရုပ်/သံ)

မြင်းမူမြို့နဲ့ ချောင်းဦးမြို့ကြား မန္တလေး-မုံရွာ လမ်းပေါ်မှာရှိတဲ့ ကျော် ဆီဆိုင်နဲ့ Max ဆီဆိုင်တို့မှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၁၉ ရက် ညနေ ၅ နာရီခန့်မှာ PDF ပူပေါင်းတပ်ဖွဲ့တွေက Shar Htoo Waw နည်းပညာ Fixed Wings Drone ၃ စီးနဲ့ drop bomb ၁၂ လုံး ကြဲချခဲ့တာလို့ဆိုပါတယ်။

ဇရက်ကြီးရွာမှာ စစ်ကောင်စီနဲ့ PDF ၄ ရက်ဆက်တိုက်ပွဲအတွင်း စစ်အုပ်စု သေဆုံးသူများပြား (ရုပ်/သံ)

တောင်သာနယ်ထဲက ဇရက်ကြီးကျေးရွာကို စစ်ကောင်စီတပ်းသား ၁၅၀ ခန့်က ဇူလိုင် ၁၄ ရက် ညပိုင်းမှာ စတင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၁၅ ရက် ညပိုင်းမှာ တကြိမ်၊ ၁၆ ရက်၊ ၁၇ရက်နဲ့ ၁၈ ရက်မှာ တကြိမ် ထိတွေ့တိုက်ပွဲ ၄ ရက်ဆက် ဖြစ်ပွားခဲ့တယ်လို့ တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

သေနတ်ပစ်သင်တန်းသားတွေနဲ့ ရှေ့တန်းရဲဘော်တွေကို ထောက်ပံ့ပေးနိုင်ခဲ့တဲ့ ကျည် ၅၀၀၀ ကမ်ပိန်း (ရုပ်/သံ)

အဲဒီကမ်ပိန်းကို ဇွန် ၅ ရက်ကနေ ဇူလိုင် ၅ ရက်အထိ ၁ လကြာပြုလုပ်ခဲ့တာဖြစ်ပြီး လျာထားချက်မပြည့်မီလို့ ဇူလိုင် ၁၉ ရက်အထိ ထပ်မံပြုလုပ်ခဲ့ရာမှာ ကမ်ပိန်းလျာထားချက်ပြည့်မီခဲ့တာဖြစ်ပြီး အခုလို ထောက်ပံ့နိုင်ခဲ့တာလို့ Kawa People Defense Force-KAWA PDF က တာဝန်ခံက ပြောပါတယ်။

မြစ်ခြေက ပျူစောထီးစခန်းတိုက်ခိုက်မှု ၅ ဦးသေဆုံးကာ စစ်သား ၃ ဦးအပါ ၁၀ ဦး အရှင်ဖမ်းဆီးမိပြီး သေနတ် ၁၁ လက်ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြစ်ခြေမြို့နယ်ရှိ ပျူစောထီးစခန်းအထိုင်ချထားတဲ့ကျေးရွာကို ဇူလိုင် ၁၇ရက် မနက် ၅ နာရီကျော်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၅ ဦးသေဆုံးကာ စစ်သား ၃ ဦးအပါအဝင် စစ်သုံ့ပန်း ၁၀ ဦးအရှင်ဖမ်းဆီးမိပြီး သေနတ် ၁၁ လက်ရရှိခဲ့တယ်လို့ ABSDF စစ်ကြောင်း ၃ ဆီက သိရပါတယ်။

မိုင်းလိုအပ်ချက်ရှိတဲ့အဖွဲ့အစည်းတွေကို Monywa Dynamite - Special Task Force က ထောက်ပံမည်ဟုဆို

" စကစနဲ့ သူ့လက်အောက်ခံအပေါင်းအပါ ထောက်တိုင်တွေရဲ့ စစ်ကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ အရေးပေါ် မိုင်းတိုက်ခိုက်ရေးလုပ်ဆောင်ဖို့ လိုအပ်ချက်ရှိနေတဲ့ အဖွဲ့အစည်းတွေအတွက် မိုင်းထောက်ပံ့ပေးနိုင်ဖို့ပါ”

ပြောင်းအထွက်တိုးပြီး ဈေးပိုရလို့ ပန်းတောင်းမြို့နယ်က ပြောင်းစိုက်တောင်သူတွေ အမြတ်ကျန်ဟုဆို

ပန်းတောင်း၊ ထုံးဘို၊ ဥသျှစ်ပင်ဒေသမှာ ဇူလိုင်လအတွင်း စားပြောင်းပေါ်ပြီဖြစ်ရာ အခုနှစ်မှာ ဈေးကောင်းရသလို ပြောင်းလည်းအထွက်တိုးတာကြောင့် ပြောင်းစိုက်တောင်သူတွေ အမြတ်ကျန်ကြတယ်လို့ ပြောင်းစိုက် တောင်သူတွေက ပြောပါတယ်။

မြစ်မခမြစ်ရေတက်လာလို့ လက်ပံတန်းကကျေးရွာတချို့မှာ ကမ်းပါးပြိုပြီး ရေကာတာကျိုးမယ့်အခြေအနေ ရင်ဆိုင်နေရ

"မြစ်ကမ်းပါး ပြိုကျတယ်။ တာခြေနဲ့ အရမ်းနီးကပ်နေပြီလေ။ ဒီအတိုင်းဆို ရေကာတာကျိုးပေါက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာ။”

ပန်းတောင်းနယ်မှာ စစ်တပ်က လိုင်းကြေးယူပြီး ကျွန်းနဲ့သစ်မာတွေ ခိုးထုတ်ခွင့်ပြုထား

" ခုလိုမိုးအခါမှာတော့ သရဲတန်းချောင်းဖျားကနေ သစ်ဖောင်နဲ့ ခိုးထုတ်တယ်။ နွေဆိုရင်တော့ ကားတွေ တက်လို့ရတယ်။ ဖောကားပေါ့၊ အဲဒါမျိုး ထုတ်နေကြတာ။ ပထမတုန်းက ခုလောက်များများ မထုတ်ရဲဘူးလေ။ အဖမ်းအစီးကရှိတယ်။ ခုက စစ်တပ်နဲ့ ရဲ၊ သစ်တော ပေးရနေတော့ ပေါ်ပေါ်တင်တင်ပဲလုပ်နေကြတာ"

နတ်မောက်မြို့နယ်အတွင်း မိုးခေါင်လို့ နှမ်းခင်းတွေပျက်စီး

"မကွေးအရှေ့ဘက်ခြမ်းက အကုန်နီးပါးပဲ။ ခန့်မှန်ဧက သောင်းကျော်မယ်။ ပထမပိုင်းတော့ မိုးကရွာတယ်လေ။ နှမ်းတွေ အပွင့်ကပ်၊ အပင်လုပ်မဲ့အချိန်ရောက်မှ မိုးက ပြတ်တာ၊ လေမိုးခေါင်တာပေါ့။ အခုတော့ နှမ်းစိုက်တောင်သူတွေ အကုန်အခက်အခဲတွေ့ကုန်ပြီပေါ့။"

ချောင်းဦးမှာ ကြေးနီကားတွေကို လုံခြုံရေးပေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းရှိ ခင်မွန်ရွာ ဘက်စုံခြံအနီးမှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10