အောင်ကောင်းလင်း

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က ရဲဘော်မဟောက် ကျဆုံးခြင်းတလပြည့် အခမ်းအနားပြုလုပ် (ရုပ်/သံ)

ရဲဘော်​မဟောက်ဟာ မြိုင်နယ်ထဲက ကိုင်းတောမရဲစခန်းနဲ့ ရေစက်အထိုင်စခန်းတို့ကို ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့မှာ တော်လှန်ရေးပူပေါင်းအဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့စဥ် ကျဆုံးခဲ့တာဖြစ်ပါတယ်။ ရဲဘော်မဟောက်ရဲ့ဈာပနကို သြဂုတ် ၆ရက်မနက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က သေဆုံးခဲ့တဲ့ ရဲဘော်သန်းထိုက်ရဲ့ စျာပန

ရဲဘော်သန်းထိုက်ဟာ ပြီးခဲ့တဲ့သြဂုတ်လ ၂၇ ရက်က အရာတော်မြို့နယ်၊ အိုင်သာကျေးရွာနဲ့ ထန်းတောကျေးရွာကြားမှာ မြေပဲခင်းထဲမှာ ဦးနှောက်သေနတ်မှန်ဒဏ်ရာနဲ့သေဆုံးခဲ့တာကို ဒေသခံတွေကတွေ့ရှိခဲ့တာပါ။

ယင်းမာပင်နယ်က PDF ရဲဘော်တွေကို ယူနီဖောင်းထောက်ပံ့ (Photo News)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၉ မှ ရဲဘော်တွေအတွက် ပထမဆုံးအကြိမ်ယူနီဖောင်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

ပဲခူးနယ်၊ ဝင်္ဂဘော် ECBT ဆင်စခန်းမှာ ဆင်အမွှာပူးမွေးဖွား

"ဒီဆင်စခန်းမှာ ဒါပထမဆုံး မွေးတာပေါ့နော်။ အထီးတကောင် အမတကောင်ပါ"

မင်းတုန်းမြို့နယ် ပကဖ သင်တန်းဆင်းပွဲကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

သင်တန်းဆင်းပွဲကို မင်းတုန်းမြို့နယ်တနေရာမှာ သြဂုတ် ၂၈ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး နံနက်၉ နာရီမှာ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်ပြီးနောက် နာရီဝက်အကြာမှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာပါ။ ဗုံးကြဲတိုက်ခိုက်ခံရပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဆိုပါတယ်။

ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ဒုတပ်ရင်းမှူးဈာပနကို မွေးရပ်မြေမှာပြုလုပ် (Photo News)

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက ဒုတပ်ရင်းမှူးတဦးရဲ့ ဈာပနကို သူ့မွေးရပ်မြေ စစ်ကိုင်းတိုင်းထဲကကျေးရွာတရွာမှာ သြဂုတ် ၂၈ ရက်က ပြုလုပ်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း တပ်ထောက်တာဝန်ခံ ကိုနေမျိုးက ပြောပါတယ်။

ဝက်လက်မြို့နယ်တွင်းက အထက်တန်းအဆင့်ကျောင်းတွေမှာ စာဖတ်ဝိုင်းတွေ ပြုလုပ်နေ

လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအနေနဲ့ ဩဂုတ် ၁၇ ရက်မှာ အထက်တန်းကျောင်းတကျောင်းမှာ စာဖတ်ဝိုင်းလုပ်ခဲ့ပြီး နောက်ထပ်တကျောင်းကို ဩဂုတ်လ နောက်ဆုံးပတ်ထဲမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ် တိုက်နယ်၂ ပကဖ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ် (ရုပ်/သံ)

သင်တန်းမှာ အခြေခံစစ်ပညာကို အဓိကထားသင်ကြားပေးခဲ့ကာ သင်တန်းသား ၂၀ ဦးကို မွမ်းမံသင်တန်းပေးနိုင်ခဲ့ပြီး သင်တန်းဆင်းချိန်မှာတော့ ရဲဘော် ၃ ဦးမှာ ကျန်းမာရေးမကောင်းတာကြောင့် ၁၇ ဦးသာ သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ တာဝန်ခံ ကိုအာမိုက ပြောပါတယ်။

