Kyaw Gyi

ရေစကြိုမှာ ဆောက်လုပ်ရေးကုမ္ပဏီကား ပစ်ခတ်ခံရပြီး ၅ ဦး သေဆုံး

"ကုမ္ပဏီကားပစ်ခံရတာက ဟုတ်တယ်။ စကစနဲ့ပတ်သက်မှုရှိ မရှိတော့မသိရဘူး။ အလောင်းတွေကိုတောင် ဒီမနက် (စက်တင်ဘာ ၁)မှ စကစ ဘက်က လာစစ်ပြီးကောက်သွားတာ"

စစ်တောင်းမြစ်ကူးတံတားစောင့် လုံခြုံရေးတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

ဩဂုတ် ၃၁ ရက် မနက် ၄ နာရီကျော်ခန့်မှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးတွေပါဝင်တဲ့ အင်အား ၅၀ ခန့်ရှိတဲ့ တံတားလုံခြုံရေးတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရွှေကျင်မြို့နယ်ထဲကို စစ်ကောင်စီဘက်က ၁ ရက်တည်း လက်နက်ကြီး ၄ ကြိမ်ပစ်လို့ ပြည်သူ ထိခိုက်မှုရှိ

"လက်နက်ကြီးတွေက တရစပ်ကို ပစ်တာ။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ကို ဒီအတိုင်းပစ်နေတာ။ ရွာတွေဘက်ကို PDF ရှိတယ်အထင်နဲ့ ရမ်းပစ်နေတာဖြစ်မယ်" လို့ ဒေသကာကွယ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ယာခင်းထဲအလုပ်လုပ်နေတဲ့ မြေးအဖွား ၂ ဦး ဒဏ်ရာရ

"တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဘယ်ကပစ်မှန်းမသိတဲ့ လက်နက်ကြီးကျတာ။ ဒဏ်ရာကတော့ မများကြဘူး။ အစမှန်တဲ့ ဒဏ်ရာလောက်ရကြတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ထန်းတပင်မှာ တိုက်ပွဲဖြစ်၊ အရပ်သား ၂ ဦးသေဆုံး

"မနက်က အဲ့ဘက် (မြို့ဆိုးကျေးရွာအနီး) တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ လက်နက်ကြီးထိလို့ လင်မယား ၂ ယောက် သေတယ်ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် ဘယ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးမှန်လို့ သေဆုံးတယ်ဆိုတာတော့ မသိရသေးဘူး။"လို့ ဒေသခံတဦးက ပြောပါတယ်။

ရွှေကျင်က စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်း တိုက်ခံရပြီး စစ်သား ၁ ဦးသေ

"ပထမက အဝေးကနေဘဲ ပစ်ဖို့သွားကြရာကနေ အခြေအနေပေးလို့ ဂိတ်ပေါက်ဝထိ သွားပစ်ခဲ့ကြတယ်။ ရွှေကျင်ဘက်ကနေ စကစ စစ်ကူလာတယ်လို့ သတင်းရတဲ့အတွက် ပြန်ဆုတ်လာကြရတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦး က ပြောပါတယ်။

တောကျီးကန်းအဖွဲ့စခန်း ၁ ခု စီးနင်းခံရပြီး ကျပ်သိန်း ၁၅၀ ကျော်ဆုံးရှုံး

"ရွာထိပ်မှာ တကြိမ်၊ ဆေးခန်းထဲဝင်ချိန်မှာ ၁ ကြိမ်၊ ၂ ကြိမ်ဆွဲနိုင်ခဲ့တယ်။ သူတို့နဲ့တော့ ပစ်ခတ်တာ မရှိဘူး။ မိုင်းဆွဲပြီး ဆုတ်ခွာခဲ့ကြတော့ စခန်းထဲက ပစ္စည်းတွေ သူတို့သိမ်းသွားတယ်" လို့ တောကျီးကန်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိလို့ ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

"မနေ့က ပစ်ခတ်မှုမှာ ၃ ကြိမ်ပေါ့၊ လက်နက်ကြီးပစ်တာ။ ရွာထဲ ၃ လုံးကျပေါက်ကွဲတာ။ ရွာဘုန်းကြီးကျောင်းနားက နေအိမ်တွေထိတာ။ နေအိမ်တွေဆို ကြည့်လို့တောင် မကောင်းဘူး ဖြစ်ကုန်တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ကန့်ဘလူတောင်ဘက်ခြမ်းကို စစ်ကြောင်းဝင်နေလို့ ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးနေရ

