ပခုက္ကူက ဒေသခံတချို့ စီးပွားရေးကျပ်တည်းလာလို့ ဆန်ကွဲကို စားသုံးနေရ
"အရင်ကတော့ ဆန်ကောင်းမှစားတာ ဆန်ကွဲကို မစားကြဘူး။ အခုတော့ဆန်လတ်ကျိုးလို့ ခေါ်တဲ့ဆန်ကွဲကို စားသုံးသူတွေများလာကြပြီ။ မိသားစုများသူက အိတ်လိုက်ဝယ်စားပြီး နည်းတဲ့သူတွေကတော့ ပြည်ကောက် ဝယ်စားကြတယ်” လို့ မြစ်ခြေမြို့ခံတဦးက ပြောပါတယ်။