Kyaw Gyi

စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ပြည်သူ ၄ ဦးဒဏ်ရာရ၊ နေအိမ် ၅ လုံးပျက်စီး

"ပိန်းဇလုပ်တပ်က လက်နက်ကြီးက နေ့တိုင်းနီးပါးပစ်နေတာ။ တနေ့ကို သုံးလေးလုံးပဲ။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာတွေကို ပစ်မှတ်ထားပစ်နေတာ။ အဲ့ဒီနေ့ကလည်း သူတို့ဘက်က ပစ်တာ၊ ရွာထဲကျလို့ ထိကြတာ"

Elite ခရီးသည်တင်ယာဥ် ဝင်တိုက်လို့ လမ်းဖြတ်ကူးသူ အမျိုးသမီး သေဆုံး

"အမျိုးသမီးက ဒီကဒေသခံ မဟုတ်ဘူး။ မင်းဘူးဘက်ကနေ ဒီကယာထဲမှာ ပေါင်းနုတ်လုပ်ဖို့အတွက် မနေ့ကမှ ရောက်လာတာ။ ခုဖြစ်တဲ့အချိန်မှာလည်း သူက ယာထဲအလုပ်လုပ်နေရာကနေ အပေါ့သွားဖို့ဆိုပြီး လမ်းဖြတ်ကူးရာမှာ ကားကဝင်တိုက်သွားတာ"

ရွှေဘိုမှာ စစ်အုပ်စုတိုက်ခိုက်ခံရလို့ ၃ ဦးသေ ၇ ဦးထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ဩဂုတ် ၂၆ ရက် ည၉ နာရီခန့်မှာ ရွှေဘိုမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီအင်အား ၈၀ ခန့်ပါတဲ့ အဖွဲ့ဟာ မြို့ရှောင်လမ်းဘက်ကို ကင်ပုန်းချဖို့ထွက်လာချိန်မှာ ပဒေသာမိုင်း ၅ လုံး ၃ ပွိုင့်ဆွဲပြီး တိုက်ခိုက်ခဲ့သလို ၆၀ မမ လက်လုပ် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ စစ်ကောင်စီကင်းပုန်းက ပစ်ခတ်လို့ လူငယ် ၂ ဦးသေဆုံး

"သူတို့က ကိုရီးယားဘာသာစကားသင်တန်းတက်နေတာ နွားထိုးကြီးနဲ့ရွာကို သွားလိုက်ပြန်လိုက်ပဲ။ သူတို့နေတဲ့ အောင်ပန်းကုန်းရွာနဲ့ နွားထိုးကြီးကလည်း ၃ မိုင်လောက်ပဲ ဝေးတာ။ စကစဘက်က ဆိုင်ကယ်တားတာမရပ်ပေးလို့ ပစ်တာ"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အုတ်ဖိုမြို့နယ်က အုပ်ကြီးလုပ်ဖို့ကြိုးစားနေသူ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး ရှင်းလင်းခံရ

"သူကိုစောင့်ကြည့်နေတာကြာပြီ။ အခြေအနေပေးလို့ ရွာမြောက်ပိုင်းတန်းမှာရှိတဲ့ သူရဲ့နေအိမ်ထဲမှာ ဝင်ရောက်ပစ်ခတ်ခဲ့တာ။ ၂ ချက်ပါ။ နေရာမှာပဲ သေဆုံးသွားတယ်။"

ရွာသားတွေကြောက်အောင် စစ်တပ်ခေါ်ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

အုပ်ချုပ်ရေးမှူး ဦးမြင့်ငြိမ်းဟာ ကျေးရွာသားတွေ သူ့ကို မကြောက်တာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်ကို ကျေးရွာကိုခေါ်ပြီး ဆိုင်ကယ်တွေ ဖမ်းဆီးငွေတောင်းခိုင်းတာ၊ ကျေးရွာထဲက CDM ဝန်ထမ်း အမျိုးသမီးတဦးကို စစ်တပ်နဲ့ခြိမ်းခြောက်ဖမ်းဆီးခိုင်းပြီး လက်ဝတ်လက်စားတွေ သိမ်းယူတာကြောင့် ရှင်းလင်းလိုက်တာလို့ နတ်မောက် ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်ကပြောပါတယ်။

တက်မရေနံမှော် ရေနံတွင်းလုပ်သားတွေ စားဝတ်နေရေးခက်ခဲနေ

တပိုင်တနိုင်ရေနံတူးသူတွေအနေနဲ့ အခြားလုပ်ငန်းသစ် ပြန်လည်လုပ်ကိုင်ဖို့ ငွေကြေးအရင်းအနှီးနည်းပါးတာနဲ့ ဒေသအတွင်း အလုပ်အကိုင်ရှားပါးတာတွေကြောင့် အခက်တွေ့နေရပြီး ရေနံတွင်းလုပ်သားတွေမှာလည်း ရရာအလုပ်တွေကို လုပ်ကိုင်နေကြပေမယ့် အခြေခံစားကုန်တွေ စျေးနှုန်းကြီးမြင့်တာကြောင့် စားဝတ်နေရေးခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

Facebook မှာ စစ်တပ်မကောင်းကြောင်း ဝေဖန်ရေးသားသူ ဆရာဝန်ဗိုလ်ကြီး ၁ ဦး သေဒဏ်ချမှတ်ခံရ

