သတင်း

ဖလံအိုရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

ဖလံအိုရွာမှာ တပ်စွဲထားတဲ့ တပ်မ ၁၀၁ က စစ်သားနဲ့ ပျူစောထီး အင်အား ၃၀ ခန့်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး မေ ၂၆ ရက် မနက်အစောပိုင်း ၄ နာရီက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိနိုင်တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ MYG ခေါင်းဆောင်ဗိုလ်ဘလိတ် က ပြောပါတယ်။

ပြည်သူ့စစ်လုပ်ဖို့ လိုက်လံစည်းရုံးနေသူ ပစ်သတ်ခံရ

"သူ့ကို နေအိမ်အရှေ့ခေါ်ချပြီး ပစ်သတ်သွားတာလို့တော့ သိရတယ်။ ကျည်ထိဒဏ်ရာကတော့ သုံးလေးချက် လောက်ရပြီး နေရာမှာပဲ သေသွားတယ်"

လက်ပံတန်းမှာ စစ်တပ်သတင်းပေးဆိုတဲ့လင်မယား ၂ ဦး ဖမ်းဆီး ရှင်းလင်းခံရ

" သူတို့ဖုန်းထဲမှာ မြို့နယ်မှူးဖုန်းနံပါတ်ကအစ ရှိတယ်။ စစ်** တွေဆက်သွယ်ထားတဲ့ ဖုန်းနံပါတ် ၄ ခုတွေ့ တယ်။ သူတို့ဖုန်းကို သိမ်းထားတော့လည်း ဖုန်းဆက်လာတယ်။ သတင်းပေးနေကျမို့လို့ သတင်းမေးပုံရတယ်"

ပဲခူးမှာလေပြင်းတိုက်လို့ အမျိုးသမီး ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂၀ ကျော်ပျက်စီး

"မိုးကတော့ ရွာနေတာ သုံးလေးရက်ရှိပြီး။ မနေ့ညနေကတော့ လေတွေပါ ခပ်ကြမ်းကြမ်းပါလာတော့ အိမ်တွေအမိုးလန်တာ၊ သစ်ပင်လဲတာတွေရှိခဲ့တယ်။ သစ်ပင်လဲကျချိန် နေအိမ်ထဲရှိနေတဲ့ အဖွားကတော့ သစ်ကိုင်းတွေရိုက်မိပြီး ဒဏ်ရာရတာ"

စစ်ကောင်စီ ကင်းစခန်းကိုတိုက်ခိုက်ရင်း PLA ရဲဘော်တဦးကျဆုံး

"စကားပြောစက်မှာ ထိသွားပြီလို့ ရဲဘော်တွေကိုသတင်းပို့တယ်။ ဘာမှမဖြစ်ဘူးပဲ ပြောခဲ့တယ်။ ဒဏ်ရာရတော့ ရဲဘော်တွေပြန်ကူပြီး ပုခက်နဲ့ ထမ်းခေါ်ဖို့လုပ်နေရင်း ကျဆုံးသွားခဲ့ပါတယ်"

ပခုက္ကူမှာ ကျေးရွာကာကွယ်ရေးစခန်းတခု စီးနင်းခံရပြီး ရဲဘော် ၅ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

“ သူတို့ဆီမှာက မောင်းပြန်မရှိဘူး၊ တတောင့်ထိုးလေးတွေနဲ့ ရွာကာကွယ်ရေးထိုင်တယ်။ ရွာကာကွယ်ရေးအဖွဲ့ဝင် ၆ ယောက်လုံးကို လက်ပြန်ကြိုးတုပ် ဖမ်းထားတယ်။ ဖမ်းပြီးသွားတော့ သူတို့နေတဲ့နေရာမှာပဲ သတ်ပစ်လိုက်တယ်။ တတောင့်ထိုးတွေ လက်နက်ခဲယမ်းတွေ သိမ်းသွားတယ် ”

ရှေ့တန်းရဲဘော်တွေရဲ့ အသက်ကိုကာကွယ်ပေးမယ့် သံကွန်ချာကမ်ပိန်း (ရုပ်/သံ)

တပ်ဖွဲ့မှာ အရင်က အီကွေ့မန့်တွေ အသုံးပြုဖူးပေမယ့် အရည်အသွေးနိမ့်တဲ့အတွက် ကျည်ကာကွယ်နိုင်စွမ်းမရှိခဲ့တာကြောင့် အခုလက်ရှိပြုလုပ်နေတဲ့ သံကွန်ချာကမ်ပိန်းက ရရှိငွေတွေနဲ့ ရဲဘော်တွေအတွက် ကျည်ဒဏ်ကို သေချာကာကွယ်နိုင်တဲ့ ကျည်ကာတွေ တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ MDF တပ်ဖွဲ့ရဲ့ ဘဏ္ဍာရေးတာဝန်ခံ အမျိုးသမီးရဲဘော်က ပြောပါတယ်။

