Kyaw Gyi

စစ်ကောင်စီထောက်ပို့အတွက် အသုံးပြုနေတဲ့တံတား မိုင်းခွဲဖျက်ဆီးခံရ

"ဒီလမ်းက ဒေသခံပြည်သူတွေ သွားလာတာထက် စကစ ဘက်က ပဲခူးရိုးမထဲမှာရှိနေတဲ့ သူတို့တပ်တွေအတွက် ရိက္ခာပို့လမ်းကြောင်းအနေနဲ့ အဓိကသုံးနေတာ ဖြစ်တယ်။ ဒါကြောင့် သူတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်တဲ့အနေနဲ့ တံတားကို မိုင်းခွဲလိုက်တာဖြစ်တယ်" လို့ ပြောပါတယ်။

စစ်ကောင်စီနေရာတွေ တိုက်ခိုက်ခံရအပြီး လက်နက်ကြီးပြန်ပစ်လို့ စျေးဆိုင် ၅၀ ကျော် မီးလောင်ပျက်စီး

"မနေ့ညက တပြိုင်နက် စကစ နေရာစခန်းတွေကို ဝင်တိုက်တာ။ လက်နက်ကြီးတွေနဲ့ သူတို့စခန်းတွေကို ပစ်တာလည်း ရှိတယ်။ အနားကပ် တိုက်တာလည်း ရှိတယ်။ စုပေါင်းတိုက်ပွဲ ဖော်ဆောင်လိုက်တဲ့ သဘောပါ။ စကစဘက်က ထိခိုက်သေဆုံးတာတွေ များတယ်။ သူတို့စခန်းတွေ တိုက်ခိုက်ခံရလို့ လက်နက်ကြီးတွေနဲ့ တရစပ် ပြန်ပစ်တယ်။ ၆၀၀၆ ကနေဆို ဟောင်ဝင်ဆာ အမြှောက်တွေနဲ့တောင် ပြန်ပစ်တာ" လို့ ပြောပါတယ်။

ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီကအထိုင်ချစစ်ကြောင်းထိုးနေလို့ ဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးနေရ

"သူတို့ စစ်ကြောင်းက အထိုင်ချပြီး ရိုးမပေါ်ထိုးနေတာ။ အုတ်ဖိုအရှေ့ဘက်ခြမ်းကိုပေါ့။ သူတိုက လူတွေသာ ချိန်းသွားတယ်။ ရိုးမပေါ်တက်တက်ရှာတာက မပျက်ဘူး။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်လိုက်။ သွားလိုက်လုပ်နေတာ။ သူတို့လာတော့ ဒေသခံတွေကလည်း ပြဿနာရှာခံရမှာစိုးပြီး ပြောင်းသွားကြတာ။ အဲ့ဘက်ခြမ်းက ဒေသခံအများစုက ကရင်တိုင်းရင်းသားတွေ ဖြစ်တယ်"လို့ ပြောပါတယ်။

လမ်းဘေးတွေ့တဲ့အထုပ်ကို ဖွင့်ကြည့်ရာမှ မိုင်းပေါက်ကွဲလို့ ကလေး ၂ ဦး သေဆုံး

လမ်းဘေးထားထားတဲ့ အထုပ်ကနေပေါက်ကွဲမှုဖြစ်လို့ ရွာဟောင်းကျေးရွာနေ အသက် ၁၁ နှစ်အရွယ် မောင်မိုးယံကိုနဲ့ မောင်ဝင်းနိုင်မင်းဆိုသူ ၂ ဦးဟာ နေရာမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သစ်တင်လာတဲ့ ၁၀ ဘီးကားက နေအိမ်ဝင်တိုက်လို့ ကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

"သစ်တင်ကားက ကုန်းဆင်းမှာ မှောက်တာ။ အဆင်းဆိုတော့ အရှိန်ပါပြီး လမ်းဘေးရှိနေတဲ့ နေအိမ်ပေါ်ကို သွားပိတာ။ ကားသမားက သူအရှိန်ကို သူမထိန်းနိုင်ဘဲ ဖြစ်သွားတာ။ ကားပေါ်မှာကလည်း ယာဥ်အကူမပါဘဲ ယာဥ်မောင်းတယောက်တည်း မောင်းလာတာ" လို့ ပြောပါတယ်။

ပဲခူးတိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားရာ ၅ မြို့နယ်က PDF တွေ လက်နက်အပ်ဖို့ လိုက်ကြေညာ

"သူတို့ အဲလိုလုပ်နေတာ ၅ ရက်နေ့လောက်ကစပြီး လုပ်နေတာ။ နေ့ခင်းပိုင်းဆို မိုက်တွေနဲ့ လိုက်ကြေညာတယ်။ ညဘက်တွေဆို မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးတင်းကြပ်တယ်။ အရင်ကထက်စာရင် ပိုလုပ်လာတော့ ပြည်သူတွေကတော့ သတိထားဖို့ လိုတယ်" လို့ ပြောပါတယ်။

ပခုက္ကူမှာ နေအိမ်ကို ဓါးပြတိုက်ပြီး အိမ်ရှင်ကိုပါ ဖမ်းသွား

"ဒီနေ့ ပခုက္ကူမှာ အဲလိုဖြစ်စဥ် ၂ ခုဖြစ်တယ်လို့ သိရတယ်။ အမှတ် ၈ နဲ့ အမှတ် ၁၀ ရပ်ကွက်တွေမှာ။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ဖို့ စုံစမ်းဆဲဖြစ်တယ်။ အမှတ် ၈ မှာကတော့ လူပဲ ဖမ်းသွားတယ်လို့ သိရတယ်" လို့ ပခုက္ကူ ပအဖ တာဝန်ရှိသူက ပြောပါတယ်။

အလှူခံနေတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ တိုက်ခိုက်ခံရပြီး တဦးသေဆုံး

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့၊ မြို့မရပ်ကွက်၊ အာရုဏ်တော်ဆွမ်းလောင်းဓမ္မာရုံအရှေ့မှာ အလှူခံကောက်နေတဲ့ စဥ့်ကိုင်အုပ်ချုပ်ရေးအဖွဲ့ တိုက်ခိုက်ခံရပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဒဏ်ရာရကာ ရာအိမ်မှူး သေဆုံးသွားတယ်လို့ သိရပါတယ်။

မန္တလေးကအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

"သူက အရင်ကရာအိမ်မှူးပါ။ သူရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာမှာ သူကအုပ်ကြီးဖြစ်တာ မကြာသေးဘူး။ အဲ့ဒါကို အိမ်မှာရှိနေတဲ့အချိန် ပစ်သတ်သွားတာ။ သူကအသက်လည်း တော်တော်ကြီးနေပြီ။ အရင်ကတည်းက ရာအိမ်မှူးလုပ်ခဲ့တာဆိုတော့ ဟိုနေရာဒီနေရာပါတာတော့ရှိတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရ

"သူတို့က တိုက်ပွဲမရှိဘဲ ရွာဘက်ကိုရောက်လာပြီး အကြောင်းမဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ စကစ ဘက်က PDFတွေကြောင့် ရွာတွေကိုပစ်တာထက် သူတို့စိတ်ထဲမှာက ပြည်သူလို့ကိုမမြင်တော့တာ။ ဒီဘက်ခြမ်းက ဘယ်ရွာဖြစ်ဖြစ် ဒီလိုဘဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်ပစ်နေတာ" လို့ ပြောပါတယ်။

စျေးရောင်းထွက်လာတဲ့ကား မိုင်းထိလို့ ကလေးငယ် ၁ ဦးအပါ ၄ ဦးဒဏ်ရာရ

"သူတို့က မိသားစုလိုက် စျေးရောင်းဖို့ထွက်လာတဲ့ကားပါ။ ကျောက်ကြီးဘက်ကနေ ရွာလှည့်ရောင်းတာပေါ့။ အဲဒါ ကားဘီးက မိုင်းနင်းမိတာ။ ကား ၁ စီး ပက်လက်လန်သွားတဲ့အထိ ဖြစ်သွားတယ်။ ကံကောင်းတာက ဒဏ်ရာရတာလောက်ဘဲရှိကြတယ်" လို့ပြောပါတယ်။

ပဲခူးတိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာပြီး အကြမ်းဖက်လာနိုင်လို့ သတိထားဖို့လိုဟုဆို

"Martial Law ဆိုတာက စစ်ဗိုလ်ချုပ်တွေကို သူတို့သက်ဆိုင်ရာ နယ်မြေအလိုက် စိတ်ကြိုက်စီမံပိုင်ခွင့်ပေးလိုက်တာနဲ့တူတယ်။ သူတယောက်တည်းရဲ့ အဆုံးအဖြတ်နဲ့ အားလုံးက လိုက်နာရမယ့်သဘော။ ခုချိန်မှာ စစ်ကောင်စီက သူတို့လုပ်နိုင်တဲ့အရာအားလုံးကို လုပ်တော့မှာ ဖြစ်သလို ပြည်သူတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေအပေါ်ကိုလည်း ယခင်ကထက် ပိုဖိနှိပ်လာတော့မှာဖြစ်လို့ မပေါ့ဆဖို့လိုတယ်"

ထန်းတပင် စစ်မှုထမ်းဟောင်းဥက္ကဌ ပစ်ခတ်ခံရလို့ သေဆုံး

"မြေပြင်ကပေးပို့လာတဲ့သတင်းအရ သူ့ကိုသွားရောက်ပစ်ခတ်ရှင်းလင်းတဲ့အခါ သူနေနေတဲ့ခြံကနေ တပြေးရဲစခန်း စကစ တွေရှိတဲ့နေရာကိုပြေးတာ၊ အနောက်ကနေအဖွဲ့တွေက လိုက်ပစ်ခဲ့ရတယ်။ တပြေးစခန်းထဲမှာရှိနေတဲ့ စကစ တွေကတောင် ဒီဘက်ကအဖွဲ့တွေကို ပြန်ပစ်တာတွေရှိခဲ့သေးတယ်။ ဒါပေမယ့် အဖွဲ့တွေကထိခိုက်တာမရှိခဲ့ဘူး" လို့​ပြောပါတယ်။

ရွေးကောက်ပွဲလုပ်ဖို့ စီစဥ်နေတဲ့ ကမ္မအုပ်ချုပ်ရေးရုံး မိုင်းခွဲခံရ

"သူတို့ရုံးထဲထိ မိုင်းဆင်တိုက်ခိုက်ခဲ့တာပါ။ ရုံးမှာက လူတွေမရှိဘူး။ ကမ္မမြို့မှာက စကစ ဘက်က အုပ်ချုပ်ဖို့ မနိုင်နင်းဘူး။ လက်ရှိကလည်း စကစ ဘက်က ရွေးကောက်ပွဲလုပ်ဖို့ စီစဥ်နေတာလေ။ သူတို့အစီအစဥ် မဖြစ်ဖို့အတွက်တော့ ကျနော်တို့ဘက်က ရတဲ့နည်းလမ်းနဲ့ လုပ်မှာဖြစ်တယ်။ မိုင်းကြီးတလုံးဘဲ ထောင်ပြီး ဖောက်ခွဲခဲ့တာပါ" လို့ ပြောပါတယ်။

ပဲခူးရိုးမကို စစ်ကောင်စီဘက်က အင်အား ၁၀၀၀ ခန့်နဲ့ စစ်ကြောင်းထိုး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေ

"သူတို့က ပဲခူးရိုးမကို အကြီးအကျယ် စစ်ကြောင်းထိုးနေတယ်။ စစ်ကြောင်း ၃ ကြောင်းလောက်နဲ့ ရိုးမနားမှာရှိနေတဲ့ သူတို့တပ်တွေကို အင်အားဖြည့်နေတာတွေလည်း ရှိတယ်။ သူတို့က ပဲခူးအနောက်ခြမ်း ရိုးမတကြောလုံးကို စစ်ကြောင်းထိုးမယ့် လက္ခဏာ ရှိနေတယ်။ စကစ ဘက်က စစ်ကြောင်းထိုးလာနေတော့ မြေပြင်မှာက နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်နေနိုင်တယ်" လို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ယမန်နေ့ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြေလတ်အသံကို ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10