ခန့်အောင်

နတ်တလင်း Phoenix DF ရဲဘော်တွေ မွန်းမံသင်တန်းဆင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အခြေစိုက် တပ်ရင်းအမှတ် ၃၈၀၁၊ တပ်ခွဲ ၂၊Phoenix DF က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို နိုဝင်ဘာ ၅ ရက်မနေ့က စခန်းတနေရာမှာ ပြုလုပ်တယ်လို့ သိရပါတယ်။

မင်းရွာရဲစခန်းသိမ်း တိုက်ပွဲပြန်ရဲဘော်တွေကို ပြည်သူတွေကြိုဆို (ရုပ်သံ)

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှေ့တန်းကပြန်လာချိန် ဂန့်ဂေါနယ်က လမ်းပိုင်းတနေရာမှာ ရာဂဏန်းရှိတဲ့ ပြည်သူတွေက လမ်းဘေးဝဲယာ စီတန်းပြီး သပြေပန်းအပါအဝင် ပန်းမျိုးစုံကိုင်ဆောင်ကာ ကခုန်စောင့်ကြို ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။

မင်းရွာရဲစခန်းသိမ်းနိုင်ခဲ့တဲ့ ရဲဘော်တွေကို ပြည်သူတွေကြိုဆို (Photo News)

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှေ့တန်းကပြန်လာချိန် ဂန့်ဂေါနယ်က လမ်းပိုင်းတခုမှာ ရာဂဏန်းရှိတဲ့ ဒေသခံတွေက လမ်းဘေးဝဲယာ စီတန်းပြီး သပြေပန်အပါအဝင် ပန်းမျိုးစုံကို ကိုင်ဆောင်ကာ စောင့်ကြို ဂုဏ်ပြုခဲ့ကြတာပါ။

မင်းလှက ပျူခေါင်းဆောင်ဆိုသူကို PDFက သေနတ်နဲ့ပစ်သတ်ပြီး ကားကိုမီးရှို့

“အခြောက်မ ပြန်လာမယ်ဆိုတာသိလို့ ကြိုစောင့်နေပြီး သေနတ်နဲ့ ၇ ချက်ပစ်ခဲ့တာ ပွဲချင်းပြီးပဲ။ ကားကိုလည်း တခါတည်းမီးရှို့ခဲ့တယ်“

သဖန်းဆိပ်ဆည်ရဲကင်းစခန်းတိုက်ပွဲ စစ်တပ်က လေကြောင်း၊ တင့်ကား ပစ်ကူနဲ့ ခုခံခဲ့ရ

"ဘောလုံးကွင်းတကွင်းစာလောက်ပဲရှိတဲ့ စခန်းဝန်းထဲအထိကို အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စခန်းတော့ မသိမ်းနိုင်ခဲ့ဘူး"

စစ်တပ်က တပ်လာစွဲတဲ့နေရာ တိုက်ခိုက်ခံရလို့ စခန်းကိုမီးရှို့ထွက်ပြေး (ရုပ်/သံ)

ကြို့ပင်ကောက်မြို့နယ်၊ ပုဇွန်ဆိတ်ဆင်စခန်းဘုန်းကြီးကျောင်းမှာ တပ်စွဲတဲ့ စစ်အုပ်စုအင်အား ၄၀ ဝန်းကျင်ကို နိုဝင်ဘာ ၂ ရက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဟာ နိုဝင်ဘာ ၁ ရက်က တပ်လာစွဲတာလို့ ဆိုပါတယ်။

ဂန့်ဂေါက နယ်မြေရဲကင်းကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး အရှင်ဖမ်းမိထားကြောင်း ABSDF ပြော

"ရဲတပွင့်ဗိုလ် အေးမင်းစိုးကသေတယ်။ အရှင်ဖမ်းမိတဲ့ ၁၀ ဦးက စိစစ်နေတုန်း " လို့ ABSDF Column - 3 မှ သတင်းပြန်ကြားရေးတာဝန်ခံကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

ဂန့်ဂေါဒေသခံတွေရဲ့ ပစ္စည်းတွေကိုယူနေတဲ့စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်ခံရ (ရုပ်/သံ)

ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းက စစ်အုပ်စုအင်အား ၅၀ လောက်ဟာ ကန်ရွာထဲက ပြည်သူပိုင်နေအိမ်တွေကို ဖျက်ဆီးယူဆောင်နေလို့ မနေ့နေ့လယ် ၁ နာရီခွဲလောက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နတ်တလင်းက အဘွားအိုတဦး ပစ္စည်းလုယူ အသတ်ခံရ

နတ်တလင်းမြို့မ ရဲစခန်းနဲ့ တမိုင်ခန့်အကွာ ကံသာအုပ်စု၊ မြို့ခြံရှမ်းစုရွာ (ဘိုးသာအောင်ကုန်း တံတားအနီး) မှာနေထိုင်တဲ့ အသက် ၇၁ နှစ်အရွယ် ဒေါ်မြမြအေးကို လက်နက်ကိုင်ဆောင်သူတချို့က အောက်တိုဘာ ၃၁ ရက်ညနေမှာ နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်ပြီး ပစ္စည်းလုယက်ခဲ့တာလို့ ဆိုပါတယ်။

ပုလဲမြို့ပေါ် ထွေအုပ်ရုံးဘေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို  PDF တိုက်ခိုက်လို့ သေဆုံးမှုရှိ

"၂ ရက်ဆက် တိုက်ပွဲ ကလိုက်တာ **ဘက်က ၇ ကောင်ကျသွားတယ်။ သေတဲ့ကောင်တွေကို ထွေအုပ်နဲ့ စာသင်ကျောင်းထဲမှာပဲ မြှုပ်ကြတယ်"

ရဲလိုင်းကြေးကောက်ပေးသူတဦး သေနတ်နဲ့ပစ်သတ်ခံရ

"ဆိုင်ကယ်ကယ်ရီနဲ့သူ့ရွာကိုပြန်လာတဲ့အချိန် ချစ်ကိုကိုပဲ ဦးတည်ပြီး ၅ ချက်တိတိပစ်ခဲ့တာ နေရာမှာပဲ ပွဲချင်းပြီးသေတယ်"လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ကြို့ပင်ကောက်က ပျူစောထီးနဲ့ဆက်နွယ်တယ်ဆိုတဲ့ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

"သူတို့ ၂ ဦးက ယာတောအတွင်း သွားလာနေချိန်မှာ သေနတ်နဲ့ ပစ်ခတ်နိုင်ခဲ့လို့ နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်"

ယာဉ်မတော်တဆမှုဖြင့် ပေါင်းတည်အသင်း(ရန်ကုန်)ရဲ့ နာယက ကွယ်လွန်

"စလစ်ဖြစ်ပြီး ကားက ညာဘက်ခြမ်းကနေ ဘယ်ဘက်ခြမ်းက သစ်ပင်ဝင်တိုက်ပြီး မြောင်းထဲကျသွားတာ ကားခေါင်းပိုင်းလည်း တော်တော်ပျက်စီးသွားတယ်"

သီတင်းကျွတ်လပြည့်နေ့မှာ မြေလတ်ဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ မီးပူဇော်ပွဲကျင်းပ

“ဆီမီးထွန်းပြီးတော့ ကျနော်တို့ရဲဘော်တွေကနေပြီး ရက်ပေါင်း ၁၀၀၀ အတွင်းကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအတွက် ဆုတောင်းပေးခဲ့ကြတယ် "

မင်းလှက စစ်သားစုဆောင်းရေးတာဝန်ခံဗိုလ်ကြီးကို PDF က ပစ်ခတ်ရှင်းလင်း

" သူ့မယားငယ်အိမ်ကိုသွားတာမှာ စောင့်ပြီးပစ်တာ။ ခေါင်း တချက်၊ ကိုယ်လုံး လေးချက် ပစ်ခဲ့တာပါ။ နေရာမှာပွဲချင်းပြီးပဲ။ အလောင်းကို ဘယ်သူလာသယ်တယ်ဆိုတာတော့ မသိဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10