ပြည်မြို့က ဓာတ်ပုံဆိုင်ဝန်ထမ်းကို သတ်ဖြတ်သွားတယ်လို့ဆိုတဲ့ လူငယ် ၂ ဦးဖမ်းဆီးခံရ

“ အဲ့ဒီဖမ်းခံရတဲ့ ကောင်လေး ၂ ယောက်ထဲက ၁၉ နှစ်ကောင်လေးက အဲ့ဒီဓာတ်ပုံဆိုင်က ဝန်ထမ်းဟောင်းတဲ့။ ဆိုင်ရှင်နဲ့မတည့်လို့ အလုပ်ထွက်သွားတာလို့ သိရတယ်။ သူမရှိတော့ ဆိုင်မှာဘယ်သူမှမရှိဘူးထင်ပြီး ပစ္စည်းဝင်ယူတာကနေ လူသတ်မှုဖြစ်တာလို့ ပြောတယ်။ အခင်းဖြစ်တာက အစောကြီးပဲတဲ့ ည ၈ နာရီလောက်ဖြစ်တာ”

ရွှေဈေး ၅၁ သိန်းကျော်လာချိန် အခြေခံလူတန်းစား အမျိုးသမီးတွေ နေ့စားလုပ်ခ ၄၀၀၀ ကျပ်သာရပြီး စားဝတ်နေရေးပိုကျပ်တည်းလာ

"တချို့စတိုးဆိုင်တွေက အရောင်းဝန်ထမ်းလစာက တအားနည်းတယ်။ တလကို တသိန်းနှစ်သောင်းပဲပေးတယ်။ တနေ့ကို ၄၀၀၀ ပေါ့။ အလုပ်ကရှားနေတော့ ရှိတဲ့အလုပ်ကို မြဲအောင်လုပ်နေကြတာ။ အဆင်မပြေတာကတော့ ဘယ်လိုပြောရမှန်းကိုမသိဘူး”

CDSOM စခန်းကို ဝင်စီးနင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပြန်တိုက်ခိုက်ခံရလို့ သေဆုံးမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာရှိတဲ့ CDSOM စခန်းတခုကို စစ်ကောင်စီက မေ ၂၃ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ပြန်လည်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က သေဆုံးမှုများတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်တွေကိုသင်တန်းပေးတဲ့ ဒုတပ်ကြပ်ကို မုံရွာမြို့နယ်ပလဖ ဖမ်းဆီး

"ကျနော်တို့ သတင်းရတာလည်းပါတယ်။ နောက်ပြီး ခရီးသည်တင်ကားတွေမှာ သူတို့ (စစ်ကောင်စီ) အရပ်သားအသွင်ယူပြီး သွားလာနေတာရှိတယ်။ ကျနော်တို့က မသင်္ကာတဲ့သူတွေဆို ဖုန်းတွေစစ်တယ်။ စစ်တဲ့အချိန်မှာ သူဖုန်းထဲကဖိုင်ထဲမှာဖွက်ထားတဲ့ **ယူနီဖောင်းနဲ့ပုံတွေ၊ သင်တန်းပေးတဲ့ ပုံတွေ တွေ့တယ် "

ကုန်းခြားရွာ နေအိမ် ၈၀ ကို ကပစ ၂၁ စစ်သားတွေ မီးရှို့သွား၊ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရ (ရုပ်/သံ)

မေ ၂၄ ရက် မနက် ၉ နာရီဝန်းကျင်မှာ ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်းကျေးရွာအနီး ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၁ က စစ်သားအင်အား ၈၀ လောက်ဟာ ကုန်းခြားရွာထဲ ဝင်ရောက်ကာ နေအိမ် ၈၀ ကို မီးရှို့သွားကြတာပါ။

ကလေးမြို့မှာ လေယာဉ်ဆီရောင်းချနေတာရပ်တန့်ရေး လှုပ်ရှားမှု ပြုလုပ်

“ဖက်ဆစ်တပ်ကို လေယာဥ်ဆီ ရောင်းပေးနေတာ ချက်ချင်းရပ်” ဘန်နာကိုင်စွဲပြီး ဆန္ဒပြခဲ့ကြသလို လေကြောင်းနဲ့ ဗုံးကြဲခံခဲ့ရတဲ့ မင်းတပ်ဒေသနဲ့အတူ ရပ်တည်ကြောင်း လှုပ်ရှားမှုလည်း ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မကွေး၊ ကန်သာမင်္ဂလာကန်မှာ ငါးထောင်နဲ့ချီ သေဆုံးမှုဖြစ်၊ မြို့ခံတွေကချက်စားဖို့ ယူဆောင်နေကြတယ်လို့ဆို

" ငါးတွေသေနေတာ အသေးရော၊ အကြီးရောဆို အကောင်ရေ ၅၀၀၀ နဲ့အထက်မှာရှိမယ်။ ကန်ထဲမှာ အောက်ဆီဂျင်မလုံလောက်တာလား၊ အဆိပ်ချငါးဖမ်းလို့ သေဆုံးတာလား ဘာကြောင့်သေတာလဲ မသိရသေးဘူး”

ငါးရှာသွားတဲ့ အမျိုးသား လယ်ကွင်းထဲမိုင်းထိလို့ ခြေထောက်တဖက် ဆုံးရှုံး

"သူတို့က သာမာန်လက်လုပ်လက်စားပဲ။ မနေ့က ငါးဖမ်းဖို့ဆိုပြီး သွားတာ။ သူအိမ်နဲ့ ၂ ဖာလုံလောက်မှာ မိုင်းထိသွားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10