Kyaw Gyi

ပဲခူးမှာ စစ်ကောင်စီသီတင်းကျွတ်မီးထွန်းပွဲကာလ လျှပ်စစ်မီးရရှိချိန် ပိုနည်းလာ

"အရင်ကတည်းက မီးကမမှန်တာ။ ခုကျ မီးထွန်းပွဲလုပ်နေတဲ့အချိန်မှာ ပိုဆိုးသွားတာ။ ဖွင့်ပွဲက လပြည့်နေ့မှ ဆိုပေမယ့် ဒီမတိုင်ခင် ၄၊ ၅ ရက်ထဲက စျေးတန်းတွေရှိတယ်။ အဲ့ဒီမှာကျ မီးက ထိန်လင်းနေရော။ ရပ်ကွက်တွေကျ လာချိန်မမှန်ဘဲ မလာတာက များတယ်။ ပွဲတော်ကိုကျ တနေကုန် နီးပါး မီးပေးထားတယ်"

စစ်အာဏာသိမ်း ရက် ၁၀၀၀ ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် (ရုပ်/သံ)

"သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားရှင်ကို တိုင်တည်ပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံး ပြုတ်ကျရေးနဲ့ နိုင်ငံနဲ့အနှံ့မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ကျဆုံးရဲဘော်တွေအတွက် ဆုတောင်းဆီမီးထွန်းပွဲလေးလုပ်ခဲ့တာပါ"

အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတဦး ရှင်းလင်းခံရ

"အလှူကနေ ပြန်လာချိန် ပစ်သတ်ခံရတယ်လို့တော့ သိရတယ်။ သူက စကစခန့်အုပ်ကြီးဆိုတော့ စကစ ခိုင်းတာမှန်သမျှ လုပ်တယ်"

ဦးပိန်တံတား ကျိုးကျလို့ လူ ၂၃ ဦးဒဏ်ရာရ

"ဒီနေ့က လပြည့်နေ့ဆိုတော့ လာရောက်လည်ပတ်သူတွေက များတော့ လူဝိတ်ကို မခံနိုင်ဘဲ ကျိုးကျသွားတယ်။ ကျတဲ့ အချိန်က လူ ၅၀ လောက်ရှိမယ်"

ပဲခူး၊ ပြည်၊ မကွေးနဲ့ မန္တလေးတို့မှာ ညမထွက်ရအမိန့်တွေကို ပယ်ဖျက် (ရုပ်/သံ)

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ပြည်မြို့အပြင် မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်တိုင်းက မြို့နယ်အချို့ကို ညမထွက်ရအမိန့် ပယ်ဖျက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြူးမြို့နယ်မှာ အမျိုးသား ၁ ဦးကို PDF ဆိုပြီး စစ်ကောင်စီပစ်သတ်

" သေနတ်လည်းပါတယ်လို့ စကစဘက်က တင်ထားတာဆိုတော့ သေနတ်ပါရိုးမှန်ရင် သေနတ်ပုံအရဆို UG အဖွဲ့ဝင်တဦးဖြစ်နိုင်တယ်။ အဲ့လိုမှ မဟုတ်ရင် ရွာသားကို PDF ဆိုပြီး ပစ်သတ်တာလည်းဖြစ်နိုင်တယ်"

အမြန်လမ်းမှာ ကားမောင်းရင်း ဖုန်းလှည့်ယူရာမှ ကားမှောက်လို့ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

" သိရသလောက်က ယာဥ်မောင်းက ကားမောင်းနေရင်းကနေ သူ့ဖုန်းလာလို့ ကားပေါ်ပါတဲ့ သူ့အဖော်က ဖုန်းလှမ်းပေးတာကို လှည့်ယူလိုက်တာမှာ ဘေးအကာကိုတိုက်ပြီး မှောက်သွားတာ"

မကွေးမှာ ညမထွက်ရအမိန့်ကို စစ်ကောင်စီ ပယ်ဖျက်

"အဲ့အမိန့်ထွက်တယ်လို့တော့ ကြားတယ်။ ဒါပေမဲ့လည်း ညက ၁၂ နာရီကျော်လောက်ကြီး အမျိုးသား တယောက်ကို ဗိုလ်ချုပ်လမ်းပေါ်မှာ အပြင်ထွက်လို့ဆိုပြီး ဖမ်းသွားသေးတယ်"

