စောကျော်ငြိမ်း

စစ်မှုထမ်းဖို့ငြင်းဆန်ပြီး စစ်ကောင်စီကို ပြန်တိုက်ဖို့ ရဲဘော်အသစ် ၅၀ ကျော် MBT အဖွဲ့ဆီရောက်လာ (ရုပ်/သံ)

စစ်ကောင်စီ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကို ငြင်းဆန်ပြီး စစ်ကောင်စီကို ပြန်တိုက်ဖို့ MBT မြင်းခြံတပ်ဖွဲ့ဆီကို ရဲဘော်အသစ်တွေ ရောက်ရှိနေကြပါတယ်။ အများစုက မန္တလေးတိုင်းထဲက ဖြစ်ပါတယ်။

ပဲခူးအရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်တပ်က လေကြောင်းရော လက်နက်ကြီးပါပစ်ခတ်လို့ ဒေသခံ ၅ ဦးသေပြီး ထိခိုက်ပျက်စီးမှုတွေရှိ

"တိုက်ပွဲမရှိဘဲ ပစ်သွားတာဗျ။ နေအိမ်တွေလည်းပျက်စီးတယ်။ ပြည်သူ ၄ ယောက် သေသွားတယ်။ ဒဏ်ရာရတဲ့အထဲက အမျိုးသမီးတယောက် စိုးရိမ်ရတယ်”

တပတ်အတွင်း MBT တပ်ဖွဲ့ဆီ ရဲဘော်သစ် ၅၀ ကျော်ဝင်ရောက်လာ ပြည်သူတွေထောက်ပို့ကြဖို့တိုက်တွန်း

" ရဲဘော်တွေက တအားများလာတယ်။ စားဖို့နဲ့နေဖို့ကို အဓိကထား ရုန်းကန်နေရတယ်။ နေစရာအတွက် အဆောင်သစ်တွေ ဆောက်နေရတယ်။ ပြည်သူတွေရဲ့အခက်အခဲကို သိပါတယ်။ တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ ပြောချင်ပါတယ်"

ရေစကြိုနယ် ဂွေးချိုပျူစောထီးစခန်းကို လက်နက်ကြီးနဲ့ ဝိုင်းဝန်းတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းရှိ ပျူစောထီးတွေအထိုင်ချ နေထိုင်နေတဲ့ ဂွေးချို ပျူစခန်းကို ဖေဖော်ဝါရီ ၁၉ ရက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Southen YSO တပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းက ပျူရွာစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက် (ရုပ်/သံ)

"တိုက်ပွဲက ၁ နာရီကျော်လောက် ကြာတယ်။ စစ်တပ်ဘက်က လက်နက်ကြီးရော လက်နက်ငယ်တွေနဲ့ပါ ပြန်ပစ်တယ်။ ကျနော်တို့ဘက်က ထိခိုက်တာမျိုး မရှိပါဘူး"

မုံရွာရှိ စစ်ဆေးရေးဂိတ်ကို TLWDF တိုက်ခိုက်၊ MA.3 သေနတ် ၂ လက်ရ

မုံရွာမြို့ပေါ် ခမရ (၁၆) တပ်ရင်းနားမှာ ပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်သားတွေကို ပြောက်ကျားစနစ်နဲ့ မနက် ၁၀ နာရီခန့်က တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိပြီး MA.3 အမျိုးစား သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ် လို့ ဆိုပါတယ်။

လက်နက်နဲ့အလင်းဝင်တဲ့ စစ်သားကို ကလေးခရိုင်တပ်ရင်း ၆ က ကျပ်သိန်း ၅၀ ဆုချီးမြှင့်

ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ တပ်ရင်းက အသက် ၂၉ နှစ်အရွယ် တပ်သား လှမျိုးထိုက်ဟာ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ ကျည်ဆံ ၂၄၅ တောင့် လက်ပစ်ဗုံး ၁ လုံးနဲ့အတူ ဇန်နဝါရီ ၃၀ ရက်နေ့က အလင်းဝင်တာလို့ ဆိုပါတယ်။

