အောင်ကောင်းလင်း

စစ်သင်တန်းပေးရင်း ရဲဘော်တွေအချင်းချင်း လက်ဝှေ့ထိုးယှဥ်ပြိုင်လေ့ကျင့် (ရုပ်/သံ)

တောင်ငူခရိုင်နဲ့ နေပြည်တော်ကြား စစ်တောင်းမြစ်အရှေ့ကမ်းပေါ်က ရှေ့တန်းတနေရာမှာရှိနေတဲ့ နေပြည်တော် PDF တပ်ရင်းအမှတ် ၉၀၁ နဲ့ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်) စခန်းတနေရာမှာ စစ်ရေးနားချိန် စစ်သင်တန်းပေးရင်း ရဲဘော်တွေအချင်းချင်း လက်ဝှေ့ထိုးယှဥ်ပြိုင်လေ့ကျင့်တာ ပြုလုပ်နေတယ်လို့ နေပြည်တော် PDF တပ်ရင်း ၉၀၁ ဆီက သိရပါတယ်။

ဆားလင်းကြီးက ဒေသခံ ၁၅၀ ကျော်ကို BLDF က ကျန်းမာရေးစောင့်ရှောက်မှုပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာတရွာက ဒေသခံ ၁၅၀ ကျော်ကို သြဂုတ် ၁၀ ရက်မနေ့က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF အဖွဲ့ဆီက သိရပါတယ်။

ဆားလင်းကြီးက ဒေသခံ ၁၅၀ ကျော်ကို BLDF က ကျန်းမာရေးစောင့်ရှောက်မှုပေး

“အသက် ၆၀ လောက် သက်ကြီးတွေများတယ်။ အမျိုးသမီးအများစုပေါ့။ ဒူးနားခါးနားတွေ၊ သွေးတိုး၊ ဆီးချိုတွေ အဖြစ်များနေတယ်။ မနေ့က သွေးပေါင် ၂၄၀ ရှိတဲ့ လူနာတောင်တွေ့ခဲ့ရတယ်။"

ဒီပဲယင်းမြို့နယ်မှာ စစ်ဆေးရေးဂိတ်ပိတ်သိမ်းခံရလို့ဆိုကာ PDF ကို ကျေးရွာခံတချို့ဆန္ဒပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဖုတ္ထန်းတောကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ရွှေဘိုခရိုင်အမှတ် ၁၂ တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက ပိတ်သိမ်းခဲ့တာကြောင့် ကျေးရွာခံတွေက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်မှာ ရပ်/ကျေးပကဖ စစ်ဆေးရေးဂိတ်ပိတ်သိမ်းတဲ့ PDF ကို ကျေးရွာခံတချို့ဆန္ဒပြ

“တာဝန်ကျနေတဲ့ ရဲဘော်တွေရဲ့ i-con တွေ၊ လက်နက်များကို သိမ်းဆည်းတယ်။ အဆောက်အဦနဲ့ ဘန်ကာကို ဖျက်တယ်ပေါ့။ အဲဒီအပေါ်ကို မကျေနပ်လို့ ပြကြတာပါ "

ပေါက်မြို့နယ်က ဘုန်းကြီးကျောင်းကို လေကြောင်းကတိုက်ခိုက်လို့ သံဃာ ၁ ပါးပျံလွန်

"တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အနည်းဆုံး ၅ မိုင်လောက် ဝေးမယ်။ အရပ်သားပစ်မှတ်တွေ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာ၊ ထမင်းစားနေချိန်မှာ လာပစ်သွားတာ"

ABSDF အပါအဝင် အညာကတော်လှန်ရေးအဖွဲ့တွေကျင်းပတဲ့ ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ (ရုပ်/သံ)

ဒီနေ့ကျရောက်တဲ့ ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ အခမ်းအနားကို အညာဒေသက စစ်ကိုင်း၊ မကွေးမှာ ABSDF အပါအဝင် တော်လှန်ရေးအဖွဲ့တွေက နေရာအသီးသီးကနေ ကျင်းပခဲ့ကြပါတယ်။

