ခန့်အောင်

မုဒိမ်းကျင့် လူသတ်အလောင်းဖျောက်သူကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချ

ကတုံးဟာ အဒေါ်အရင်းဖြစ်တဲ့ ကလေးအမေကို ၈ နှစ်ကြာလက်ထပ်ပေါင်းသင်းပြီး ၂၀၂၂ ဇန်နဝါရီ ၇ ရက်က မိန်းမကိုသတ်ကာ အလောင်းဖျောက်မြေမြှုပ်ပြီး မယားပါသမီး(မောင်နှမတဝမ်းကွဲတော်စပ်သူ)ကို အဓမ္မပြုကျင့် လည်ပင်းညှစ်သတ်ပြီး နေအိမ်တဲကို မီးရှို့မှုတွေ ကျူးလွန်ခဲ့တာကြောင့် အခုလို လည်ပင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့တာလို့ ဖြူးမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ရှောင်တွေအတွက်ထောက်ပံ့ငွေ ကူညီသူတွေကိုယ်စား နတ်တလင်း ပကဖကပေးအပ်

“ အခုအကြိမ်က ဒုတိယမြောက်လှူဒါန်းခဲ့တာပါ။ သူတို့နေတဲ့နေရာအရောက်သွားရောက်လှူဒါန်းခဲ့တာပါ။ သူတို့စစ်ရှောင်နေကြတာ အချို့က တနှစ်ကျော်ကြာသူတွေလည်း ရှိသလို အချို့က တနှစ်မကျော်သေးဘူး "

စစ်အုပ်ချုပ်ရေးကြေညာထားရာ ပေါင်းတည်မြို့ပေါ်မှာ မီးကြိုးဖြတ်ခိုးခံရတာတွေ ရက်ခြားဆိုသလို ဖြစ်နေ

“ဘဲကန်ကြီး(အေးချမ်းသာယာကန်တော်မင်္ဂလာ)က ဘုရားကျောင်းဆောင်နဲ့ ရေကန်တပတ်လည်ကို သွယ်တန်းထားတဲ့ လျှပ်စစ်ကြိုးတွေကို မနေ့ည (ဩဂုတ် ၃၁ ရက်)က ခိုးယူသွားတာပါ။ ၉ ရက်အတွင်းမှာကို မြို့ပေါ်မှာမီးကြိုးဖြတ်ခိုးခံရတာ ၃ ကြိမ်ထက်မနည်းရှိသွားပြီ။ လူမနေတဲ့အိမ်တွေကမီးကြိုးတွေလည်း ဖြုတ်ခိုးခံရတာတွေရှိသေးတယ်"

သာယာဝတီထောင်မှာ ဆေးဝါးသွင်းခွင့်အပါအဝင် ထောင်ဝင်စာပို့ခွင့်တွေကို ကန့်သတ်ချုပ်ချယ်လာ

“အခုလကုန်ရက်က ထောင်ဝင်စာသွားပို့မှ ကန့်သတ်တာကိုသိတာ၊ တလစာကြော်လှော်ပြီးယူသွားတာ အကုန်မပို့ရလို့ ပြန်ယူလာရတယ်၊ အရင်လိုလည်း အသားဟင်းကို ပလပ်စတစ်ဗူးနဲ့ထည့်လို့မရတော့ဘူး၊ ကြွတ်ကြွတ်အိတ်နဲ့ပဲ ထည့်ပေးရတော့တယ်၊ ဆေးဝါးသွင်းခွင့်လည်းမရဘူး၊ အကုန်စစ်ဆေးနေတာ" လို့ ပဲခူးတိုင်းအတွင်းက အကျဉ်းသား ၁ ဦးရဲ့မိသားစုဝင်အမျိုးသမီး ၁ ဦးက ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးလို့ ခင်ဦး ဒေသခံ ၈၀၀၀ ခန့် မိုးရေထဲ တိမ်းရှောင်နေရ

"မနက် ၁၁ နာရီလောက်ကတည်းက မိုးကလည်းရွာထားတော့ ရွှံ့တွေဗွက်တွေထဲ တိမ်းရှောင်ရတာပါ။ အခုညတော့ မိုးကစဲသွားပြီ။ စစ်ရှောင်တွေကတော့ လယ်ကွင်းတွေ၊ ကန်သင်းတွေနဲ့ သစ်ပင်ရိပ်အောက်တွေမှာပဲ"

စစ်အုပ်ချုပ်ရေးဒေသ အုတ်ဖိုမှာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

ဗိုလ်ကြီးတင်မျိုးအောင်ကို အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်မှာ ဒီမနက် ၁၀ နာရီခွဲလောက်က အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းပြန်လာချိန် သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်ကို စစ်ကြောင်းထိုးလို့ ဒေသခံ ၁ သောင်းကျော် တိမ်းရှောင်နေရ

စစ်ကြောင်းဟာ ချင်မြစ်ကျင်းရွာမှာ ညအိပ်ပြီး မနေ့မနက်အစောပိုင်းမှာ သရက်ခေါင်းရွာကို ထွက်လာလို့ ဒေသခံတွေတိမ်းရှောင်ခဲ့ရသလို ညနေပိုင်းမှာတော့ အဲဒီရွာကနေ ဘုတ်ကုန်းကျေးရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့အတွက် ထပ်မံတိမ်းရှောင်ရတာလို့ သိရပါတယ်။

