Kyaw Gyi

စစ်တပ်က မန်ကျည်းစုရွာက အိမ် ၁ လုံးကိုမီးရှို့ပြီး တန်ဖိုးရှိပစ္စည်းတွေကိုယူ၊ ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီး

"စကစ စစ်ကြောင်းလာတော့ ပြေးနိုင်သူတွေ ပြေးကြတယ်။ မပြေးနိုင်သူတွေကို သူတို့က ရွာထဲမှာ စုခိုင်းပြီး တန်ဖိုးရှိ ရွှေတွေ၊ ငွေတွေ ဖြုတ်ယူတယ်။ အိမ်တွေကိုလည်း တက်မွှေသွားတယ်" လို့ မြင်းခြံမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဖြူးမှာ စစ်ကောင်စီတပ်စစ်ရေးအရ အသုံးပြုနေတဲ့တံတား မိုင်းခွဲခံရ

"ညက ပေါက်ကွဲသံတော့ ကြားလိုက်တယ်။ မနက်သွားကြည့်တော့ တံတားက ပြိုကျနေတယ်။ မနက်ပိုင်း ၇ နာရီကျော်လောက်ကတော့ စကစ ဘက်က လာစစ်သွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မုန်းဒေသမှာ ၂ ပတ်ကျော်အတွင်း စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ရာချီပစ်ခတ်ခဲ့

"စကစ တပ်တွေက တိုက်ပွဲတွေဖြစ်လို့ မနိုင်တော့ဘူးဆိုရင် လေယာဥ်တွေခေါ်တယ်။ လက်နက်ကြီးတွေ အများဆုံးပစ်တာတွေ လုပ်လေ့ရှိတယ်။ ဒီလအတွင်းမှာဆို လေယာဥ်ရော၊ လက်နက်ကြီးရော ပစ်ခတ်တာတွေက အကြိမ်ရေ တော်တော်များတယ်"

စစ်ကောင်စီကို ဆက်ကြေးကောက်ပေးနေတဲ့ အမျိုးသားတဦး ရှင်းလင်းခံရ

"သူကို အနီးကပ်ပဲ ၁၅ ချက်လောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်။ နေရာမှာပဲ သေဆုံးသွားတယ်"လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြည်မှာ ကြိုးဆွဲချသေဆုံးနေတဲ့ အမျိုးသားအလောင်းထပ်တွေ့

"တောသွားသူကတွေ့လို့ သက်ဆိုင်ရာကို အကြောင်းကြားရာကနေ အလောင်းကိုသွားဖြုတ်ခဲ့ရတယ်။ သေဆုံးသူ ဘယ်သူဘယ်ဝါတော့ မသိရသေးဘူး။"

စစ်ကောင်စီက ဒေသခံနေအိမ် ၂၃ လုံးကို မီးရှို့သွားတဲ့အပြင် နင်းမိုင်းတွေပါ ထောင်သွား

"နေအိမ်တွေကတော့ မီးလောင်လို့ တော်တော်ပျက်စီးနေတယ်။ နင်းမိုင်းတွေလည်း စကစ ဘက်က ထောင်ထားလို့ ရှင်းလင်း​နေရတယ်"

ပြည်မြို့တွင် လူငယ် ၁ ဦး ကြိုးဆွဲချသေဆုံးမှု ထပ်မံဖြစ်ပွား ၉ လတာအတွင်း ကြိုးဆွဲချသေဆုံးသူ ၁၂ ဦးထိရှိလာ

"ဖြစ်စဥ်ဖြစ်တဲ့အချိန်မှာ သူ့အိမ်မှာ ဘယ်သူမှမရှိကြဘူး။ သူတယောက်တည်းရှိနေချိန် လုပ်သွားတာ။ ဘာကြောင့် ခုလိုလုပ်သွားလည်းဆိုတာတော့ မသိရသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ရေစကြိုမှာ သံဃာတပါး အသတ်ခံရ

"ဆရာတော်ကို ဖမ်းသွားတာ။ ရွာခံတွေက လိုက်ရှာတော့ ဒီမနက်ပိုင်းမှာမှ အလောင်းကို ဆည်အနီးနားမှာ သတ်ဖြတ်ခံထားရတဲ့အနေထားနဲ့ တွေ့ရတယ်"