မြိုင်မြို့နယ်က စစ်ကောင်စီနေရာတွေကို  PDF ပူးပေါင်းအဖွဲ့တွေက စီးနင်းတိုက်ခိုက်နေ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို PDF ပူးပေါင်းအဖွဲ့တွေက ရက်ဆက်ဆိုသလို စီးနင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လေးရက်ကြာ တိုက်ခိုက်ပြီးနောက် မြိုင်၊ ကိုင်းတောမရဲစခန်းကို သိမ်းပိုက်

တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦးသေဆုံးခဲ့သလို စစ်ကောင်စီ ဘက်ကလည်း ၃ ဦးသေဆုံးခဲ့ပါတယ်။

မြိုင်မြို့နယ်ရှိ ကိုင်းတောမရဲစခန်းကို ၄ ရက်မြောက်နေ့မှာ PDF တွေ သိမ်းပိုက်ရရှိ

"သြဂုတ် ၆ ရက်မှာလည်း သရက်ကန်ရွာဘက်ကနေ ကိုင်းတောမရဲစခန်းကို လာတဲ့ ရိက္ခာပို့စစ်ကြောင်းကို လမ်းတဝက်ကနေ ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်"

ဆားလင်းကြီးနယ်မှာပြုလုပ်တဲ့ ၈၈၈၈ နေ့ ထောက်ခံဂုဏ်ပြုပွဲ (Photo News)

"ကျနော်တို့ ရှစ်လေးလုံးကိုထောက်ခံတဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေက တလှိုင်းပြီး တလှိုင်း တိုက်ပွဲတွေဖော်နေတာကို ကျနော်တို့သပိတ်အဖွဲ့တွေကလည်း အမြဲအတူရှိတယ်ဆိုတာကို ပြသတဲ့ အနေနဲ့လုပ်ဖြစ်ခဲ့တာပါ”

ကဝမြို့နယ် ပကဖက အခြေခံစစ်သင်တန်းအပတ်စဉ် ၅ သင်တန်းဆင်းပွဲပြုလုပ် (ရုပ်/သံ)

ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲပြုကို KNU/KNLA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာ သြဂုတ် ၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

ကဝမြို့နယ်ပကဖရဲ့ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

သင်တန်းအတွင်း လက်တွေ့ပစ်ခတ်တာ၊ ပြင်ဆင်ထိန်းသိမ်းတာ ဆက်သွယ်ရေးနည်းပညာ၊ အချက်ပြနည်းပညာ၊ အရေးပေါ် ရှေးဦးသူနာပြု၊ အရေးပေါ်ဆေးဝါး အသုံးပြုပုံ၊ နိုင်ငံရေးသဘောတရား၊ စစ်သည်တော်တို့ရဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့၊ စည်းမျဉ်းစည်းကမ်း၊ စစ်ပွဲဆိုင်ရာ စည်းမျဉ်းတွေ၊ လူအခွင့်အရေးသင်ခန်းစာနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်း လုပ်ငန်းလမ်းညွှန်တွေကိုပါ သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ကိုင်းတောမရဲစခန်းနဲ့ ရေစက်အထိုင်စခန်းသိမ်းတိုက်ပွဲမှာ PDFရဲဘော်၂ဦးကျဆုံး(ရုပ်/သံ)

မြိုင် ကပစ ကို ရေပေးဝေနေတဲ့ အထိုင်စခန်းမှာ စစ်ကောင်စီအင်အား၃၀ခန့်နဲ့ ရဲစခန်းမှာအင်အား ၄၀ ကျော် တပ်စွဲနေတာဖြစ်ပြီး မြိုင်ကပစကို ရေပေးဝေနေတဲ့အထိုင်စခန်းကိုပဲ သိမ်းနိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ပြန်ကြားရေးတာ၀န်ခံ ကိုဘိုဘိုသန့်စင် ကမြေလတ်အသံကို ပြောပါတယ်။

ပေါက်နယ်မြောက်ပိုင်းက စစ်ရှောင် စာသင်ကျောင်း ၂ ကျောင်းအတွက် သင်ထောက်ကူတွေထောက်ပံ့ (ရုပ်/သံ)

သြဂုတ်လ ၅ ရက်က သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ကျောင်း ၂ ကျောင်းမှာရှိတဲ့ KG တန်းကနေ Grade-5 အထိ ကျောင်းသူ/ကျောင်းသား ၂၀၀ ကို ထောက်ပံ့လှူဒါန်းခဲ့တာလို့ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10