Kyaw Gyi

မြို့ပေါ်လာရှောင်နေတဲ့ ကြံခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

"သူတို့ရွာက တရွာလုံးနီးပါး ရွာမှာမနေကြဘူး။ စစ်တပ် စစ်ကြောင်းဝင်တာရှိသလို PDF အဖွဲ့တွေလည်း ဝင်တာတွေရှိတာကြောင့် ရွာကနေ အဆင်ပြေရာပြောင်းနေကြတာ။ ခုအသတ်ခံရတဲ့ အုပ်ကြီးကလည်း သူလည်း အသတ်ခံရမှာကြောက်လို့ မြိုပေါ်လာနေကာမှ ပစ်သတ်ခံရတယ်"

မိုင်းထိဒဏ်ရာနဲ့ဆေးရုံတက်ကုနေတဲ့ PDF သတင်းပေးခံရလို့ ဖမ်းဆီးခံရပြီး ၂ ရက်အကြာမှာ သေဆုံး

"သူဆေးရုံတက်နေရတာကို ဆေးရုံဝန်ထမ်းတဦးက စကစကို သတင်းပေးလိုက်လို့ လာဖမ်းသွားတာ။ သူ့ကို လူနာစောင့်ပေးနေတဲ့သူတွေတောင် မနည်းလွတ်အောင်ပြေးလာရတာ"လို့ နတ်မောက်ဂဠုန် PDFတာဝန်ခံ ဗိုလ်အောင်ဒင်က မြေလတ်အသံကို ပြောပါတယ်။

စျေးတက်ဝယ်ချိန် ဖမ်းခံထားရတဲ့ပြည်သူ ၂၀ နီးပါးကို ထောင်ချမယ်လို့ စစ်ကောင်စီပြော

"ဖမ်းဆီးခံရသူတွေက ဆိုင်ကယ်လိုင်စင်မပါလို့ အဲ့ဒါနဲ့ဆိုင်တဲ့ အမှုတွေနဲ့ ဖမ်းဆီးခံထားရတယ်လို့တော့ သိရတယ်။ သူတို့တွေက ကျောက်ကြီးနဲ့ ရွှေကျင်မြို​ပေါ်တွေတက်ပြီး စျေးမဝယ်ရဲလို့ ကျောက်တံခါးလာဝယ်ရင်းကနေ ဖမ်းဆီးခံရတာ။ ခုတော့ ကျောက်တံခါးရဲစခန်းမှာ ဖမ်းခံထားရတယ်။ ကျန်တဲ့ အသေးစိတ်အခြေနေတော့ မသိရဘူး"

နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်နဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီဖမ်းဆီးထား

"ကိုအားသစ်တို့ ဖမ်းဆီးခံလိုက်ရတာက ဟုတ်တယ်။ တပတ်လောက် ရှိတော့မလားပဲ။ ဆေးခန်းသွားပြချိန် ဖမ်းဆီးခံလိုက်ရတယ်လို့တော့ ကြားတယ်။ ကျန်တဲ့အခြေနေကို အသေးစိတ်တော့ မသိရသေးဘူး"

စစ်ကောင်စီခန့် အုပ်ကြီးလင်မယားကို စစ်ကောင်စီတပ်သားတွေ ပြန်ဖမ်း

"အုပ်ကြီးက သူမိန်းမနေမကောင်းလို့ ညောင်လေးပင်မှာ ဆေးခန်းပြပြီး ဆိုင်ကယ်နဲ့ပြန်လာကြတာ။ ရထားလမ်းအကျော်နားက ရွှေညောင်ပင် ကွမ်းယာဆိုင်နားမှာ ဖမ်းသွားတာ။ စကစ တပ်သားတွေက မြို့အထွက်မှာ စောင့်ဖမ်းသွားတဲ့ သဘောရှိမယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

မြင်းခြံမှာ သံဃာတော် ၁ ပါး အသတ်ခံရ

"မနေ့က ဂွေးပင်ရိုးက ဆရာတော်ပစ်သတ်ခံရတာက ဟုတ်တယ်။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရဘူး။ တောင်သာဘက်က လာတဲ့ စကစ စစ်ကြောင်းတွေက အဲ့ဘုန်းကြီးကျောင်းမှာ အမြဲလိုလို ဝင်နားတာနေတာတော့ ရှိတယ်။ အဲဒါနဲ့များဆက်စပ်နေမလားတော့ မပြောတတ်ဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

ကျွဲရိုင်းပြင် စစ်တောင်းမြစ်ကူးတံတားက စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံးဟုဆို

"သွားပစ်တာကတော့ သိပ်မကြာဘူး။ နာရီဝက်လောက်ပဲ။ တံတားမှာ သူတို့အင်အားများနေတာက စစ်ကြောင်းထိုးဖို့လား အရေးကြီးသတင်းရလို့လား မသိဘူး လူများနေတာ။ ခါတိုင်းတော့ အဲ့လောက်မရှိဘူး"

စစ်ကောင်စီရဲ့စစ်ရေးအရ အသုံးပြုနေရတဲ့ တံတားကို မိုင်းခွဲ

"စကစ တပ်က ဘုရားလဟာရွာမှာ အထိုင်ချပြီး တံတားနားမှာ ပြည်သူတွေကို စစ်ဆေးတာ၊ ပြီးတော့ သူတို့ တပ်စခန်းတွေအတွက် စစ်လက်နက် ရိက္ခာသယ်တာတွေလုပ်လို့ သူတို့အသုံးပြုနေတဲ့ တံတားကို မိုင်းခွဲခဲ့တာလို့" ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဖြူးမှာ တံတားစောင့် စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရလို့ ၄ ဦး သေဆုံးဟုဆို

