Kyaw Gyi

စကားများရာမှ အမျိုးသားက လည်ပင်းညှစ်သတ်လို့ အမျိုးသမီး သေဆုံး

"ရန်ဖြစ်ကြတော့ ကောင်လေးက ကောင်မလေး လည်ပင်းကိုညှစ်တာ လေပြွတ်ပိတ်ပြီး သေဆုံးသွားတယ်"

စစ်ကောင်စီနဲ့ပျူစောထီးတွေက ရွာသားတွေကို ကင်းစောင့်ခိုင်းနေပြီး ကင်းမစောင့်နိုင်သူတွေက ငွေကျပ် ၁၂၀၀၀ ပေးနေရ

"ပစ်ခတ်မှုဖြစ်တုန်းက ရွာသားတွေသိလျက်နဲ့ မပြောဘူးဆိုပြီး ရွာသားတွေကို ဒုက္ခပေးချင်တာရယ်။ တဖက်မှာလည်း ကင်းလာမစောင့်နိုင်ရင် သူတို့အတွက် ငွေရတယ်ဆိုတဲ့ ပုံစံနဲ့လုပ်နေတာ"

ပဲခူးအနောက်ခြမ်းမြို့နယ်တွေမှာ ရိုးမအတွင်းဖြတ်သန်းသွားလာခွင့် PDF ပိတ်ပင်

"ဒီအသိပေးချက် ထုတ်ပြန်ရတာကလည်း ပြည်သူတွေအတွက် ဖြစ်ပါတယ်။ ခုထုတ်ပြန်ချက်က ပြည်သူတွေ အကျိုးစီးပွားထိခိုက်လာနိုင်ပေမယ့် မလွှဲသာတဲ့အတွက် နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ရွှေဘို လူမှုကယ်ဆယ်ရေးအသင်းဥက္ကဌ ဖမ်းဆီးခံရ

"သူကို တောင်ဘက်မုခ်အဝင်နားလောက်ကနေ ဖမ်းသွားတာလို့ သိရတယ်။ သူက အရင်က ဆေးတပ်ကထွက်ထားတယ်လို့ သိရတယ်။ ဘာကြောင့် ဖမ်းခံရတယ် ဘယ်သူဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး"

ဆောက်လုပ်ရေးလုပ်သားတဦး ၅ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး သေဆုံး

"သူပြုတ်ကျချိန် အနားမှာကျန်တဲ့ အလုပ်သမားတွေလည်း မရှိဘူးလို့သိရတယ်။ သူတယောက်တည်း ရှိနေချိန် ဘယ်လိုပြုတ်ကျသွားမှန်း မသိလိုက်ကြဘူးတဲ့။ သူက အထွေထွေလုပ်သားလို့ပဲ သိရတယ်"

ဝေါမှာ နင်းမိုင်းထိလို့ အမျိုးသားတဦး ခြေထောက်ပြတ်

"စကစ ထောင်ထားတဲ့ မိုင်းထိတာက သေချာတယ်။ မိုင်းထိတာနဲ့ ခြေကျင်းဝတ်ကနေ ပြတ်ထွက်သွားတာ။ နင်းမိုင်းထိတာလို့တော့ သိရတယ်"

မုန်းဒေသက စစ်ဘေးရှောင်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးပျက်ကျမှုတွေရှိနေ

"ကိုယ်ဝန်ဆောင်မိခင်တွေဆိုတာက ကောင်းမွန်စွာနေထိုင်ပြီး ဆေးဝါးအလုံအလောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုရမှ ကလေးတွေကို ကောင်းမွန်စွာ မွေးဖွားနိုင်မှာ။ အခုကျတော့ အသက်လု ပြေးနေရတာနဲ့ ဆေးဝါးအကူအညီကောင်းကောင်း မရတာတွေက ကလေးပျက်ကျတာတွေကို ဖြစ်စေတာ"

စစ်ကိုင်းက ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဆရာမကို စစ်တပ်က အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်

စက်တင်ဘာ ၂၂ ရက် မနေ့က ဆရာမဒေါ်ထားထားဦး တည်ထောင်ထားတဲ့ကျောင်းတွေကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီး ဆရာမကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

