Kyaw Gyi

မကွေးမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ အမျိုးသားအလောင်းတွေ့

"ရေမြောင်းထဲမှာ အမျိုးသားအလောင်းတွေ့တာကို လမ်းသွားလမ်းလာတွေက တွေ့တာ။ အလောင်းအခြေအနေကို ကြည့်ရတာ သေဆုံးထားတာ အနည်းဆုံး ၅ ရက်လောက်ရှိပြီ ယူဆလို့ ရတယ်။ ရေပါပွနေတော့ ရုပ်ဖမ်းဖို့တောင် ခက်နေပြီ"

ကျောက်တံခါးက လျှပ်စစ်တာဝါတိုင်နဲ့ ရထားလမ်း မိုင်းခွဲခံရ

"လျှပ်စစ်တာဝါတိုင် မိုင်းခွဲခံရတာက ဟုတ်တယ်။ ဘာကြောင့် ခွဲတယ်ဆိုတာက စစ်ရေးဗျူဟာတွေ ဖြစ်နေလို့ ပြောဖို့အဆင်မပြေဘူး။ ရထားလမ်း မိုင်းခွဲခံရတဲ့အခြေနေကတော့ သေချာမသိရသေးဘူး။ ခွဲခံထားရတယ်လို့ပဲ သိရတယ်"

ဒိုက်ဦးမြို့နယ် အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၁ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

"ဖြစ်တဲ့အချိန်မှာ မိုးကလည်း ရွာနေ အရှိန်ကလည်းများဆိုတော့ စလစ်ဖြစ်ပြီး မှောက်သွားတာ။ ကားပေါ်မှာက ယာဥ်မောင်းအပါအဝင် ၁၆ ဦးပါတယ်။ သေဆုံးသူကော ဒဏ်ရာရသူတွေကောရှိတယ်"

ရေတာရှည်က အုပ်ချုပ်ရေးမှူးရဲ့ ယောက္ခမ ပစ်ခတ်ခံရပြီး သေဆုံး

"သွားတာက တင်မောင်နိုင်ကို ဖမ်းဖို့သွားတာ။ သူကထွက်ပြေးချိန်မှာ သူယောက္ခထီးက ဓားထဆွဲတော့ ပစ်ခတ်ခဲ့တယ်။ နောက်မှာ ဒလန်စာရင်းပြန်ကြည့်တော့ သူတို့လည်းပါတယ်။ အုပ်ကြီးကော သူမိန်းမကော သူယောက္ခထီးကော ဒလန်တွေပါ။ ကျန်တဲ့သူကိုတော့ ဘာမှ မလုပ်ခဲ့ဘူး"လို့ ရေတာရှည် ပကဖ တာဝန်ရှိသူ က ပြောပါတယ်။

စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးကျည်က ကြံ့ခိုင်ရေးထောက်ခံသူ နေအိမ်တွေကို ထိမှန်ပျက်စီး

"လာပစ်တာက စကစ အဖွဲ့က ၃ ဦးလောက်ဘဲ လက်နက်ကြီးထမ်းလာပြီး ဒိုးတန်းဘက်ကို ပစ်ခဲ့တာ။ စစ်တောင်းမြစ် ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို လှမ်းပစ်တာ။ တပ်ထောက်ခံသူ ကြံ့ဖွတ်အိမ်ထိတော့ ဆဲတာ မိုးမွှန်နေတာဘဲလို့ ပြန်သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ရွှေကျင် - ကျောက်ကြီးလမ်းပိုင်းကို စစ်ကောင်စီဖျက်ဆီးထားလို့ ဒေသခံတွေသွားလာရေးအခက်တွေ့

"ခုလမ်းက အရင် အင်္ဂလိပ်ခေတ်ကတည်းက လမ်းတွေ။ ခုက သူတို့ဂိတ်တွေကို ဝင်တိုက်ခံရမှာစိုးလို့ ဖျက်လိုက်တာနဲ့ တူတယ်။ ခုလောလောဆယ်တော့ ပြည်သူတွေဒုက္ခရောက်ရတာပေါ့။ သွားလာရ အဆင်မပြေတော့ဘူး။ သူတို့ဖျက်ထားတာဆိုတော့ ဘယ်သူမှလည်း မပြင်ရဲဘူး"

ပြန်ပေးဆွဲပြီး ကျပ်သိန်း ၇၀၀ တောင်းသူတွေလို့ သံသယရှိသူတွေကို မုံရွာပကဖ ဖမ်းဆီးစစ်ဆေးနေ

"ဒလန်စွပ်စွဲချက်နဲ့ လုပ်ငန်းရှင်ကို ၅ ရက်နေ့မှာ ဖမ်းတယ်။ ၆ ရက်နေ့မှာ မိသားစုဆီကို ဆက်သွယ်ခြိမ်းခြောက်ပြီး ငွေတောင်းတယ်။ ၇ ရက်နေ့မှာ ငွေရတော့ လူကို ပြန်လွှတ်ပေးလိုက်တယ်။ အဲ့သတင်းကြားတော့ စုံစမ်းပြီး ပြန်ပေးဆွဲတဲ့အဖွဲ့ရဲ့ စခန်းနေရာမှာ ဝင်ဖမ်းခဲ့ရတယ်"လို့ မုံရွာမြို့နယ် ပကဖ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ရွှေဘိုမြို့က စစ်ကောင်စီဂိတ် ပစ်ခတ်ခံရ

