Kyaw Gyi

စစ်တပ်ထောက်တိုင် သတင်းဌာနအမည်ခံပြီး ငွေတောင်းကြမ်းနေသူ ၁ ဦး ပစ်သတ်ခံရ

"သူက သတင်းဌာန နာမည်ရော၊ စကစ နာမည်ပါသုံးပြီး လောင်းကစားဝိုင်းတွေ၊ ရေနံမြေတွေမှာပါ ခြိမ်းခြောက်ငွေတောင်းတာတွေရှိတယ်။ ငွေတောင်းကြမ်းတာကတော့ နာမည်ဆိုးထွက်နေသူပါ"

မြင်းခြံမှာ PDF ၅ ဦး တိုက်ခိုက်ခံရလို့ သေဆုံးပြီး လက်နက်တွေပါသိမ်းခံလိုက်ရ

"စကစဘက်က သင်္ချိုင်းကုန်းနားက လယ်ကသင်းကုန်းကို အကာအကွယ်ယူပြီး စောင့်နေတာ။ သတင်းပေါက်သွားတာဖြစ်နိုင်တယ်။ ကျနော်တို့ဘက်က ရဲဘော်တွေက ၁၀ ဦး ဆိုင်ကယ်နဲ့လာတာ။ မြင်လဲ မြင်ရော စကစ ဘက်က အော်တိုတွေနဲ့ပဲ အသားကုန်ပစ်ကြတာ။ ရှေ့ကသွားတဲ့ ဆိုင်ကယ် ၂ စီး ရဲဘော် ၄ ဦးက လွတ်သွားတယ်"

ကန့်ဘလူမှာ အုပ်ချုပ်ရေးမှူးအပါ ၃ ဦးမိုင်းထိလို့ ဒဏ်ရာရ

"နတ်ပေးက ကန့်ဘလူမြို့နဲ့ သိပ်မဝေးဘူး။ စကစ ထိန်းချုပ်နယ်မြေထဲမှာ ရှိတယ်လို့ပြောရမယ်။ အမျိုးသမီးကြီးက လမ်းသွားရင်း အရင်ထိတာ။ အဲ့ဒါကို အုပ်ကြီးနဲ့အဖွဲ့က လာစစ်ချိန် ထပ်ထိတာ"

CAF အဖွဲ့ရဲ့ လက်နက်ထုတ်စခန်း မီးလောင်လို့ ကျပ်သိန်း ၃၅၀ ကျော်ဖိုး ဆုံးရှုံး

"မီးလောင်သွားတာက ပင်မထုတ်လုပ်ရေး အမှတ် ၁ ပါ။ မီးလောင်တဲ့အချိန်မှာ ရေကလည်း အရန်သင့်မရှိနေတော့ မီးငြှိမ်းသတ်ဖို့ခက်သွားလို့ ဆုံးရှုံးမှုကြီးသွားတာ။ မီးက ၄၅ မိနစ်လောက် လောင်သွားတာ။ ကံကောင်းတာက သိုလှောင်ထားတဲ့ ဓာတ်ဆီတွေ မီးမလောင်သွားတာပဲ"

သံတောင်ကြီးက မြို့နယ်ပညာရေးမှူးရုံး မီးလောင်

"မီးက လူတွေ အိပ်ကောင်းချိန်လောင်တာ။ ဘာကြောင့်လောင်လဲဆိုတော့ ရှို့မီးလို့တော့ ပြောကြတာပဲ။ ကိုယ်တိုင်မမြင်လို့ အတည်ပြုဖို့တော့ ခက်တယ်။ တော်တော်လေးလည်း လောင်သွားတယ်"

စစ်ကိုင်းမှာ ပန်းသပိတ်လုပ်လို့ဆိုကာ အမျိုးသမီးငယ် ၁ ဦးအပါအဝင် ၂ ဦးဖမ်းဆီးခံရ

"မနေ့က ရဲတွေကော၊ တပ်တွေကော ဆိုင်မှာဝင်လာပြီး ဖမ်းသွားတာ။ စကစ တယ်လီဂရမ်ချန်နယ်တွေမှာ တင်ခံရလို့ လာဖမ်းသွားတာလို့ပဲ သိရတယ်။"

စစ်ကိုင်းမြို့မှာ မိုင်းထိလို့ အမျိုးသား ၁ ဦးဒဏ်ရာရ

"သူက စက်ဘီးနဲ့ပြန်လာချိန် အိတ်အမဲတလုံးလမ်းပေါ်မှာတွေ့လို့ စက်ဘီးရှေ့ဘီးနဲ့ လမ်းဘေးကို ဖယ်လိုက်တဲ့အချိန် ပေါက်ကွဲမှုဖြစ်ပြီး သူ့ကို အစတွေ စင်ကုန်တာ"

ပုလဲနယ်က ပျူစောထီးရွာ ဒရုန်းနဲ့ ၄ ရက်ဆက် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

"နဂိုက ပျူတွေပဲရှိနေတဲ့ရွာကို စစ်ကြောင်းကလာပေါင်းပြီး တပ်စွဲနေနေတာ။ ၄ ရက်မှာဗုံး ၁၄ လုံးကျော် ချခဲ့တာ။ သူတို့တွေက ရွာထဲမှာ ဘန်ကာတွေနဲ့ အသေအချာနေတာ"

