Kyaw Gyi

ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပါဝင်လုပ်နေသူတွေကို ပြင်းထန်စွာအရေးယူမယ်လို့ တောင်ပိုင်းစစ်ဒေသ သတိပေး

"စကစ တပ်က အားလုံးသိတဲ့အတိုင်း အင်အားတွေ ပြုန်းတီးနေတယ်။ ပြိုကွဲမှုတွေ ဖြစ်နေတယ်။ ဒါကို အင်အားပြန်လည် ဖြည့်တင်းဖို့ ပြည်သူတွေကိုအတင်းအကြပ်ကို ဖိအားပေးပြီး လူစုဆောင်းလာတယ်။ စစ်အာဏာရှင်တွေရဲ့ ယုတ်မာတဲ့နည်းလမ်းတွေထဲက ပြည်သူအချင်းချင်းရန်တိုက်ပေးတဲ့ လုပ်ရပ်ပဲ"

စစ်ကောင်စီတင့်ကား ၂ စီးနဲ့ သံချပ်ကာ ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ဟု KNU ထုတ်ပြန်

"တင့်ဖျက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာက ဟုတ်ပါတယ်။ စကစ စစ်ကူလမ်းကြောင်း ယာဥ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာပါ။ အဲ့ရက်တွေမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ခဲ့တယ်"

မိုင်းဆွဲခံရတဲ့ စစ်အုပ်စုက ပြန်ပစ်လို့ အမျိုးသား ၂ ဦးသေဆုံး

"အဲ့ဒီဘက်ခြမ်းမှာ မိုင်းကွင်းတွေက ဆင်ပြီးသားပါ။ မနေ့က စကစ အဖွဲ့တွေလာတော့ မိုင်းဆွဲခဲ့တာပဲ ရှိတယ်။ ပြန်လည်ပစ်ခတ်တာတွေ ကျနော်တို့ဘက်က မလုပ်ခဲ့ဘူး။ သူတို့ဘက်ကပဲ ပစ်ခတ်သွားတာ"

ရေတာရှည်မှာ ကြံခိုင်ရေးပါတီဝင်အမျိုးသမီး ၁ ဦး အသတ်ခံရ

" သူ့အလောင်းမတွေ့ခင် တရက်က လာဖမ်းသွားကြတာ။ သူက တယောက်တည်းနေတာ များတယ်။ ကြံ့ ခိုင်ရေးပါတီဝင်လည်းဖြစ်တော့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့လည်း နီးစပ်မှုရှိတယ်"

ပျူခေါင်းဆောင်အိမ် PDF စီးနင်းတိုက်ခိုက်၊ ၁ ဦးသေ ၃ ဦးဖမ်းမိပြီး သေနတ် ၂လက်ရ

ဇန်နဝါရီလ ၁၅ ရက် မနေ့ ည ၉ နာရီခန့်မှာ အင်အား ၇ ဦးခန့်ရှိ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကာ သေနတ်ကိုင်ပြီးပြေးဆင်းလာတဲ့ ဦးခင်စိုးကိုတော့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

ကျောက်တံခါးမြို့နယ်ကြံ့ခိုင်ရေးကော်မတီဝင် ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ

"လယ်ထဲဆေးဖြန်းဖို့သွားကြတာကို သူတို့လယ်အရောက်နားမှာ ပစ်သွားတာ။ ဖအေဖြစ်သူကတော့ နေရာမှာသေသွားတယ်။ သမီးက ဒဏ်ရာရသွားတယ်"

ပြည်မှာ မီးလောင်လို့ အမျိုးသား ၁ ဦးသေပြီး နေအိမ် ၃ လုံးပျက်စီး

ဇန်နဝါရီလ ၁၅ ရက် ညနေ ၃ နာရီခွဲခန့်မှာ အဲ့ဒီရပ်ကွက် အသက်၆၅နှစ်အရွယ် ဦးသော်ဇင်ဟာ နေအိမ်က ရေခဲသေတ္တာကို ပြုပြင်နေစဥ် ရေခဲသေတ္တာအောက်ရှိ ဂက်(စ်)ကွိုင်ကို ဂဟေဆော်ရာမှ ပေါက်ကွဲပြီး မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

နွားထိုးကြီးမှာ စျေးဝယ်ပြန်လာတဲ့ ရပ်ကျေးစာရေး အမျိုးသမီး ၁ ဦး ရှင်းလင်းခံရ

"သူ့အိမ်အတွက် ရွာထဲက ကုန်စုံဆိုင်မှာ စျေးဝယ်ပြီး ပြန်လာတာမှာ ဆိုင်ကယ် ၂ စီးနဲ့ လိုက်ပစ်တာလို့ သိရတယ်။ ရွာကို ကားလမ်းကဖြတ်ထားတော့ ကားလမ်းအတိုင်းလာရင်း ပစ်ခံရတာ။"