"ရွှေဘိုကနေ မန္တလေးဘက်ထွက်တဲ့ မုဒ်ဦးနားမှာ တပ်စွဲထားတဲ့ အဖွဲ့ကို ၆၀ မမ အစစ်တွေနဲ့ရော လက်လုပ်တွေနဲ့ရော သွားပစ်ခဲ့တယ်။ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်။ လက်နက်ကြီးအချက်ရေဆို ၅၀ ကျော်လောက်ရှိမယ်"လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ကမ်းနီရေနံမြေက ရေနံစိမ်းတွေကို စစ်တပ်အရာရှိတဦးအပါအဝင် လူတစုက ခိုးထုတ်နေတယ်လို့ဆို

"ရေနံမြေလုံခြုံရေးအဖွဲ့ဝင်တွေက အထဲက ရေနံစိမ်းတွေကို ခိုးထုတ်ပေးတယ်။ ဗိုလ်ကြီး မင်းဝေနဲ့ ပဏာစားတဲ့သူတွေက ဝယ်ယူတယ်။ ကမ်းနီစခန်းက နယ်ထိန်းက လမ်းကြောင်းကြည့်ပေးတယ်။ အဲ့လိုနည်းနဲ့ နိုင်ငံပိုင်ရေနံစိမ်းတွေကို ခိုးထုတ်နေကြတာ"

ရွှေဘိုက ဆန်ကုန်သည် ၁ ဦးနေအိမ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၁၇၀ ကျော်ပါသွား

"အိမ်မှာက သက်ကြီးပိုင်းတွေပဲရှိနေချိန်၊ (ဓားပြ) ၂ ယောက်က အိမ်ထဲဝင်ပြီး အပြင်မှာ တချို့က စောင့်ပြီး ငွေတွေယူသွားတယ်လို့ သိရတယ်။ အနည်းဆုံး လူ ၄ ဦးလောက်ပါတယ်။ သေနတ်တွေလည်းပါတယ်"

ငါန်းမြှားရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မြင်းခြံမြို့နယ်၊ အလယ်သောင်ကျေးရွာမှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်လောက်က ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ သတင်းအရ စစ်ကောင်စီတပ်တွေ အာရုံပြောင်းစေဖို့ ငါန်းမြှားရဲစခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ Myingyan District Drone Strike တာဝန်ခံက ပြောပါတယ်။

ဖြူးမှာ စစ်ကောင်စီနေရာ ၃ ခု ဒရုန်းနဲ့တိုက်ခိုက်ခံရ ၃ ဦးသေဆုံးတယ်လို့ပြော

"တနေရာကို ဒရုန်းဗုံးသီး တလုံးစီချပြီး တိုက်ခိုက်ခဲ့တယ်။ တံတားနဲ့ရဲစခန်းက နေရာတွေမှာ ထိခိုက်သေဆုံးက အခုထိမသိရသေးဘူး။ ထန်းကုန်းရွာမှာတော့ ထိခိုက်သေဆုံးရှိတယ်"

မင်းလှမှာ စစ်ကောင်စီအတွက် ဂိတ်ကြေးကောက်ပေးနေတဲ့လင်မယား ရှင်းလင်းခံရ

"အမျိုးသားဖြစ်သူက သစ်တောဂိတ်မှာ စကစ အတွက် ဂိတ်ကြေးကောက်ပေးတဲ့ အလုပ်လုပ်တယ်လို့တော့ သိရတယ်။ မိန်းမလုပ်သူကတော့ စျေးရောင်းတယ်။ ဘာကြောင့် ပစ်သတ်ခံရလဲဆိုတာတော့ မသိရဘူး"

မန္တလေး-ရန်ကုန်မီးရထားလမ်းပိုင်းမှာ မိုင်းကွဲလို့ ကုန်တင်ရထားတွဲဆိုင်းတွေ ပျက်စီးတိမ်းမှောက်

"ဖြစ်တာက သပိတ်လှန်ဘုန်းကြီးကျောင်းအနော​က်ဘက် ကျောက်တံခါးနဲ့ ဖြူးမြို့နယ်ကို ခြားထားတဲ့ တံတားနားမှာဖြစ်တာ။ စက်ခေါင်းနဲ့ ရှေ့တတွဲက လွတ်သွားပေမယ့် နောက်တွဲတွေက ထိသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် ကျောင်းသား ၂ ဦး အပါ ၄ ဦးသေဆုံး

"စကစ ဘက်ကတော့ ခုရက်ပိုင်းမှာ လက်နက်ကြီးတွေကို အလွန်အကျွံသုံးပြီး နေ့တိုင်းပစ်ခတ်နေတာရှိတယ်။ KNU တပ်မဟာ ၃ နယ်မြေထဲက ရွာတွေကိုပစ်နေတာ။ စစ်ကြောင်းမဝင်ခင် ကြိုတင်ပစ်ခတ်တဲ့ သဘောလဲပါတယ်။ အကြောင်းမဲ့ပစ်နေတာကများတယ်။"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10