ခန့်အောင်

ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ အစားဝင်တဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး ထပ်မံရှင်းလင်းခံရ

အဲ့ဒီအမျိုးသမီးအုပ်ချုပ်ရေးမှူးဟာ ၂၀၂၂ နိုဝင်ဘာ ၂၅ ရက်က ပစ်သတ်ခံရလို့သေဆုံးသွားတဲ့ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုထွန်းထွန်းနေရာမှာ အစားဝင်ရောက်သူဖြစ်တယ်လို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေးနယ်မြေ ပေါက်ခေါင်းက ရဲကင်းစခန်း စီးနင်းတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

“ရဲကင်းမှာ အင်အားက ၇ ယောက်ကို ၅ယောက် အသေပစ်ခဲ့လိုက်ရတယ်။ ကိုယ့်ဘက်ကပဲ လက်ဦးမှု ယူပြီးတိုက်ခဲ့တာ၊ သူတို့က အငိုက်မိသွားတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်တော့ မပစ်ခဲ့ဘူး။ ကျနော်တို့ဘက်ကပဲ ပစ်တာ”

မြိုင်မှာ ဒေသခံတွေ မစိုက်ပျိုးတဲ့လယ်မြေမှာ PDF က ရိက္ခာအတွက် စပါးစိုက်ပျိုး

"ဒေသခံလယ်သမားတွေ မစိုက်ပျိုးဘဲ လွှတ်ထားတဲ့လယ်မြေတွေကို လယ်သမားတွေကပေးလို့ တပ်ဖွဲ့ရိက္ခာအတွက် ဝင်ရောက်စိုက်ပျိုးကြတာပါ"

ပဲခူးအနောက်မှာ နှမ်းလှိုင်ချိန် ဈေးချဝယ်နေသော်လည်း နှမ်းဆီဈေး မြင့်တက်နေ

“ဈေးကောင်းမရလိုက်ဘူး၊ တတင်းကို ၁ သောင်းလောက်နာသွားတယ်၊ ပစ္စည်းလှိုင်လှိုင်ပေါ်ကာမှ ဈေးကျသွားတာ၊ ကိုယ်တိုင်နှမ်းစိုက်ပြီး နှမ်းရော ဆီ ၁ ပိဿာကို တသောင်းကျော် ပြန်ဝယ် စားနေရတယ်။ ကိုယ်ပြန်ပြီးဝယ်စားရမယ့် နှမ်းဆီဈေးကတော့ ခေါင်ခိုက်နေတယ်” လို့ ပေါက်ခေါင်းမြို့နယ်က နှမ်းစိုက်ပျိုးသူတဦးက ပြောပါတယ်။

ဆောနယ်က နွားတွေမှာ သွပ်ရောဂါအဖြစ်များနေလို့ အရောင်းအဝယ်နဲ့ အသားထုတ်လုပ်တာ မလုပ်ဖို့တားမြစ်

"သွပ်ရောဂါလို့ခေါ်တယ်။ အရေပြားတွေမှာ အဖုအဖိန့်ပေါက်တာပါ။ ဗိုင်းရပ်ကြောင့်ဖြစ်တာပါ။ အသက်အရွယ်မျိုးစုံမှာဖြစ်တာပါ။ သေနှုန်းနည်းလို့ သေဆုံးတာမျိုးတော့မရှိဘူး။ သယ်ဆောင်ခွင့်နဲ့ အသားထုတ်ယူတာကို တလချင်းပိတ်သွားမှာပါ"

ပေါက်ခေါင်းမှာ တပ်သတင်းပေးဆိုသူ အငြိမ်းစားတပ်အရာရှိ ၁ ဦး သေနတ်နဲ့ရှင်းလင်းခံရ

“ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေအပေါ် နည်းမျိုးစုံနဲ့ နှောင့်ယှက်၊ ဂုတ်သွေးစုပ်ဒုက္ခပေးခဲ့တယ် ။ စကစရဲ့ ဒေါက်တိုင်လုပ်နေလို့ ရှင်းလင်းခဲ့တာပါ။ သေနတ်နဲ့ ၂ ချက်ပစ်တာ နေရာတင်ပွဲချင်း ပြီးသေတယ် "

ဝက်လက်မြို့နယ်ထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို PDF က ဒရုန်းနဲ့ ဗုံးကြဲလို့ သေဆုံးမှုရှိ

"စစ်ရှောင်တဲ့နွားလှည်းကို ချောဆွဲပြီး (ဒဏ်ရာရတဲ့သူတွေကို)သယ်သွားတာမှာ ပေါက်ကန်ဘူတာမှာ ၃ ဦး ထပ်သေတာ။ ကျန်တဲ့ **နာတွေကို ထန်းကြီးဘူတာကို ထပ်သယ်သွားပြီး အဲ့ကနေ ထန်းကြီးနဲ့ စစ်ကိုင်းကို လမ်းပြင်နေတဲ့ရထားနဲ့ စစ်ကိုင်းဘက်သယ်သွားတာ"

ဈေးကွက်ထဲမှာ စားအုန်းဆီမရှိလို့ စားသောက်ဆိုင်အချို့ နှမ်းဆီကို ဈေးကြီးပေးဝယ်သုံးနေရ

"စားအုံးဆီကဝယ်မရဘူး။ အရင်ရောင်းတဲ့ဆိုင်တွေကို မေးလိုက်ရင်လည်း မရှိဘူးပဲ ပြောလွှတ်တာ။ အခုတော့ဆိုင်အတွက် ကြော်တဲ့လှော်တဲ့အခါမှာ နှမ်းလတ်ဆီကိုပဲ ဝယ်ပြီးသုံးနေရတယ်။ ကြော်တဲ့အခါမှာ ဆီပိုကုန်တာပေါ့"

