Kyaw Gyi

ရှင်လောင်းလှည့်တဲ့ဆင် နင်းလို့ မြတ်ရိတ်နေသူ အမျိုးသား ၁ ဦးသေဆုံး

ဒီဇင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်မှာ အုန်းပင်ကျေးရွာနေ ဦးစိန်ဝင်း အသက် ၆၀ နှစ်ခန့်ဟာ သူပိုင်တဲ့ လယ်ကွက်အနီးက ကိုင်းတောထဲမှာ မြက်ရိတ်နေစဥ် ရှင်လောင်းလှည့်ရာကနေ မုန်ယိုပြီး ထွက်ပြေးလာတဲ့ ဆင်က တက်နင်းသွားတာလို့ ဆိုပါတယ်။

နတ်သံကွင်းမြို့ကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထား

ဒီဇင်ဘာ ၂၆ ရက် မနက် ၄ နာရီလောက်ကစပြီး နတ်သံကွင်းမြို့ရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီကျော်အကြာမှာ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ကိုရင် ၄ ပါး ၁၀ ရက်ကျော်ကြာတဲ့အထိ ပြန်မတွေ့သေး

ဒီဇင်ဘာ ၁၄ ရက်ဝန်းကျင်က မနက်အရုံဆွမ်း ဘုန်းမပေးခင်အချိန်ကတည်းက ကိုရင် ၄ ပါးဟာ ကျောင်းတိုက်ကနေ ထွက်ခွာသွားတာဖြစ်ပြီး ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

စစ်မြေပြင်က PDF တွေကို လာတွေ့တဲ့ NUG ပြည်ထဲရေးဝန်ကြီး

" NUG တာဝန်ရှိသူအားလုံး သူ့နေရာနဲ့သူတော်လှန်ရေးအတွက် အချိန်ပြည့် ကြိုးစားဆောင်ရွက်နေပါတယ်။ ပြည်သူ့ထောက်ခံမှုနဲ့သာ ဒီလိုအောင်မြင်မှုတွေ တဆင့်ချင်းရလာတာပါ"

ရေတာရှည်မှာ စစ်တပ်စစ်ကြောင်းကြားဖြတ်တိုက်ခံရလို့ ၈ ဦးသေဆုံးပြီး အလောင်းဆွဲကာ ပြန်ဆုတ်သွား

" ရှေ့ရက်တွေမှာ ဒီဘက်အဖွဲ့တွေက ကဲလင်းဆိပ်ဘက်ကို နယ်မြေရှင်းလင်းရေးလုပ်တာကို သူတို့သတင်းရသွားလို့ စစ်ကြောင်းထိုးလာတာနေမယ်။ ပစ်ခတ်မှုကတော့ နာရီဝက်နီးပါးလောက်ပဲ ကြာမယ်။ စကစဘက်က ပြန်ဆုတ်သွားတယ်"

သံဃာအပါအဝင် လူ ၁၂ ဦးလိုက်ပါလာတဲ့ Hilux Surf တစီး တိမ်းမှောက်၊ ၈ ဦးဒဏ်ရာရ

"ယာဥ်မောင်းက အိပ်ငိုက်သွားလို့ ကားက လမ်းဘေးဆွဲချသလိုဖြစ်သွားရာကနေ လက်ကိုင်ကို ပြန်ဆွဲရင်း ကားက လေးငါးခြောက်ပတ်မက လိမ့်သွားပြီး မှောက်သွားတာ"

ညကင်းစောင့်နေတဲ့ ပျူစောထီးအဖွဲ့ ပစ်ခတ်ခံရလို့ ရာအိမ်မှူးအပါ ၃ ဦးသေဆုံး

" လာပစ်သွားတာကတော့ အချိန်နာရီဝက်လောက်တောင်မကြာဘူး။ ကင်းစောင့်နေတဲ့ အဖွဲ့တွေထဲက ကျန်တဲ့သူတွေက ထွက်ပြေးကြတာ။ ၃ ဦးတော့ သေကျန်ခဲ့တယ်"

