Kyaw Gyi

ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်က ပေါက်သဲကုန်းတံတား မိုင်းခွဲခံရလို့ ပျက်စီး

"အဲ့တံတားက ကျောက်ကြီးဘက်နဲ့ ပိုနီးတယ်။ ကျောက်ကြီးမြို့ပြီးရင် သဲကုန်းရွာပြီးတာနဲ့ အဲတံတားဘဲ။ တံတားကတော့ အတိုလေးပါဘဲ။ ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်က တံတားတွေကတော့ ကုန်နေပါပြီ။ မရှိသလောက်ကို ဖြစ်နေပြီ" လို့ ဒေသခံတဦးကပြောပါတယ်။

ဘုတလင်မှာ ၆၁ နှစ်ပြည့် ဆဲဗင်းဇူလိုင် အထိမ်းအမှတ်ပွဲကျင်းပ

ဇူလိုင် ၇ ရက် မနက်ပိုင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (စစ်ကိုင်းတိုင်းဒေသကြီး)က ဆဲဗင်းဇူလိုင်အခမ်းအနားနဲ့ သပိတ်စစ်ကြောင်း ချီတက်လှုပ်ရှားမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆားလင်းကြီးမှာ စစ်တပ်က အကြောင်းမဲ့ပစ်ခတ်လို့ ရွာသားတဦသေ၊ တဦးဒဏ်ရာရ

"ကျမ မောင်က နဂိုကလည်း အရက်သောက်တတ်တယ်။ အိမ်ကလူတွေနဲ့တောင် စကားကိုသေချာပြောတာမဟုတ်ဘူး။ စစ်ကြောင်းလာချိန် သူက ရွာအနောက်ဖက် တောလမ်းလေးမှာ ရောက်နေချိန် ပစ်သတ်ခံရတာ"လို့ သေဆုံးသူရဲ့ မိသားစုဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းထိလို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရဟု ဆို

"သူတို့လာနိုင်တဲ့ လမ်းကြောင်းမှာ မိုင်း ၅ လုံးတန်း ၂ ကွင်းဆင်ထားတာ။ မိုင်းကွင်းထဲကို ဝင်လာတာနဲ့ ဆွဲချလိုက်တာ။ မျက်မြင် ၂ ဦးတော့ လဲကျသွားတယ်။ သူတို့ထိသွားတဲ့လူတွေကိုတော့ ပြန်သယ်သွားပြီး မြို့ထဲဘက်ဆက်ဝင်သွားတယ်" လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းက သံချပ်ကာတပ်ရင်းဂိတ် ဗုံးပစ်ခံရလို့ ၂ ဦး ထိခိုက်ဒဏ်ရာရ

"စကစ တပ်သားတွေ ဂိတ်မှာ ရှိနေချိန် ပစ်ခတ်ခဲ့တာ။ ဗုံးက ဂိတ်ထဲကျ ပေါက်ကွဲတာရှိတာ။ ကျနော်တို့လည်း ပစ်ပြီးပြန်အဆုတ် သူတို့ဘက်က ၄၀ မမ တွေနဲ့ရော လက်နက်ငယ်တွေနဲ့ရော လိုက်ပစ်တာရှိတယ်။"

ချောင်းဦးတိုက်ပွဲမှာ PDF ၃ ဦးသေဆုံး၊ ကား ၄ စီးလည်း မီးရှို့ခံရ

“ရဲဘော် ရဲမင်းလွင်က နှလုံးကို သေနတ်ကျည်ဆံမှန်ပြီး နှလုံးသွေးပြန်ကြော ပေါက်ပြီး သွေးထွက်လွန် ကျသွားတာ၊ ရဲ‌ဘော် ကို K ကတော့ ဆီးခုံမှန်ပြီး ကျသွားတာ၊ တပ်သား လူပျိုကြီးကတော့ ဗိုက်ပွင့်သွားတာ” လို့ တပ်ရင်းမှူး ဗိုလ်ပျံလွှားက အတည်ပြု ပြောပါတယ်။

မိုင်းထိလို့ ဆေးရုံတက်ကုနေရတဲ့ PDF ၁ ဦး စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းခံရ

"သူက အလုပ်ကိစ္စနဲ့ ခြေလျင်သွားချိန်မှာ မိုင်းထိပြီး ဘယ်ခြေထောက်ပြတ်ဒဏ်ရာရလို့ ဆေးရုံတက်ကုနေတာ။ စကစဘက်က ဘယ်လိုသတင်းရပြီး လာဖမ်းသွားလဲဆိုတာ မသိရဘူး။ သူကိုက ကံဆိုးတာပါ။ အများပြည်သူ သွားနေတဲ့လမ်းမှာ ရွာသားတွေအများကြီး သွားလာနေကြတာ။ သူပဲ စကစ ထောင်ထားတဲ့ မိုင်းထိသွားတာ။"

မုံရွာမှာ ဓါးပြတိုက်ပြီး ပစ်ခတ်လို့ အမျိုးသားတဦး ဒဏ်ရာရ၊ ကားနဲ့ပစ္စည်းအချို့ပါသွား

"ဖြစ်တာက ကျောင်းဆရာမအိမ်လို့ သိရတယ်။ အနုကြမ်းစီးတဲ့သဘောမျိုး သေနတ်ပြ ပစ္စည်းယူပြီး ပြန်အထွက် ဆရာမမောင်က အော်ဟစ်လို့ ပစ်ခံလိုက်ရတာ မစိုးရိမ်ရဒဏ်ရာတော့ ရသွားတယ်"