ရှေ့တန်းရောက် PDF တွေ ပန်းသပိတ်ပြုလုပ်

"ကျနော်တို့က ရှေ့တန်းရောက်နေတာဆိုတော့ အထွေအထူးတွေတော့ အခမ်းအနားနဲ့မလုပ်နိုင်ဘူး။ ဒါပေမယ့် စစ်ကောင်စီတပ်တွေကိုလည်းတိုက်ရင်း ပန်းသပိတ်ကို အကျဥ်းချုံးလုပ်ခဲ့ကြတယ်"

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှုများ ပဲခူး၊ ပြည် နဲ့ ပေါင်းတည်မြို့တို့မှာ ပြုလုပ်

"ဒီမနက် ပန်းသပိတ်မှာ ပါဝင်ပေးဖို့ ရှေ့ရက်တွေကတည်းက ကျနော်တို့နဲ့ စိတ်တူကိုယ်တူ ခံယူချက်တူတဲ့ လူတွေစုပြီးတော့ ပန်းသပိတ်လုပ်ဖို့ တိုင်ပင်ဖြစ်တယ်။ စိတ်ပါဝင်စားသူတွေက ဒီမနက်မှာ ​ပူပေါင်းလုပ်ဆောင်ပေးခဲ့ကြတယ်။"

ကြံ့ခိုင်ရေးပါတီ အကြီးပိုင်း ၂ ဦးစီးလာတဲ့ကားက လူငယ် ၂ ဦးသေဆုံးအောင် တိုက်မှုအရေးယူတာ မရှိသေး

"အဲ့ညက မိုးကလည်း ရွာနေတယ်။ ယာဥ်တိုက်မှုဖြစ်ပြီးတော့ ကြံ့ခိုင်ရေးကလူတွေက နယ်ထိန်းကို ဖုန်းဆက်ပြီး ထွက်သွားတယ်။ ကလေးတွေက လမ်းပေါ်မှာ သေပြီးကျန်ခဲ့တာ။ ဖြစ်ဖြစ်ချင်း ​သေတဲ့ကလေးတွေက ဘယ်ကမှန်းလည်း မသိခဲ့ရလို့ ရဲဘက်ကပဲ ဝေါဆေးရုံကို ယူသွားတယ်"

မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်းက ပန်းသပိတ်ပြုလုပ်

"ကျနော်တို့အနေနဲ့ ဒီလှုပ်ရှားမှုကနေ အကြမ်းဖက်စစ်ကောင်စီဆီက ဘာမှ တောင်းဆိုစရာမရှိပါဘူး၊ ​ပြောချင်တာက ဆန္ဒပြတာတော့မဟုတ်ဘူးပေါ့ဗျာ၊ သူတိုဘက်က စပြီးလက်နက်အားကိုးနဲ့ အနိုင်ကျင့်ခဲ့လို့ ကျနော်တို့လူငယ်တွေ လက်နက်ကိုင်ပြီး ပြန်ခုခံခဲရတာ အားလုံးအသိပါပဲ"

ထန်းတပင်မှာ ပြည်သူ ၂ ဦး နင်းမိုင်းထိလို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

"အဲ့လမ်းပိုင်းမှာက တပ်ကအဖွဲ့တွေရော ကာကွယ်ရေးတွေဘက်ကရော လမ်းတွေပိတ်ပြီး မိုင်းထောင် ထားတာရှိတယ်။ သူတို့ဖြစ်တဲ့နေရာက မိန်းလမ်းမပေါ်သစ်ပင်လှဲထားတာကို အောက်ကနေ ပတ်သွားတဲ့အချိန် ထိသွားတာ။ သွားစရာလမ်းတွေရှိပေမယ့် ကံဆိုးချင်တော့ မိုင်းရှိတဲ့နေရာကိုမှ ဖြတ်သွားမိတာ"လို့ ဒေသခံတဦး က ပြောပါတယ်။

ဆိုင်ကယ်နဲ့ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး လမ်းမှာသတ်ခံရ

"ကျနော်တို့သိရသလောက်က အင်ကြင်းကုန်းဆိုတာရှိတယ်။ အဲနားမှာ အုပ်ကြီးကိုခြေထောက်လက်တွေ ဓားနဲ့မွှန်းပြီး သေနတ်နဲ့ပစ်သတ်သွားတာ။ မသေခင် နှိပ်စက် စစ်ဆေးသွားပုံပဲ"

ညောင်ခါးရှည်ရဲစခန်း တိုက်ခံရပြီးနောက် အဖမ်းခံရသူတွေအနက် စစ်ကြောရေးမှာ သေဆုံးသူ ၅ ဦးထိရှိလာ

"ခုက ရဲဘက်က သေဆုံးတယ်ဆိုတာ အတည်ပြုပေးလိုက်တဲ့ သဘောပါ။ သေဆုံးသူတွေထဲကမှာ တယောက်ပဲ မိသားစုဝင်တွေက ဆေးရုံမှာ အလောင်းသွားကြည့်ရတယ်။ ကျန်သူတွေက အလောင်းလည်း မမြင်ရဘူး။ ဘယ်နေ့မှာ ဘယ်လိုဆုံးသွားတယ်ဆိုတာလဲ မသိရဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10