ပဲခူးမှာ ချောင်းထဲရေဆင်းကူးတဲ့ ကလေး ၂ ဦး ရေနစ်သေဆုံး

"ရေကူးတာက ကလေး ၃ ယောက်။ ၂ ယောက်က ရေနစ်နေတော့ ၁ ယောက်က နေအိမ်လာပြန် ပြေးပြောတာ။ သူတို့ရေကူးတဲ့နေရာနဲ့ နေအိမ်နဲ့က မိနစ် ၂၀ လောက်သွားရတော့ ကယ်ဆယ်ဖို့ အချိန်မမီလိုက်ဘူး"

Myanmar Huasheng Yashili အထည်ချုပ်က နေ့စားဝန်ထမ်း ၂၀၀ ကျော် အလုပ်ထုတ်ခံရမယ့်အခြေနေကြုံနေရ

"ခုက စက်ရုံဘက်က ဝန်ထမ်းတွေကို အသိမပေးဘဲ အလုပ်ထုတ်ဖို့ လုပ်လာလို့ မနေ့က ဝန်ထမ်း ၈၀ ကျော်လောက်က စက်ရုံရှေ့ ဆန္ဒပြသလို ဖြစ်သွားတယ်။ ခုတော့ ဝန်ထမ်းတွေဘက်က စက်ရုံကို တောင်းဆိုထားတာတွေရှိတော့ ညှိနှိုင်းမှုတွေဆက်လုပ်နေတယ်"

မုန်းဒေသက စစ်ဘေးရှောင်တသောင်းကျော် အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေ

"လိုအပ်တာကတော့ အကုန်ပါဘဲ။ ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာပေါ့။ အဲ့ထဲကမှ မဖြစ်မနေစားနေရတဲ့အတွက် စားနပ်ရိက္ခာကတော့ အရမ်းလိုအပ်နေတယ်။ လူဦးရေကများတော့ ကျနော်တို့ဘက်ကလည်း လုံလောက်အောင် မထောက်ပံ့ပေးနိုင်ဘူးဖြစ်နေတယ်" လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်က မန်ကျည်းစုရွာက အိမ် ၁ လုံးကိုမီးရှို့ပြီး တန်ဖိုးရှိပစ္စည်းတွေကိုယူ၊ ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီး

"စကစ စစ်ကြောင်းလာတော့ ပြေးနိုင်သူတွေ ပြေးကြတယ်။ မပြေးနိုင်သူတွေကို သူတို့က ရွာထဲမှာ စုခိုင်းပြီး တန်ဖိုးရှိ ရွှေတွေ၊ ငွေတွေ ဖြုတ်ယူတယ်။ အိမ်တွေကိုလည်း တက်မွှေသွားတယ်" လို့ မြင်းခြံမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဖြူးမှာ စစ်ကောင်စီတပ်စစ်ရေးအရ အသုံးပြုနေတဲ့တံတား မိုင်းခွဲခံရ

"ညက ပေါက်ကွဲသံတော့ ကြားလိုက်တယ်။ မနက်သွားကြည့်တော့ တံတားက ပြိုကျနေတယ်။ မနက်ပိုင်း ၇ နာရီကျော်လောက်ကတော့ စကစ ဘက်က လာစစ်သွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မုန်းဒေသမှာ ၂ ပတ်ကျော်အတွင်း စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ရာချီပစ်ခတ်ခဲ့

"စကစ တပ်တွေက တိုက်ပွဲတွေဖြစ်လို့ မနိုင်တော့ဘူးဆိုရင် လေယာဥ်တွေခေါ်တယ်။ လက်နက်ကြီးတွေ အများဆုံးပစ်တာတွေ လုပ်လေ့ရှိတယ်။ ဒီလအတွင်းမှာဆို လေယာဥ်ရော၊ လက်နက်ကြီးရော ပစ်ခတ်တာတွေက အကြိမ်ရေ တော်တော်များတယ်"

စစ်ကောင်စီကို ဆက်ကြေးကောက်ပေးနေတဲ့ အမျိုးသားတဦး ရှင်းလင်းခံရ

"သူကို အနီးကပ်ပဲ ၁၅ ချက်လောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်။ နေရာမှာပဲ သေဆုံးသွားတယ်"လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10