Kyaw Gyi

ရွှေကျင်မှာ စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

"စကစ ဘက်က PDF တွေရှိတယ်အထင်နဲ့ လာပစ်တာ။ စက်သေနတ်နဲ့ပစ်တာရော ဗုံးကြဲတာရော လုပ်သွား တယ်။ အဲ့မှာ အိမ်ထဲနေနေတဲ့ သက်ကြီးပိုင်း အမျိုးသမီးကို ထိသွားတာ"

ကိုင်းကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ ရေတပ်စခန်းနဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

နိုဝင်ဘာ ၁၆ ရက် မနက် ၅ နာရီခန့်ကစပြီး ကိုင်းကျေးရွာ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေချိန် စစ်ကူလာနိုင်တဲ့ ဆီမီးခုံရေနက်ဆိပ်ကမ်းက ရေတပ်စခန်းနဲ့ စစ်သင်္ဘောတွေကို Shar Htoo Waw နည်းပညာအသုံးပြုထားတဲ့ Fixed Wing Drone ၅ စီးနဲ့ ဗုံးသီး ၁၀ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တောင်ငူ ခလရ ၃၉ တပ်ကို စစ်ကောင်စီက လေကြောင်းပစ်ကူယူပြီး အပြင်းအထန်ကာကွယ်နေ

"ရဟတ်ယာဥ် ၂ စီးက လာပစ်လိုက် ပြန်လိုက်။ လာပြန်ပစ်လိုက် အခေါက်ရေ ၅၀ လောက်ရှိမယ်။"

နေအိမ်ပေါ်တက် ငှက်စာကျွေးတဲ့ အမျိုးသမီးတဦး ဓာတ်လိုက်သေဆုံး

"အိမ်က ၃ ထပ်။ အပေါ်တက်တဲ့အချိန် စတီးလက်ရန်းကို ကိုင်တက်တာမှာ လျှပ်စီးက ဝင်နေတာဖြစ်မယ်။ မိုးကလည်း ရွာထားတာဆိုတော့။ သူအိမ်သားတွေက ဝင်ဆွဲသေးတယ်။ ဒါပေမဲ့ သူတို့ပါ ဓာတ်လိုက်တော့ မိန်းကို အရင်ချရာမှာ အသက် မမီလိုက်တော့ဘူး"

ညောင်ခါးရှည် စစ်ဆေးရေးဂိတ် အမြန်ဖြတ်ကြေး ကျပ် ၅၀,၀၀၀ အထိပေးရ

"စျေးကတော့ ၄၀,၀၀၀နဲ့ ၅၀,၀၀၀ ကြားပေါက်နေတယ်လို့ သိရတယ်။ အလျင်လိုတဲ့သူတွေက ဖြတ်ဖို့အစီးရေ များရင်တော့ စျေးလျော့ပေးတယ်။ ပေးနိုင်တဲ့သူတွေကတော့ အချိန်ကုန်မခံဘဲဖြတ်ကြတယ်။ ကားတွေကများတော့ ညအိပ်စောင့်ရတာများတယ်"

ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲ ၂ ရက်ဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းပစ်ကူယူနေရ

"မနေ့က တနေကုန် ၂ ကြိမ်ဖြစ်တယ်။ ဒီမနက် အစောပိုင်းကတည်းက ဖြစ်နေတာ။ စကစဘက်က လေကြောင်းပစ်ကူနဲ့လည်း လာပစ်နေတာ။ တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ"

အုတ်တွင်းမှာ ဒဏ်ရာတွေနဲ့သေနေတဲ့ အမျိုးသားအလောင်းတွေ့

"သေတာက ညလောက်ကတည်းက ဖြစ်လောက်မယ်။ ရထားလမ်ဘေးဆိုပေမယ့် ရထားတိုက်ပြီး သေတာမျိုးလည်း မဟုတ်ဘူး။ ဒဏ်ရာတွေအရဆို ရိုက်နှက်ခံထားရတာဖြစ်နိုင်တယ်"

ပြည်မြို့ နဝဒေးတံတားနဲ့ အနီးဝန်းကျင်ကို စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်

"သူတို့က စာထုတ်တာတော့မဟုတ်ဘူး။ မြို့ထဲမှာ ကားနဲ့လိုက်ကြေညာတာ။ သူတို့လိုက်အော်တာ နှစ်ရက်သုံးရက်လောက်တောင် ရှိပြီ။ သူတို့က အမိန့်ကထုတ်ချင်သလိုထုတ်နေတာဘဲဆိုတော့ ဘယ်သူမှ ထွေထူးစိတ်မဝင်စားနေတော့ဘူး" လို့ ပြည်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပဲခူးမှာ တပ်ထောက်ခံပွဲလုပ်အပြီး အထက ၁ ကျောင်းအနီးမှာ ဗုံးတွေ့တယ်ဆိုကာ လူစုလူဝေးဖြစ်