ပေါင်းတည်စွယ်တော်ပွဲ ကျင်းပဖို့ စီစဥ်နေတဲ့ ဘုရားဝန်းထဲ ဗုံးပေါက်ကွဲ

"စွယ်တော်လှည့်ကာနီး ဆင်ကြီးဦးတိုက်တဲ့ညောင်ပင်ကြီးနားမှာ ပေါက်ကွဲတာ၊ အသံကတော့အကျယ်ကြီးပဲ အိမ်တွေတောင် တုန်သွားတယ်"လို့ အုပ်ချုပ်ရေးပိုင်းနီးစပ်သူတဦးက ပြောပါတယ်။

ပခုက္ကူနယ်က ရွာသား ၁၀ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီး

“သတင်းအရဖမ်းဆီးတာဆိုပြီး ရွာသားတွေကို လက်ကိုကြိုးချည်ပြီး ညောင်ဦးမြို့ကိုဖမ်းသွားတာ၊ နေ့လယ် ၁ နာရီခွဲလောက်ရောက်မှ အယောက် ၂၀ လောက်ကို ပြန်လွှတ်ပြီး ကျန်တဲ့သူတွေကို ဆက်ဖမ်းထားတာ ခုထိမလွှတ်သေးဘူး'' လို့ ဒေသခံတဦးက ပြောပါတယ်။

ရေတာရှည်မှာ စစ်တပ်ကအကြောင်းမဲ့ သေနတ်နဲ့ပစ်လို့ ဒေသခံအမျိုးသား ၂ ဦး ဒဏ်ရာရ

“ရေတာရှည်ကနေဈေးဝယ်ပြီး ဆိုင်ကယ်တစီး ၂ ယောက်စီးပြန်လာတာကို စစ်တပ်ကကင်းပုန်းဝပ်နေရင်းနဲ့ သေနတ်နဲ့ပစ်တာ မှာ ၂ ယောက်စလုံးခြေထောက်တွေ လက်တွေကိုကျည်ထိတာ" လို့ Daung Minn Thar အဖွဲ့ရဲ့ ဘဏ္ဍာရေးနဲ့ထောက်ပို့တာဝန်ခံ ကိုဒေါင်းဖြူက ပြောပါတယ်။

ကြံတတန်လျှင် ကျပ် ၁ သိန်းအထိ ဈေးမြှင့်ပေးသော်လည်း တောင်သူတွေ တွက်ခြေမကိုက်

မနှစ်က ကြံတတန်လျှင် ၇၅,၀၀၀ ကျပ် ဈေးပေးခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာ ကြံတတန် ကျပ် ၁ သိန်းတိုးမြှင့်ပေးထားတာ မှန်သော်လည်း လက်ရှိမှာ လုပ်သားစရိတ်၊ ထွန်ယက်ခနဲ့ မြေဩဇာဈေးနှုန်းတွေဟာ အဆမတန်မြင့်တက်နေတာဖြစ်တာကြောင့် ဒီနှစ်အတွက် ကြံတတန်လျှင် ကျပ် ၁၃၀,၀၀၀ နဲ့ ၁၅၀,၀၀၀ ဝန်းကျင်ဈေးရမှသာ ကြံစိုက်တောင်သူတွေ တွက်ခြေကိုက်နိုင်မယ်လို့ ဆိုပါတယ်။

ရိုးနာကျပြီး ငရုတ်သီးစိမ်းဈေးကောင်းမရလို့  တောင်သူတွေ တွက်ခြေမကိုက်

"ငရုတ်မျိုးထုပ်တို့ အားဆေးတို့ကို ဈေးကြီးပေးဝယ်ရတာ။ လုပ်အားခလည်း ဈေးကြီးပေးငှားရ ခူးရပြီး ကိုယ်ရောင်းရမယ့်အချိန်ကျမှ ဈေးကျသွားတာ လုပ်အားခတွေ အချိန်တွေရှုံးတယ်။ နောက်ရက်ဈေးထပ်ကျအုံးမယ်လို့တောင် ကြားနေရတယ်”

ပေါင်းတည် စွယ်တော်ပွဲကို စစ်ကောင်စီက လုံခြုံရေးတာဝန်မယူရဲလို့ အကျဉ်းချုံးသာ ကျင်းပမည်

"စွယ်တော်ပွဲကလုပ်မှာကမှန်တယ်။ စစ်ကောင်စီကလိုလားတယ်။ ဒါပေမယ့်သူတို့က လုံခြုံရေးတာဝန်မယူနိုင်လို့ လှည့်လည်ပွဲမလုပ်ဘဲ အကျဉ်းချုံးပြီး ပူဇော်ပွဲပဲ ဘုရားထဲလုပ်မှာ"

ရှေ့တန်းနဲ့ အနီးဆုံးနေရာက ဆေးတပ်သား မဖြိုးဖြိုး (အမျိုးသမီးကဏ္ဍ)

မဖြိုးဖြိုးဟာ သူနာပြုအလုပ်ကိုစွန့်လွှတ်ပြီး CDM လုပ်ကာ ပုလဲနယ်ထဲမှာ ၂ နှစ်နီးပါး နေထိုင်ခဲ့ရင်း ယင်းမာပင်ခရိုင်၊ အမှတ်၁၂ တပ်ရင်းထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်က ပါဝင်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် မိဘတွေကခွင့်မပြုခဲ့လို့ အိမ်ကနေခိုးထွက်လာခဲ့ရတဲ့ မဖြိုးဖြိုးကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10