မုန်းတိုက်ပွဲတွင် ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၉ ဦးအပါ တပ်ဖွဲ့ဝင်မိသားစု ၆၁ ဦးကို ဥပဒေများနဲ့အညီ KNU က စောင့်ရှောက်ထား

"သုံ့ပန်းတွေရော၊ တပ်မိသားစုတွေပါ စည်းမျည်းစည်းကမ်းတွေနဲ့အညီ သေသေချာချာ ကောင်းကောင်းမွန်မွန် ထားပါတယ်။ KNU က အဓိကပံပိုးမှုနဲ့ စောင်ရှောက်ထားပါတယ်"

ကန့်ဘလူနယ်က အမြဲတမ်းစစ်ရှောင် ၄၀၀ အတွက် စောင်နဲ့အနွေးထည်လှူဒါန်း

" ကျနော်တို့ သွားလှူဖြစ်ခဲ့တဲ့နေရာက ကျွန်းလှကော၊ ကန့်ဘလူဘက်ကကော စစ်လာရှောင်နေတဲ့ နေရာ။ နောက်တခုက ပျူတွေကို လက်မခံလို့ပြေးလာတဲ့မိသားစုတွေလည်းပါတယ်။ လှူဒါန်းတာတွေက စစ်ရှောင်တွေအတွက်ကတော့ လုံလောက်မှုမရှိပါဘူး"

တောင်ငူနယ်ကရွာတွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့လူမပေးနိုင်ရင် PDF ရွာသတ်မှတ်ပြီး ရွာလုံခြုံရေးအတွက် အာမခံချက်မပေးနိုင်ဘူးလို့ စစ်တပ်ခြိမ်းခြောက်

" ကျနော်တို့ဘက်ကတော့ သူတို့ကို အယုံအကြည်မရှိလို့ မဝင်နိုင်ဘူး။ ဒီဘက်ခြမ်းက လူတွေအားလုံးကလည်း ပြည်သူစစ်ထဲဝင်ဖို့ ဘယ်သူမှ လက်မခံကြဘူး။ ဒီထက်ပိုပြီး အတင်းအကြပ်ဖိအားပေးလာရင်တော့ ကျနော်တို့စီစဥ်ထားတာရှိတယ်"

အောင်လံမှာ မကွေးစစ်ကောင်စီဝန်ကြီးချုပ် လမ်းဖွင့်ပွဲလာတက်ချိန် ဗုံးပေါက်ကွဲ

" ဖွင့်ပွဲလုပ်နေတဲ့အချိန် မြို့ပတ်လမ်းဘေး ပျားဂေဟာအရှေ့ဘက်နားလောက်က ပေါက်ကွဲသံက အကျယ်ကြီးထွက်လာတယ်။ ဝန်းကြီးချုပ်ဆိုသူလည်း တက်သုတ်ရိုက်ပြန်သွားတယ်"

တွဲကားနောက်ဆုတ်ချိန် ရပ်ထားတဲ့ကားကိုဝင်တိုက်လို့ ကားအောက်အိပ်နေတဲ့ယာဉ်မောင်းကို ကြိတ်မိပြီး သေဆုံး

" တွဲကားက တိုက်လိုက်တဲ့အရှိန်ကြောင့် သူ့ကားက သူကို ပြန်ကြိတ်သွားတဲ့သဘော။ တော်တော်အခြေအနေဆိုးဆိုးနဲ့ သေသွားတာလို့ ပြောရမယ်"

ဝမ်းတွင်းမှာ ယက္ကန်းရုံအလုပ်သမားက တူနဲ့ထုသတ်လို့ ပိုင်ရှင်အမျိုးသမီးအပါ ၄ လောင်းပြိုင်သေဆုံး

"သတ်သွားတဲ့သူက ပိုင်ရှင်ဆီမှာ ဆိုင်ကယ်ဝယ်ဖို့ ငွေချေးထားတယ်တဲ့။ အဲဒါ လကုန်လုပ်ခရှင်းတော့ ချေးထားတဲ့ငွေထဲက အချို့တဝက်ကို ဖြတ်တယ်ပြောတယ်။ အဲဒါနဲ့ပတ်သက်ပြီး စကားများကြတာကို မကျေနပ်လို့ လာပြန်လုပ်သွားတာ"

ကရင်လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်

"ကောင်လေးတွေက ခြံကနေ ကွမ်းသီးတွေခူးပြီး သူတို့အိမ်ကိုပြန်ဖို့ တံတားဖြတ်ချိန်မှာ ပစ်ခံရတာ။ ညီအကို ၂ ဦးစလုံး သေသွားတယ်။ အဲ့ဒါကို အလောင်းကောက်ဖို့သွားတဲ့ ပရဟိတသမားတဦးလည်း ဖမ်းဆီးခံလိုက်ရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10