"မနက်က သူတို့လာတယ်လို့ သတင်းရလို့ မနက်အစောကြီး မိုးတွေကရွာနေချိန် ဒေသခံတွေက ရွာလုံးကျွတ် ပြေးရတာ။ စိုရွှဲနေတဲ့ကြားကနေ အသက်လုပြေးနေရတယ်။ ခုတော့ စကစ စစ်ကြောင်းက သရက်ခေါင်းရွာထဲရှိနေတယ်"

ကန့်ဘလူမှာ ပျူစောထီးဆိုသူ ၂ ဦး မိုင်းထိလို့ ဒဏ်ရာရ

"ထိတဲ့ ၂ ယောက်က ပျူစောထီး။ အဲ့ဒီရွာကလည်း စစ်တပ်ကို ထောက်ခံအားပေးသူများတဲ့ရွာလို့ သိထားရတယ်။ စစ်တပ်က အဝင်အထွက်လည်းရှိတယ်"

ကျောက်ကြီးမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးအပါ ၄ ဦးဒဏ်ရာရ

"စီမံချက်နဲ့ မပစ်မနေရများ လုပ်နေလားမသိဘူး။ အမျိုးသမီးတွေချည်ပဲ ထိခိုက်ကြတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ကြိုးကြီးရွာက ထိသေးတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ပြည်သူ ၄ ဦးဒဏ်ရာရ၊ နေအိမ် ၅ လုံးပျက်စီး

"ပိန်းဇလုပ်တပ်က လက်နက်ကြီးက နေ့တိုင်းနီးပါးပစ်နေတာ။ တနေ့ကို သုံးလေးလုံးပဲ။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာတွေကို ပစ်မှတ်ထားပစ်နေတာ။ အဲ့ဒီနေ့ကလည်း သူတို့ဘက်က ပစ်တာ၊ ရွာထဲကျလို့ ထိကြတာ"

Elite ခရီးသည်တင်ယာဥ် ဝင်တိုက်လို့ လမ်းဖြတ်ကူးသူ အမျိုးသမီး သေဆုံး

"အမျိုးသမီးက ဒီကဒေသခံ မဟုတ်ဘူး။ မင်းဘူးဘက်ကနေ ဒီကယာထဲမှာ ပေါင်းနုတ်လုပ်ဖို့အတွက် မနေ့ကမှ ရောက်လာတာ။ ခုဖြစ်တဲ့အချိန်မှာလည်း သူက ယာထဲအလုပ်လုပ်နေရာကနေ အပေါ့သွားဖို့ဆိုပြီး လမ်းဖြတ်ကူးရာမှာ ကားကဝင်တိုက်သွားတာ"

ရွှေဘိုမှာ စစ်အုပ်စုတိုက်ခိုက်ခံရလို့ ၃ ဦးသေ ၇ ဦးထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ဩဂုတ် ၂၆ ရက် ည၉ နာရီခန့်မှာ ရွှေဘိုမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီအင်အား ၈၀ ခန့်ပါတဲ့ အဖွဲ့ဟာ မြို့ရှောင်လမ်းဘက်ကို ကင်ပုန်းချဖို့ထွက်လာချိန်မှာ ပဒေသာမိုင်း ၅ လုံး ၃ ပွိုင့်ဆွဲပြီး တိုက်ခိုက်ခဲ့သလို ၆၀ မမ လက်လုပ် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ စစ်ကောင်စီကင်းပုန်းက ပစ်ခတ်လို့ လူငယ် ၂ ဦးသေဆုံး

"သူတို့က ကိုရီးယားဘာသာစကားသင်တန်းတက်နေတာ နွားထိုးကြီးနဲ့ရွာကို သွားလိုက်ပြန်လိုက်ပဲ။ သူတို့နေတဲ့ အောင်ပန်းကုန်းရွာနဲ့ နွားထိုးကြီးကလည်း ၃ မိုင်လောက်ပဲ ဝေးတာ။ စကစဘက်က ဆိုင်ကယ်တားတာမရပ်ပေးလို့ ပစ်တာ"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10