ပုလဲမှာ စစ်တပ်ကစစ်ကြောင်းထိုးလို့ ပြည်သူတွေ ထွက်ပြေး၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်မှာ အထိုင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီနဲ့လိုက်သွားရတဲ့ ပျူစောထီးရွာသားတွေ ထွက်ပြေးလွတ်မြောက်လာ ပုလဲပအဖထံ ခိုလှုံခွင့်တောင်း

"ယင်းမာပင်က စာသင်ကျောင်းမှာ ပိတ်မိနေကြတယ်။ ယာဥ်တန်းကရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတာကြာပြီ။ စစ်တပ်က စားသောက်ဖို့ မလုပ်ပေးနိုင်ကြဘူး။ ဆွေမျိုးတွေခေါ်ရင်လိုက်သွားလို့ရတယ် ပြောထားတော့ ထွက်လာသူတွေဖြစ်တယ်"

ကံမနယ်က အုပ်ချုပ်ရေးမှူးနဲ့ပျူခေါင်းဆောင် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး

"သူ့အိမ်ထဲမှာထိုင်နေတဲ့အချိန် ရှင်းခဲ့တာပါ။ ခေါင်းနဲ့ဝမ်းဗိုက်ကို တချက်စီပစ်ခဲ့တယ်။ နေရာမှာပဲ လဲကျသေသွားတယ် "

၂လကျော်အတွင်း မြောက်ခင်ရန်းရွာက ဒေသခံ ၁၀၀ ကျော်ကို YPDF ရဲဘော်တွေ ကယ်ထုတ်ပေးခဲ့

"ထွက်ပြေးလာသူ ၃၀၀ ဝန်းကျင်ရှိပါတယ်။ အဲ့ဒီထဲက ၁၀၀ ဝန်းကျင်က ကျနော်တို့နဲ့ ဆက်သွယ်လာတာပါ။ ကလေးငယ်တွေ၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေများတယ် "

သဲတောမြို့မှာ ပျူ‌စောထီးခေါင်းဆောင်ဆိုသူ သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

"သဲတောက လက်ဖက်ရည်ဆိုင်မှာ ရှင်းခဲ့ပါတယ်။ ခေါင်းပိုင်းကို ၅ ချက် အနီးကပ်ပစ်ခဲ့တာပါ။ နေရာမှာ ပွဲချင်းပြီး သေသွားတယ် "

သေနတ်တွေကိုပြင်ပေးပြီး ကျည်ဆံအလှူခံနေတဲ့ RBDF တပ်ဖွဲ့  (ရုပ်/သံ)

ပျက်စီသွားတဲ့ သေနတ်တလက်ကို ပြန်လည်ပြင်ဆင်ရာမှာ ပစ္စည်ဖိုးနဲ့ပြုပြင်ခအဖြစ် ငွေကြေးသတ်မှတ်ထားတာမျိုးမရှိဘဲ သေနတ်တလက်ပြင်ဆင်စားရိတ်အဖြစ် တပ်ဖွဲ့တွေကကျည်ဆံ ၃၀ တောင့်မှ ကျည်ဆံ ၄၀ တောင့် ပြန်ထောက်ပံ့ပေးကြတယ်လို့ သိရပါတယ်။

ဆောမြို့မရဲစခန်းက တပ်ကြပ်ကြီး ၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

"နာမည်နဲ့အသက်က သူ့ရဲလုံခြုံရေးအရ မဖော်ပြတာပါ။ ဆုငွေပေးဖို့ တင်ပြထားပါတယ်။ သူ့ကို လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားပါတယ်”

ဇီးဖြူကုန်းရွာက ထွက်ပြေးလာသူ ၆ ဦး ပုလဲပအဖထံခိုလှုံလာ

"အရင်က ထွက်ပြေးလာသူတွေနဲ့ ချိတ်ဆက်ထားတဲ့ မိသားစုတွေပါ။ ပြည်သူကိုတော့ ဒုက္ခပေးခဲ့သူ မပါပါဘူး။ လိုအပ်တာတွေ မေးမြန်းပြီး စောင့်ရှောက်ထားပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10