Kyaw Gyi

မိုင်းခွဲခံရတဲ့တံတားကို လာပြင်တဲ့စစ်အုပ်စု မိုင်းထပ်ထိလို့ ထိခိုက်သေဆုံးမှုရှိဟုဆို

"ညဘက် တံတားမိုင်းခွဲခံရလို့ ပျက်စီးသွားတာ။ မနေ့မနက် သူတို့ လာပြင်ချိန် မိုင်းထပ်ထိတာ။ ဒီဘက်က ထောင်ထားတဲ့ နင်းမိုင်းထိသွားတာ။ စကစဘက်က AE တယောက် သေတယ်လို့တော့ သိရတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ အဲဒါကိုတော့ အသေးစိတ်စုံစမ်းတုန်းပဲ"

ပျက်လို့ရပ်ထားတဲ့ခရီးသည်တင်ကားကို လိုက်ထရပ်ကားက ဝင်တိုက်လို့ ၁ ဦးသေဆုံး ၁၄ ဦးဒဏ်ရာရ

"ဖြစ်တာက လယ်ဝေးနဲ့ ရေတာရှည်၊ မြို့လှအစပ်လောက်ကျတာပေါ့။ ရပ်ထားတဲ့ကားကလည်း လမ်းဘေးမြေသားလမ်းပေါ်မှာ ရပ်ထားတာမျိုးမဟုတ်ဘဲ ညာဘက်ခြမ်းကွန်ကရစ်လမ်းပေါ်မှာ တစီးလုံး ရပ်ထားတာမျိုးပါ။ ရောင်ပြန်တွေ အချက်ပြမီးတွေ ပြထား၊မထားတော့ မသိရဘူး"

စျေးကပြန်လာတဲ့ အုပ်ချုပ်ရေးမှူးလင်မယား သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

"မြေပြင်က သတင်းပေးပို့လာတာကတော့ အုပ်ကြီးလင်မယားက ကားနဲ့ပြန်လာတဲ့အချိန် လမ်းကနေ စောင့်ပြီး ရှင်းလိုက်တာလို့သိရတယ်။ သူတို့လင်မယားမှာ မိန်းမကပိုဆိုးတယ်။ စကစ အားကိုးနဲ့ ရွာသူရွာသားတွေအပေါ် ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်။ ဒါကြောင့် ရှင်းလိုက်တာဖြစ်တယ်"

မိုင်းခွဲခံရတဲ့ဓါတ်တိုင်တွေ လာပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ဗုံးချခံရလို့ ၁ ဦးသေဆုံးဟုဆို

"ပြီးခဲ့ရက်ပိုင်းက ပေါင်မြောင်းတံတားကမီးတိုင်မိုင်းကွဲထားတာကို လာပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ဗုံးချခံရတာပါ။ ဒီမနက်ဖြစ်တာပါဆို ၃ ခါရှိပြီ၊ မီးပြင်တဲ့အဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတာ။ အရင်ရက်တွေကတော့ လူမထိဘူး။ ဒီမနက်မှာ မီးလာပြင်တဲ့အဖွဲ့က လူတော့များတယ်။ လုံခြုံရေးလည်းပါတယ်။ ဒရုန်း ၂ စင်းနဲ့ ဗုံးလာချတာ"

အမရပူရမှာ သူနာပြုဆရာမ ၁ ဦး နေအိမ်အတွင်း အသက်ရှူကြပ်သေဆုံး

"ဆရာမကြီးကတယောက်တည်းနေတာ။ နေ့ခင်းပိုင်းပူတော့ အဲကွန်းဖွင့်ထားတာကနေ အခန်းကလည်း အလုံပိတ်ထားတော့ အဲကွန်းကဂက်စ်နံ့ထွက်ပြီး ကြာတော့ဂက်စ်နဲ့အဲယားကွန်းလေနဲ့ ဓာတ်ပြုပြီး မေ့လဲရာကနေ အသက်ရှုကြပ်သေဆုံးတယ်လို့ ရဲဘက်ကတော့ အတည်ပြုထားတယ်"