"သူက လက်ရှိ ပါရဂူ တတိယနှစ်တက်နေတာ။ တပ်မတော်ပုန်ကန်တာတွေ ရေးလို့ဆိုပြီး ဖမ်းဆီးစစ်ဆေးပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ကနေပြီး သေဒဏ်ချလိုက်တာ။ ကျန်တဲ့ သူနဲ့အပတ်စဥ်တူသူတွေရော မိတ်ဆွေတွေရော အကုန်လုံးက မသိသလို နေကြတယ်။ သူတို့ဘက်ကို လာပတ်မှာစိုးလို့နေမယ်"

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိလို့  ကြံ့ခိုင်ရေးအမာခံ ၂ ဦးသေဆုံးပြီး ​ဒဏ်ရာရသူတွေရှိ

"စစ်တောင်းအနောက်ဘက်ကမ်းကနေ အ​ရှေ့ဘက်ကမ်းကို ပစ်တာပေါ့။ လေးငါးလုံးလောက်ရှိမယ်။ အဲ့ထဲက တလုံးက ပင်ကျော်ရွာထဲကျတာ။ အဲ့ရွာက အစိမ်းထောက်ခံသူများတယ်။ ခုလက်နက်ကြီးကျတာလည်း အစိမ်းထောက်ခံသူတွေနေတဲ့ အိမ်နားကျပြီး ထိကြတာ။"

စစ်တပ်က တိုက်လေယာဥ် ၄ စီးနဲ့ဗုံးကြဲလို့ ဒေသခံ ၁ ဦးသေ၊ KNLA ပူးပေါင်းအဖွဲ့ဝင် ၁ ဦးဒဏ်ရာရ

စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ စောဘဘယ်စယ်ဖိုး ၂၈ နှစ်ဟာ ခန္ဓာကိုယ် ဗုံးစမှန် ဒဏ်ရာတွေရပြီး နေရာမှာဘဲ သေဆုံးသွားသလို KNLA ပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော်မေတ္တာ ၂၃ နှစ် ပေါင်အစမှန်ဒဏ်ရာတွေ ရသွားတယ်လို့ ဆိုပါတယ်။

ပဲခူးနဲ့ မွန် အစပ်မှာ BGF တပ်ဖွဲ့ဝင် ဗိုလ်အဆင့်ရှိသူနဲ့ ဇနီး ပစ်ခတ်ခံရပြီး သေဆုံး

"သူတိူ့လာမယ့်လမ်းမှာ ကျနော်တို့ဘက်က ရဲဘော်တွေက စောင့်ပြီး ပစ်ခတ်ခဲ့တာ။ ရဲဘော် ၅ ယောက်ဆို တယောက်ကို ကျည် ၃ ဘောက်လောက် ကုန်သွားတယ်။ နှစ်ယောက်စလုံးကို ရှင်းလင်းနိုင်ခဲ့တယ်"လို့ ဝေါမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ကိုယ်ဝန်ဆောင် ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး အမျိုးသား ၇ ဦးကို  ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်

"သူတို့ကို ဖမ်းဆီးပြီးကတည်းက လိုအပ်တာစစ်ဆေးပြီး မုံရွာခရိုင်တရားရေးကို အပ်ထားပါတယ်။ ခုတော့ သူတို့ကို လူသတ်ဓားပြမှုတွေနဲ့ ပုဒ်မတပ် တရားစွဲထားတယ်။ ကျန်တာက တရားရေး အပိုင်းဖြစ်လို့ သက်ဆိုင်ရာက ဆက်လုပ်ပါလိမ့်မယ်"လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြူံရေးအဖွဲ့ တာ ဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းမှာ အမျိုးသား ၂ ဦးဆိုင်ကယ်စီးရင် ဆိုင်ကယ်သိမ်းပြီး လူကိုပါ ထောင်ချနေ

"ခုလထဲမှာ တော်တော်လေး အဖမ်းအဆီးများလာတယ်။ တနေရာတည်းမှာ စောင့်ပြီး ဖမ်းတာမျိုး မဟုတ်ဘူး။ သူတို့ဖမ်းချင်တဲ့အချိန် ဖမ်းတာဆိုတော့ ရှောင်ချိန်မရကြဘဲ ဖမ်းခံရတာတွေများတယ်။ အလစ်စောင့်ဖမ်းတာမျိုး။ သူတို့နဲ့ မတွေ့ရင် စီးပြီးသွားနေကြတာပဲ"

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျပြီး ပြည်သူ ၁ ဦးသေ ၁ ဦး ဒဏ်ရာရ

"တိုက်ပွဲမရှိဘဲ ဒီလိုပဲ ပစ်ခတ်နေတာ။ သုံးလုံးပစ်တယ်လို့သိရပြီး တလုံးက လယ်ကွင်းထဲကျရာမှာ တောင်သူတယောက်နဲ့ ငါးဖမ်းသူတယောက်ထိသွားတယ်"

အိပ်ယာဘေး ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်ပြီး လူ ၃ ဦးသေဆုံး

"ညက မီးမလာတော့ ခြင်ထောင်ဘေး ဖယောင်းတိုင် မီးထွန်းအိပ်ကြတာနေမယ်။ မီးလောင်တော့ ကျန်းမာရေးမကောင်းတဲ့သူကော အိမ်သားတွေကော မီးလောင်သေဆုံးသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10