ပဲခူးတိုင်းထဲကဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်တွေမရောင်းရင် ဆိုင်ပိတ်ရမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

"ကျမတို့မြို့က ဆိုင်အများစုက စစ်တပ်ထုတ်ကုန်တွေ မရောင်းကြဘူး။ ခုလို လိုက်စစ်ပြီး ဖိအားပေးပြောလာတော့ မဖြစ်မနေတင်ရောင်းလာရတယ်။ ဝမ်းစာအတွက်က ဆိုင်ပိတ်ပြီးလည်း နေလို့မရဘူးလေ"

တံတားဦးမှာ ကားတိုက်မှုဖြစ်ပြီး ယာဥ်မောင်းသေဆုံး

"ကားပေါ်မှာတော့ အော​က်ဆီဂျင်အိုးတလုံးပါတယ်။ အရှိန် ဘယ်လောက်များလဲတော့မသိဘူး။ လမ်းတဖက်ခြမ်း ယာဥ်ကြောကိုတောင်ရောက်ပြီး သစ်ပစ်နဲ့ဝင်တိုက်ပြီး ညှပ်ပြီးသေဆုံးသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ် မိုင်းထိလို့ ၃ ဦးသေ ၇ ဦးဒဏ်ရာရ

"မိုင်းက စုစုပေါင်း ၂၀ ကျော် ဆွဲပြီးတိုက်ခိုက်ခဲ့တာ။ အနီးကပ်မိုင်းခွဲဖို့ မလွယ်လို့ အဝေးကနေပဲ မိုင်းခွဲခဲ့ရတာ။ ထိခိုက်သေဆုံးအခြေအနေကတော့ မနက်ပိုင်းကျမှ ပြန်သိရတာ။ လမ်းပေါ်မှာလည်း သွေးကွက်တွေ ကျန်ခဲ့တယ်"

ကျေးရွာကို ပြန်မလာရင် ပိုင်ဆိုင်မှုသိမ်းမယ်လို့ စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်

"ရွာမှာက အစိမ်း(ကြံ့ခိုင်ရေး) အုပ်စုများတယ်။ NLD ထောက်ခံသူနဲ့ ကြားနေကနည်းတယ်။ ခုက တိုက်ပွဲဖြစ်လာရင် ကြားညပ်ထိမှာစိုးလို့ ကြားနေတွေနဲ့ NLD ထောက်ခံတွေက ရှောင်နေရတယ်။ တိမ်းရှောင်နေရသူတွေကို ၃ လအတွင်း ပြန်မလာရင် ပိုင်ဆိုင်မှုတွေသိမ်းမယ်ဆိုပြီး ခြိမ်းခြောက်လာလို့ အခက်ခဲတွေ့နေရတယ်"

ပဲခူးမှာ ဘုန်းကြီးကျောင်း ၂ ထပ်ကျောင်းဆောင်တခု မီးလောင်

" ည ၁၂ နာရီ ၁၅ လောက်က စလောင်တာ။ မီးလောင်တာက အချိန်နည်းနည်းကြာသွားတော့ လောင် အားကောင်းသွားတာ။ ကျောင်းဆောင်က အုတ်နံရံတွေပဲ ကျန်တော့တာ"

ရွှေဘိုမြို့ရှောင်လမ်းမှာ စစ်ကားမိုင်းဆွဲခံရလို့ ၁ ဦးသေ၊ ဒဏ်ရာရသူများဟုဆို

"စကစက သူတို့ ဖမ်းထားတဲ့ ပြည်သူတဦးထွက်ပြေးတာကို လိုက်ဖမ်းတယ်။ ပြည်သူကို လိုက်ဖမ်းတဲ့ကားကို ကျနော်တို့ဘက်က မိုင်းဆွဲတာ"

ပဲခူးမှာ မြစ်ရေ ဒုတိယအကြိမ်တက်လို့ ကယ်ဆယ်ရေးစခန်းတွေ ပြင်ထားရ

"ရေကပြန်တက်လာပြီဆိုတော့ လူတွေ ရွှေ့ပြောင်းဖို့လုပ်နေကြတယ်။ မြစ်ရေက ဆက်တိုးနေတယ်။ ကယ်ဆယ်ရေစခန်းတွေကတော့ ပြီးခဲ့တဲ့အခေါက်က ဖွင့်ထားတဲ့ နေရာတွေကိုပဲ အသင့်လုပ်ထားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10