လှေခွင်းတောင် အပန်းဖြေစခန်းအနီး ပေါင်းလောင်းမြစ်အတွင်း လူငယ် ၂ ဦး ရေနစ်သေဆုံး

"သူတို့ ၂ ယောက်က အခြားသူငယ်ချင်းတွေနဲ့အတူ ရေဆော့နေတာဘဲ။ အခြားအပန်းဖြေလာ သူတွေလည်း ရေကစားနေကြသူတွေ အများသားဘဲ။ အဲဒီမှာမှ သူတို့က ရေနက်တဲ့နေရာရောက်ပြီး နစ်သွားတာ။ တနာရီလောက်အကြာရှာဖွေပြီးမှအလောင်းပြန်ရတာ" လို့ ပြောပါတယ်။

ပဲခူးမှာ ညသန်းခေါင်ကျော် မီးလောင်မှုဖြစ်ပြီး နေအိမ် ၉ လုံးဆုံးရှုံး

"လူတွေအိပ်ကောင်းနေချိန် မီးထလောင်တာ။ မီးလောင်တဲ့အိမ်တွေက ပျဥ်ထောင်၊ပျဥ်ခင်းအိမ်တွေများတော့ လောင်စာကောင်းတော့ မီးကူးမြန်ပြီး အခြားအိမ်တွေလည်းကူးသွားတာပါ။ လူထိခိုက်တာတော့ မရှိဘူး" လို့ ပြောပါတယ်။

စစ်ကိုင်းမှာ UBP ပါတီ ကိုယ်စားလှယ်ဟောင်း သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

" သူနေတာက ရွာသစ်ကြီးမှာနေတာ။ ခုဖြစ်တာက ဆွမ်းချက် ရထားလမ်းအကျော်နားမှာဖြစ်တာ။ သူအလုပ်အကိုင်ကတော့ အရောင်းဝယ်လုပ်တယ်လို့တော့ သိရတယ်။ ကျန်တဲ့အခြေနေကတော့ သူဘာတွေလုပ်လဲဆိုတာမသိရဘူး"

အမရပူရမြို့နယ် စစ်ကောင်စီလဝကရုံး ဗုံးပစ်ခံရလို့ ဝန်ထမ်း ၃ ဦး ဒဏ်ရာရ

"မနေ့ညနေပိုင်း လဝကရုံး ဗုံးပစ်ခံရတာကဟုတ်တယ်။ အမျိုးသမီးဝန်ထမ်း ၃ ဦးကတော့ ဗုံးစထိမှန် ဒဏ်ရာရသွားတာရှိတယ်"

ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံသူ ၅၀ ထက်မနည်းရှိလာပြီး အသက်မပြည့်သူ ၂ ဦးသာ ပြန်လွတ်

"စဖြစ်တဲ့နေ့ကတည်းက မနေ့ကထိဆို ဖမ်းဆီးခံရသူက ၅၀ ကျော်လောက်ရှိလာပြီ။ လူငယ် ၂ ဦးကိုဘဲ ပြန်လွှတ်သေးတယ်၊ အသက်မပြည့်သေးလို့။ ကျန်တဲ့သူတွေကိုတော့ ဆက်ဖမ်းထားသေးတယ်။ မိသားစုဝင်တွေနဲ့တော့ ဘယ်သူမှတွေ့ခွင့်မရသေးဘူး"

ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများဟုဆို

"ချသမျှ ဗုံးသီးတွေကတော့ ကျကွဲပါတယ်။ ပထမတကြိမ် ဗုံးချတဲ့အကြိမ်မှာ စကစဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို မြေပြင်သတင်းပေးပို့ချက်တွေအရ ပြန်သိရတယ်။ နောက်တနေ့ နေ့လည်လောက်မှာ ဖြစ်တဲ့ဟာကျတော့ ထိခိုက်သေဆုံး ထပ်မသိရဘူး။ မြေပြင်နဲ့ အဆက်အသွယ် မရသေးလို့ပါ"