စစ်ရှောင်ရွာက ပစ္စည်းတွေယူနေတဲ့ စစ်တပ်ကို တိုက်ခိုက်၊ သေနတ်နဲ့ ခိုးရာပါပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့

"အင်းဖျားရွာက ချမ်းသာတဲ့အိမ်တွေကို တအိမ်တက်ဆင်းပစ္စည်းတွေ ခိုးယူနေတာကို ကျနော်တို့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာမှာ စစ်**တွေ **ပြေး ပြေးရင်း ပစ္စည်းတွေကျန်ခဲ့တာ" လို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုမှ ရဲဘော်မောင်တူး က ပြောပါတယ်။

ပြည်မြို့နယ်မှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး၊ ၈ လအတွင်း ကြိုးဆွဲချ သေဆုံးသူ ၉ ဦးထက် မနည်းရှိ

"သူက လေဖြတ်ထားတာ ၂ နှစ်လောက်ရှိပြီ။ မိသားစုက အတတ်နိုင်ဆုံးပြည့်ပြည့်စုံစုံထားကြတယ်။ လေဖြတ်ထားတော့လည်း သူစိတ်ကခန့်မှန်းရခက်တယ်။ သူအိမ်နောက် တဲထဲကအလယ်ခေါင်တိုင် ယောက်တန်းမှာ ကြိုးဆွဲချသွားတာ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုးရွာ၊ ရေတိုက်စားလို့ ပျက်စီးနေတဲ့ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းပိုင်း ပြုပြင်ဖို့ အကူညီလိုအပ်

“လမ်းပြုပြင်ရုံတင်မဟုတ်ဘူး။ တဖက်က ချောက်ဖြစ်နေတော့ ခိုင်ခံ့တဲ့ မြေထိန်းနံရံတွေပါ လုပ်ပေးမှ ရေရှည်မှာအဆင်ပြေမှာလို့ အင်ဂျင်နီယာတွေက အကြံပြုထားပါတယ်။ ဒါကြောင့် စုစုပေါင်းတွက်ချက်ရာမှာ ကျပ်သိန်း ၃၀၀ လောက် ကုန်ကျမှာဖြစ်တယ်"

မင်းလှက အမျိုးသားတဦး အဖမ်းခံရပြီး တပတ်အတွင်း သေဆုံး

“ကိုပတ်တီးကိုရဲစခန်းဝင်းထဲက လူမနေတဲ့လိုင်းခန်းမှာစစ်ဆေးရင်းနဲ့ သေတာ၊ အချုပ်ထဲမှာ ထားတာမဟုတ်ဘူး။ သူတို့သတ်ပြီးတော့မှ ကြိုးဆွဲချတာလို့ သတင်းထုတ်တာ သတ်သေတာ မဖြစ်နိုင်ဘူး”

မိုးညိုမြို့နယ်မှာ မြစ်ရေဝင်လို့ စာသင်ကျောင်း ၆ ကျောင်း ပိတ်ထားရ

“အနီးဝန်းကျင်က ကျောင်းတွေလည်း ကလေးတွေအန္တရာယ်ကင်းအောင်လို့ ပိတ်လိုက်တာပါ။ ဒီနေ့တော့ ရေကျစပြုလာပါပြီ“

ရေတာရှည်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

“ယာခင်းထဲမှာ အလုပ်လုပ်နေတုန်း ၉၀ မမလက်နက်ကြီးကျည်ထိတာပါ။ စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ လက်နက်ကြီးနဲ့ ပစ်တာက တနေ့ကို ၄ ကြိမ်လောက်ရှိတယ်။ ဒီတလုံးက ထိသွားတာ။ ခုမနက်လည်း လက်နက်ကြီး ၃ လုံးကျသေးတယ်။ ရွာသားတွေ သတိပြုနေထိုင်ပေးဖို့ ပြောလိုပါတယ်"

သာယာဝတီမှာ မြစ်မခမြစ်ကမ်းပါးပြိုကျလာနေလို့ ‌နေအိမ်  ၉ လုံးပြောင်းရွှေ့ခဲ့ရ

"ကမ်းပါးတွေက ရေတက်လာချိန်မှာလည်း ပြိုကျတယ် ရေပြန်ကျသွားချိန်မှာလည်း ပြိုကျလေ့ရှိတော့ ကမ်းထပ်ပြိုရင်အန္တရာယ်ရှိမှာစိုးလို့ ပြောင်းရွှေ့ပေးခဲ့တာပါ။ ပြောင်းရွှေ့ခဲ့တဲ့နေရာဟာ မြစ်ကွေ့နေရာဖြစ်ပြီး ရေကြောင်းထိပ်တိုက်တိုးတဲ့နေရာလည်းဖြစ်တယ်"

ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီဖမ်းသွားတဲ့ အမျိုးသား ၂ ဦး ၄ လ ကြာသည်အထိ အဆက်အသွယ်မရ

"ကိုမြင့်ထွန်းနဲ့ တပြိုင်နက်လိုလို ဖမ်းခံရတာ၊ ပြန်လွတ်မယ်ထင်ခဲ့ကြတာ၊ စစ်ကြောရေးမှာလက်လွန်သေကုန်ပြီဖြစ်မယ်။ မိသားစုကတော့မရှိတော့ဘူး သေသွားပြီလို့ဘဲ ယူဆကုန်ကြပြီ။ ဖမ်းပြီးကတည်းက အဆက်အသွယ်မရတာလေ" လို့ ဖမ်းဆီးခံရသူတဦးရဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10