ဆားလင်းကြီးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကျောင်းသူ ၁ ဦးအပါ အမျိုးသမီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

" ပစ်တာကတော့ သူတို့စစ်ကြောင်းမထိုးဘဲနဲ့ လက်နက်ကြီးတွေနဲ့ပစ်နေတာပါ။ မုံရွာဘက်ခြမ်းကနေပစ်တာ ညောင်ပင်သာဂိတ်စခန်း၊ မအူဂိတ်စခန်းတို့ကနေ လှမ်းလှမ်းပစ်နေကြတာ။"

အရေးနိမ့်ဆုတ်ခွါသွားတဲ့ စစ်ကောင်စီတပ်က ပြည်သူပိုင်နေအိမ်ပစ္စည်းတွေကို ဖျက်ဆီးပြီး ကားနဲ့ဆိုင်ကယ်တွေ ယူသွား (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဝန်လိုနဲ့ ခိုနန်းကျေးရွာတွေကို သြဂုတ် ၁၇ ရက်က ဆင်ဖြူကျွန်း ခလရ ၂၅၅၊ ပွင့်ဖြူမြို့နယ် ဝါတပ်ရင်းနဲ့ ပျူစောထီးစုပေါင်းအင်အား ၈၀ ကျော်တို့က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီး ယူဆောင်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

မင်းဘူးနယ်မှာ ထိတွေ့တိုက်ပွဲ ၂ ရက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးနယ်ထဲမှာ စစ်ကောင်စီတပ်သားတွေအပါ ပျူစောထီးတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ၂ ရက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။

ညောင်ဂျစ်ပင် ပြည်သူစစ်ခေါင်းဆောင်အိမ်နဲ့ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူ - ကမ္မ လမ်းပေါ်ရှိ ညောင်ဂျစ်ပင်စစ်ဆေးဂိတ်နဲ့ အဲဒီရွာက ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်တို့ကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်မှာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တန်ဆည်မြို့မရဲစခန်းက ရဲဒုတပ်ကြပ်တဦး လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်

FRF နဲ့ မင်းကင်းတပ်ရင်း ၂ ပူးပေါင်းတပ်ဖွဲ့ဆီ အလင်းဝင်လာခဲ့တာဖြစ်ပြီး G3 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ 7.62 ကျည် ၁၇၃ တောင့်၊ 5.56 ကျည် ၁ တောင့်၊ 9 mm ပစ်စတိုကျည် ၇ တောင့်၊ ၉ လုံးရှော့ဂန်းကျည် ၁ တောင့်၊ လက်ပစ်ဗုံး ၁လုံး၊ လက်ထိပ် ၁ ခုလည်း သူနဲ့အတူပါလာတယ်လို့လည်း ဆိုပါတယ်။

မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးလမ်းပိုင်းတွေမှာ တိုက်ပွဲဖြစ်နိုင်လို့ သတိနဲ့ခရီးသွားဖို့ PDF ပြော

" အခုကာလက Operation(စစ်ဆင်ရေး)ကာလ ဖြစ်တယ်။ ပြည်သူတွေအချို့က အသွားအလာကန့်သတ်ရင် သိပ်ပြီး မလိုက်နာကြဘူး။ အဲဒါကြောင့် သတိပေးချက် ထုတ်ပြန်ရတာပါ။ ကျနော်တို့ပြောတဲ့ နေရာတွေမှာ အချိန်မရွေး တိုက်ပွဲက ဖြစ်ပေါ်နိုင်တယ်"

ရပ်ကျေးမွမ်းမံသင်တန်း အပတ်စဥ် ၁ သင်တန်းဆင်းပွဲ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းမှာပြုလုပ် (ရုပ်/သံ)

သင်တန်းကာလဟာ ဇူလိုင် ၁၂ ရက်ကနေ ဩဂုတ် ၁၂ ရက်အထိ ၁ လကြာမြင့်ပြီး ပခုက္ကူခရိုင်၊ ရပ်ရွာပေါင်းစုံမှာရှိတဲ့ လူငယ်တွေကိုစုဖွဲ့ပြီး ပြုလုပ်ခဲ့တာလို့ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10