ရေတာရှည်မှာ နေအိမ်ထဲရှိနေတဲ့ လင်မယား ၂ ဦး ပစ်သတ်ခံရလို့ သေဆုံး

"ဖြစ်တဲ့အချိန်မှာ မယားဖြစ်သူက အိမ်ပေါက်ဝကို ကျောပေးထိုင်နေတာ။ လင်ဖြစ်သူက အိပ်နေတာ။ အဲဒါကို စိတ်ကြိုက်ဝင်ပစ်သွားတဲ့ သဘောပါ။ အလောင်းတွေနားမှာတော့ ကျည်ခွံ ၄ ခုတွေ့တယ်လို့တော့ သိရတယ်။ သူတို့က ရွာမှာ လယ်ပိုင်ယာပိုင်ဆိုတော့ ပိုက်ဆံရှိတဲ့အထဲပါတယ်။ အရင်ကတော့ NLD ပါတီဝင်ဖြစ်ခဲ့ဖူးတယ်လို့တော့ သိရတယ်။ ရပ်ကျေးအဆင့်ပေါ့။ ခုနောက်ပိုင်းတော့ ဘယ်လိုလဲဆိုတာတော့ မသိရဘူး။"

ကျောက်ကြီးမှာ ဆိုင်ကယ်စီးလူငယ်တဦးကို စစ်အုပ်စုက ပစ်သတ်

"စကစဘက်ကပစ်သတ်တာပါ သူ့တို့လမ်းကြောင်းထွက်လာတာကို ဆိုင်ကယ်မီးထွန်း မောင်းလာလို့ဆိုပြီး ဘလိုင်းပစ်သတ်ခံရတာပါ။ နတ်သံကွင်းကနေ ကျောက်ကြီးဘက်ကိုလာတဲ့ စစ်ကြောင်းကနေ ပစ်သွားတာပါ"

ငါးမျှားတံ လိုက်ဆယ်ရာက ကြွက်တက်ပြီးရေနစ်လို့ အမျိုးသား ၁ ဦးသေဆုံး

"သူက ငါးမျှားနေရာကနေ သူငါးမျှားတံကို ငါးက ဆွဲသွားတာ။ အဲ့ဒါကို လိုက်ဆယ်ချိန် ကန်လယ်လောက်ရောက်တော့ ကြွက်တက်ပြီး ရေနစ်သေတာ။ ကန်ကလည်း ဘက်ဟိုးတွေနဲ့ တူးထားတာဆိုတော့ ဝါးနှစ်ပြန်လောက်နက်တယ်။ သူက တယောက်တည်းနေတာလို့တော့ သိရတယ်"

စစ်ကောင်စီက ခရီးသည်တွေကို လမ်းဆင်းလျှောက်ခိုင်းပြီး မိုင်းရှင်းလို့ မိုင်းအလုံးရေ ၁၀၀ ကျော်ဆုံးရှုံး

"(မိုင်း)ရှာတဲ့နေရာမှာ အရင်ကတော့ အနီးအနားရွာက လူတွေကို ဓားစာခံအနေနဲ့ ခေါ်လာပြီးရှာတယ်။ နောက်ပိုင်းကျတော့ သူတို့မိုင်းရှာတော့မယ်ဆိုရင် ခရီးသွားကားတွေ ရပ်ခိုင်းတယ်။ လူတွေကိုဆင်းခိုင်းပြီးမှ မိုင်းရှာတာ။ အခြားပြည်သူတွေ ရှိနေတော့ ကျနော်တို့ဘက်က ဒီအတိုင်းမြင်နေရပြီး မလုပ်လိုက်ရဘူး ဖြစ်နေတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10