စစ်ကောင်စီစစ်ကြောင်း ရွှေဘိုမှာ တိုက်ခိုက်ခံရ

"လက်လုပ် ၆၀ သီး (၆၀ မမ)လည်း ၇ လုံးပစ်တယ်။ ဒရုန်းနဲ့က ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့တယ်။ စကစ ကိုလက်နက်ကြီးနဲ့အပစ်ပြပြီး ဒရုန်းနဲ့ အဓိကတိုက်တာပါ"

ညောင်တဲရွာသား ၁ ဦးကိုသတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မိးရှို့

"ဦးဇော်ဝင်းက ရှေ့ရက်ကတည်းက စကစ ဖမ်းဆီးတာ ခံလိုက်ရတယ်။ စကစ စစ်ကြောင်းတွေ ရွာကနေ ထွက်ပြီလားသိရအောင် သွားကြည့်ရင်းနဲ့ ဖမ်းခံလိုက်ရတာ။ ရွာက အိမ်တွေကိုတော့ ရှေ့ရက်တွေကတည်းက မီးရှို့တာ။ မနေ့က ပြန်အထွက်မှာတော့ တော်တော်များများကို ရှို့သွားတာ"

ရွှေဘိုမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်ခတ်ခံရလို့ သေဆုံး

" သေနတ်လာပစ်တာက လေး၊ငါးချက်လောက်ရှိမယ်။ ဆိုင်မှာက နေ့လယ်ဆိုတော့ လူနည်းနည်းရှင်းနေတော့ အခြားသူတွေကိုတော့ မထိသွားဘူး။ အုပ်ကြီးကတော့နေရာမှာပဲ သေသွားတယ်"

ပြည်က ဧရာဝတီမြစ်ထဲမှာ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့

"ရပ်ကွက်က လူတွေက အရင်တွေ့တာပါ။ အလောင်းကတော့ မျက်နှာတောင်မပေါ်တော့ဘူး။ ငါးတွေစားထားလို့ မျက်နှာအသားတွေတောင်မရှိတော့ဘူး"

စစ်ကောင်စီဖမ်းသွားတဲ့ ပြည်သူ ၁ ဦးကို ဦးခေါင်းပွင့်ဒဏ်ရာနဲ့ သေဆုံးလျှက်ပြန်တွေ့

"စကစနဲ့ပျူတွေဝင်လာတော့ ကျန်တဲ့သူတွေက ပြေးလို့လွတ်တယ်။ သူက ဘာလုပ်နေလဲမသိဘဲ ကျန်ခဲ့တော့ စကစတွေဖမ်းတာ ခံလိုက်ရတယ်။ သူအလောင်းကိုတော့ စက်ကြည်ရွာက အိမ်တခုထဲမှာ ပြန်တွေ့ရတယ်"

အမြန်လမ်းမှာ ဘုရားဖူးဟိုက်ဂျက်ကား နောက်ကဝင်တိုက်ခံရလို့ ၁၀ ဦးဒဏ်ရာရ

" နောက်ကားက သူတို့ကားကို ကျော်တက်တာမှာ မလွတ်ဘဲ ဝင်တိုက်မိသွားတာ။ Hijet ပေါ်မှာက ယာဥ်မောင်းအမျိုးသားနဲ့ ကျန်တာအမျိုးသမီးတွေချည်းပဲပါတာ"

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မုန်းမြို့မှာ စျေးမီးလောင်လို့ ဆိုင်ခန်း ၂၀၀ ကျော် ပျက်စီးခဲ့ပြီး ရှို့မီးဟုဆို

" ဘယ်ဆိုင်ကနေ စလောင်မှန်းကို မသိရဘူး။ ရှို့မီးလို့တော့ သိရတယ်။ ကျနော်တို့ဆိုင်ခန်းတွေလည်းပါသွားတယ်။ ဘယ်သူကနေ ဘယ်လိုရှို့လဲဆိုတာတော့ မသိရဘူး"

ကျောက်တံခါးမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦးသေ၊ ကလေးငယ် ၁ ဦးဒဏ်ရာရ

"အိမ်က ထရံကာ ဖက်မိုးအိမ်ဆိုတော့ လက်နက်ကြီးက အိမ်ပေါ်ကျလို့ အိမ်ထဲရှိနေတဲ့သူတွေထိသွားတာ။ သမီးနဲ့အမေနဲ့ သေတယ်။ ​မြေးက ဒဏ်ရာရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10