"စကစ တံတားစောင့်အဖွဲ့ကို စနိုက်ပါနဲ့ ၂ ကြိမ်၊ ဒရုန်းဗုံးနဲ့ ၂ ကြိမ် သွားရောက်တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်ကတော့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ပေမယ့် ကျနော်တို့ဘက်ကတော့ ထိခိုက်တာမရှိဘူး"

စစ်ကောင်စီပစ်သတ်သွားတဲ့ လူငယ်ဟာ PDF မဟုတ်ဟု ရေစကြိုပကဖ ငြင်းဆို

"စကစ တယ်လီဂရမ်မှာက PDF ဆိုပြီးတင်ထားတာ တွေ့တယ်။ တကယ်က အဲ့ကလေးက တော်တော် ငယ်သေးတယ်။ သူဟာ စျေးဝယ်သွားပြီး အပြန်မှာ စကစ က ကားနဲ့ လိုက်ဖမ်းတယ်။ ဖမ်းခေါ်သွားပြီးမှ ပျူရွာဖြစ်တဲ့ ဆင်ချောင်းရွာနားမှာ သတ်သွားတာ"

ဝေါနယ်ထဲမှာ ဒေသခံတွေကို လက်နက်ထုတ်ပေးပြီး ပျူစောထီးတွေနဲ့ရောနှော ကင်းစောင့်ခိုင်း

"တအိမ်တယောက် အလှည့်ကျမစောင့်မနေရ ကင်းစောင့်ခိုင်းတယ်။ ကင်းစောင့်ချိန်လက်လုပ်သေနတ်တွေလည်း ပေးထားတယ်။ စစ်သားတွေက ဦးဆောင်တာ။ မစောင့်ချင်လည်း စောင့်ရတော့ ပြည်သူတွေက စိတ်ညစ်ရတာပေါ့။ တကယ်လို့ PDF ဝင်လာလို့ ပစ်ခတ်ကြရင် မဆိုင်ဘဲထိမှာလည်း စိုးနေကြတယ်"

ကျေးရွာချင်းဆက်လမ်းတွေကို စစ်ကောင်စီက ဖျက်ဆီးထားလို့ ဒေသခံတွေ သွားလာရေးခက်နေ

"ရွာထဲကနေ ထွက်တဲ့ မိန်းလမ်းတခုဘဲ ထားပြီး ကျန်လမ်းတွေကို အကုန်ဖျက်ထားတယ်။ မိန်းလမ်းမှာက သူတို့ စစ်ဆေးရေးဂိတ်ရှိတယ်။ ခုက ပုဇွန်းမြောင်းအပါအဝင် အခြားရွာတွေက စကစ စစ်ဆေးရေးဂိတ်ကို မဖြစ်မနေ ဖြတ်ပြီးသွားရတော့မယ်။ အဲ့လိုမှ မဟုတ်ရင်တော့ အခြားဘက်ကနေ လေးငါးမိုင်လောက် ကွေ့ပတ်ပြီး ညောင်လေးပင်မြို့ကို သွားရမယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ညောင်လေးပင်ခရိုင်အတွင်း ၅ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၃၂ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရဟုဆို

"ကျောက်ကြီးနဲ့ ကျောက်တံခါးထဲမှာ တိုက်ပွဲအများဆုံးဖြစ်ခဲ့တယ်။ ကျန်တာကတော့ KNU ထုတ်ပြန်ချက်အတိုင်းပါပဲ။ တိုက်ပွဲတွေဖြစ်တော့ စကစဘက်ကတော့ နေ့တိုင်းလက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ပစ်နေတာရှိတယ် "

အမြန်လမ်းမှာ ကားဘီးပွင့်ပြီး လမ်းဘေးသံတန်းကို ဝင်တိုက်လို့ ၁ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

" အရှိန်ကလည်းများတယ်။ တာယာပွင့်သွားတာကနေ ဘေးတန်းကို ဝင်တိုက်ပြီးတော့ ရပ်သွားတယ်။ ကားပေါ် မှာက လူ ၁၀ယောက်ပါတယ်။ ထိခိုက်သေဆုံးသူတွေရှိတယ်"

ပဲခူးအရှေ့ခြမ်းမှာ PDF နဲ့ ပြည်သူအကြား တွေ့ဆုံပွဲတွေ ပြုလုပ်နိုင်ခဲ့

" ပြည်သူတွေထံ စည်းရုံးရေးသွားတဲ့သဘောနဲ့ သွားရောက်တွေ့ဆုံကြတာရှိတယ်။ ခုလို ပြည်သူတွေနဲ့ တွေဆုံနိုင်တာက PDF တွေရဲ့နယ်မြေစိုးမိုးလာနိုင်မှု အခြေနေတရပ်ကို ပြည်သူတွေသိအောင် လုပ် ဆောင်ပြတာပါ။ ပြည်သူတွေက ရဲဘော်တွေကိုတွေ့တော့ အားရဝမ်းသာကြိုဆိုကြပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10