မိုင်းပေါက်ကွဲမှုမှာ ဒဏ်ရာရတဲ့အမျိုးသမီး ၃ ရက်အကြာမှာ သေဆုံး

"မနေ့ မနက်ကပဲဆုံးသွားလို့ ဆေးရုံကနေ နေအိမ်ကိုတော့ အလောင်းကို ပြန်သယ်လာပြီလို့ သိရတယ်။ နာရေးကိစ္စကတော့ လုပ်နေကြပါပြီ"လို့ ဒေသလူမှူကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

ကျောက်ကြီးမြို့နယ်ကို စစ်ကောင်စီက ၉ ရက်အတွင်း လေကြောင်းတိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ကို အောက်တိုဘာ ၁၇ ရက်ကနေ ၂၅ ရက်အထိ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့တယ်လို့ အောက်တိုဘာလ ၂၆ ရက်မှာ KNU ဗဟိုက ထုတ်ပြန်ထား​ပါတယ်။

စစ်ကိုင်းတံတားအောက် ရေဆင်းကူးတဲ့ညီအစ်မ ရေနစ်၊ တဦးအသက်ဘေးကလွတ်မြောက်

"သူတို့က ပလုံကောက်တဲ့အလုပ်ကြတယ်။ ရေဆင်းကူးတာ ရေနက်တဲ့အပိုင်းထိရောက်သွားတော့ ၂ ယောက်စလုံးနစ်နေတာ။ ဘေးနားကလူတွေကတွေ့လို့ အော်ဟစ်အကူအညီတောင်းလို့ ဝိုင်းဆယ်ကြတာ"လို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

ညောင်လေးပင်ခရိုင်ထဲက ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ၂ ပတ်အတွင်း ၂ ကြိမ် မိုင်းခွဲခံရ

"ရထားလမ်းကတော့ ခဏခဏ မိုင်းခွဲခံရလို့အထူးအဆန်းတော့မဟုတ်တော့ဘူး။ ခရီးသွားတွေမထိတာဘဲ ကံကောင်းတယ်ပြောရမယ်"လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီက ပဲခူးမြို့နယ်ထဲက သစ်စက်တွေကို ဖိအားပေးပြီး စီးပွားရှာ

"သူတို့လက်ထဲမှာ သစ်က မရှိဘဲ ဘာသစ်နဲ့ရောင်းမလဲ။ ပြီးတော့ သူတို့ ရောင်းမယ့်စျေးက ပြည်ပပို့တဲ့ စျေးဖြစ်နေပြီ။ ဘယ်သူက ဝယ်နိုင်မလဲ။ ဓားပြတိုက်သလိုဖြစ်နေပြီ" လို့ ဒေသခံသစ်စက်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဝါမဆိုနိုင်တဲ့ စစ်ရှောင်သံဃာတွေ (ဆောင်းပါး)

"စစ်တပ်က ရွာကိုလာရင် ဘုန်းကြီးကျောင်းမှာ တပ်စွဲတယ်။ ဘုန်းကြီးတွေလည်း မကျန်စစ်မေးတာပဲ။ သူတို့ ကျောင်းမှာလာနေတော့ တဖက်က လာပစ်ရင် ကြားညပ်မှာ” လို့ ဆရာတော်က ပြောပါတယ်။

ပဲခူးယာဉ်ထိန်းရဲက ဆိုင်ကယ်စီးသူတွေကို မျိုးစုံအပြစ်ရှာပြီး ကျပ် ၃သောင်းမှ ၁ သိန်းအထိ ဒဏ်ရိုက်

"ယာဥ်လမ်းစည်းကမ်းအတိုင်း မလိုက်နာလို့ ဖမ်းတာဆိုတာက ထားပါတော့။ ဒါတောင် မြို့ရေကြီးထားလို့ ပြည်သူတွေမှာ ဒုက္ခရောက်နေတာ လျော့ပေါ့စဥ်းစားသင့်တယ်။ ခုက မဆိုင်တာတွေပါ စစ်ပြီးငွေရအောင် လုပ်နေတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10