ပဲခူးက အစာအဆိပ်သင့်တဲ့ ကလေးလူကြီး ၁၂၀ ကျော်ဆေးရုံပြန်ဆင်း ၄ ဦးသာကျန်

"ဆေးရုံ ၂ ခုမှာ တက်နေတဲ့ ကလေး၊ လူကြီး၊ ကိုရင်တွေ သက်သာလို့ ဆေးရုံပြန်ဆင်းကြပြီး။ ကလေး ၄ ဦးကတော့ အားနည်းနေသေးလို့ လောလောဆယ် ပြန်မဆင်းရသေးဘူး။ ကျန်ခဲ့တဲ့ ကလေးတွေလည်း အခြေနေကောင်းပါတယ်" လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

နွားထိုးကြီးမှာ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရလို့ သေဆုံး

"သူက စကစခန့် အုပ်ချုပ်ရေးမှူးဆိုတော့ စကစ ခိုင်းသမျှ အကုန်လိုက်လုပ်တာတော့ရှိတယ်။ အခုက သူ့အကို နာရေးသွားချိန်မှာ ပစ်ခတ်ရှင်းလင်းခံရတာလို့တော့ သိရတယ်"

မွေးနေ့အလှူ ခေါက်ဆွဲကြော်စားမိတာကနေ အစာအဆိပ်သင့်လို့ ကလေး၊ လူကြီး ၁၃၀ ခန့် ဆေးရုံရောက်

"မွေးနေ့အလှူမှာ ကျွေးတဲ့ ခေါက်ဆွဲကြော်စားကြပြီး ဖြစ်တာလို့ သိရတယ်။ ခေါက်ဆွဲကြော်ထဲပါတဲ့ အသီးအရွက်တွေက ပိုးသတ်ဆေးတွေကြောင့်လား၊ မသန့်တာ တခုခုပါသွားလို့လား။ ဘာကြောင့်လဲဆိုတာကတော့ ဆရာဝန်တွေပဲ သိလောက်မယ်"

ချောင်းဦး-အမြင့်လမ်းပိုင်းမှာ မိုင်းထိလို့ အမျိုးသား ၁ ဦးသေဆုံး

"သိရသလောက်က သူက ထော်လာဂျီမောင်းတဲ့ သူပဲ။ ချောင်းဦးမြို့ထဲနေတာ။ ဘာအတွက်ကြောင့် အဲ့လမ်းကို သူလာလည်းတော့မသိရဘူး။ အဲ့လမ်းပိုင်းက မိုင်းတွေရှိတတ်လို့ အသုံးနည်းကြတယ်"

လမ်းပေါ်တက်လာတဲ့ စိတ်ကျန်းမာရေးချို့ယွင်းသူကို ရှောင်ရာက ကား ၂ စီး တိုက်မိပြီး ၁ ဦးသေ ၃ ဦးဒဏ်ရာရ

"ဖြစ်တဲ့ ကားတွေကလာချိန် စိတ်ကျန်းမာရေးမကောင်းသူက ရုတ်တရက် လမ်းပေါ်တက်လာတာမြင်ပြီး ကား ၂ စီးက ရှောင်ရင်း မျက်နှာချင်းဆိုင်ပုံစံ တိုက်မိကြတာ။ ဒိုင်နာယာဥ်ပိုင်ရှင်ကတော့ နေရာမှာပဲဆုံးသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ကန့်ဘလူမှာ လူနေအိမ်နဲ့ စစ်ရှောင်တဲ ၃၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

"စကစ စစ်ကြောင်းထွက်လာတယ်လို့ သတင်းရကတည်းက ပြည်သူတွေက ကြိုပြေးနေရတာ။ ဒါတောင် မကျီးကုန်းမရောက်ခင် စစ်ကြောင်းပျောက်သွားလို့ ဒေသခံသခံတွေက ဘယ်ပြေးရမှန်းမသိဖြစ်သွားသေးတယ်။ ဒီဘက်က ဒေသခံတွေကတော့ စစ်ကြောင်းလာမယ့် လမ်းကြောင်းသိရတာနဲ့ ဘယ်ကို လွတ်အောင်ပြေးရမလဲ ဆိုတာ တွက်ချက်တတ်နေပြီ"လို့ ကန့်ဘလူခရိုင်၊ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူကပြောပါတယ်။

မင်းတုန်းနယ်က ဗိုလ်ပျံလွှားကို ဘယ်သူတွေ သတ်ခဲ့တာလဲ

ကျောင်းပေါ်သို့ရောက်သည့်အခါ ဗိုလ်ပျံလွှားက “ကျနော် ပျံလွှားပါ” ဟု စတင်မိတ်ဆက်သည်။ ပြီးလျှင် မင်းတပ် တော်လှန်ရေးကစလို့ မကွေးတိုင်းပေါက်မြို့နယ်၊ ကင်းမရွာမှာ စတင်ခဲ့သည့် သူ၏လက်နက်ကိုင် တော်လှန်ရေးခရီးအစကို မိတ်ဆက်ကာ ရှင်းပြသည်။ ဗိုလ်ပျံလွှားက ထိုသို့စကားပြောနေစဉ် မင်းတုန်းပကဖအဖွဲ့မှ ဒုတိယခေါင်းဆောင် ကိုဒေါင်းသည် ငကုန်းစာသင်ကျောင်းဆောင် အရှေ့ဘက်ရှိ လှေခါးမှနေ၍ ဗိုလ်ပျံလွှားအား သေနတ်ဖြင့် လှမ်းပစ်လိုက်သည်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10