"သူတို့တပ်ထောက်ခံပွဲလုပ်ပြီး ထ ၁ နားမှာ အထုပ်တထုပ်တွေ့တာ ဗုံးဆိုပြီး ရုတ်ရုတ်ဖြစ်သွားတယ်။ ဗုံးဟုတ်၊ မဟုတ်တော့ သေချာမသိဘူး။ ကျောင်းသားတွေတော့ အကုန်လုံးပြန်သွားတာတော့ မဟုတ်ဘူး"လို့ ပဲခူးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကျောက်ကြီးမှာ လက်နက်ကြီးထိလို့ အမျိုးသား ၁ ဦးသေဆုံး

"သုံးလေးချက်လောက်တော့ ရှိမယ်။ ကျေးရွာတွေဘက်ကို ပစ်တာ။ သူကတော့အိမ်မှာရှိနေချိန် သူအိမ်နားလက်နက်ကြီးထိပြီး သေသွားတာ"လို့ ဒေသကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။

ပဲခူးတိုင်းမြို့အချို့မှာ လောင်စာဆီပြတ်လပ် ပြင်ပပေါက်ဈေး ၁လီတာ ၄၀၀၀ ကျပ်နဲ့ရောင်းချသူများရှိ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက် နောက်ပိုင်းက စတင်ကာ လောင်စာဆီဝယ်ယူရတာအခက်အခဲဖြစ်နေခဲ့ပြီး နိုင်ဝင်ဘလာ ၁၅ ရက် ဒီနေ့အထိလည်း ဆီရဖို့အတွက် တန်းစီဝယ်ယူနေကြရတယ်လို့ သိရပါတယ်။

ကန့်ဘလူမှာ စစ်တပ်က ရဟတ်ယာဥ်နဲ့ ၁ နာရီကြာပစ်ခတ်၊ အမျိုးသမီး ၁၁ ဦးအပါ ဒေသခံ ၁၃ ဦးကို ဖမ်းသွား

"တိုက်ပွဲဖြစ်ပြီး မိနစ် ၂၀ လောက်ပဲကြာမယ်။ Mi 35 တစီး ရောက်လာပြီး တောက်လျှောက်လိုက်ပစ်တာ။ လေယာဥ်လာတော့ ဒီဘက်က အဖွဲ့တွေက ငြိမ်နေလိုက်ရတယ်။ မဟုတ်ရင် ပြီးခဲ့တဲ့အခေါက်ကလို အများကြီးရှင်းနိုင်မှာ။ လေယာဥ်ကို ပြန်ပစ်စရာမှ မရှိတာ" လို့ ဒေါင်းရာဇာချပ်သင်းအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဆိုင်ကယ်ချင်းတိုက်မိပြီး ပြုတ်ကျရာမှ တွဲကားကြိတ်ခံရလို့ အမျိုးသမီးငယ် ၁ ဦး သေဆုံး

"ရှေ့ကသွားနေတဲ့ တွဲကားကို ကျော်အတက် တဖက်ကလာတဲ့ ဆိုင်ကယ်နဲ့တိုက်တာ။ အဲ့မှာနောက်ကစီးတဲ့ ကလေးမလေးက ဆိုင်ကယ်ပေါ်က ပြုတ်အကျ အနောက်ကနေလာတဲ့ တွဲကားကလည်း ကြိတ်မိသွားတာ"

ညောင်လေးပင်ခရိုင်မှာ စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အရပ်သား ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

"ရွှေကျင်မှာထိတဲ့ တစ်ယောက်ဆို သူလယ်ထဲမှာ စပါးသိမ်းနေတာ။ သူဘေးနားကို စကစ ပစ်တဲ့ လက်နက်ကြီးကျတာ။ မုန်းက သားအမိနှစ်ယောက်ဆိုလည်း နေအိမ်ထဲရှိနေချိန်ကိုထိတာ"

၂ နှစ်ကြာတဲ့အထိ အော်တိုသေနတ်မကိုင်နိုင်သေးတဲ့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ (ရုပ်/သံ)

စစ်ကောင်စီအဖွဲ့တွေကို တော်လှန်ဖို့ လူ ၁၀ ဦးလောက်နဲ့စတင်ကာ ရရာလက်နက်စွဲကိုင်ပြီးတိုက်ပွဲဝင်ခဲ့ပေမယ့် သေနတ်အစစ်တွေမကိုင်နိုင်လို့ စစ်ကောင်စီတပ်ရင်းနဲ့စခန်းတွေကို သိမ်းနိုင်တဲ့အခြေနေထိမရှိသေးဘဲ အဝေးကနေသာ စမ်းသပ်တီထွင်ထုတ်လုပ်ထားတဲ့ လက်လုပ်စိန်ပြောင်း၊ လက်နက်ကြီး၊ မိုင်းတွေနဲ့သာ တိုက်ခိုက်နေရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10