စလင်းက အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ
“စစ်မှူထမ်းဖို့ တအိမ်တယောက် အစည်းအဝေးတက်ဖို့ အသံချဲ့စက်နဲ့ သူကအော်တာ။ ရင်ဘတ်ကိုအတို (ပစ္စတို) နဲ့ ၃ ချက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တာ။ အလောင်းတော့ ဒီအတိုင်း ထားခဲ့တယ်။”
“စစ်မှူထမ်းဖို့ တအိမ်တယောက် အစည်းအဝေးတက်ဖို့ အသံချဲ့စက်နဲ့ သူကအော်တာ။ ရင်ဘတ်ကိုအတို (ပစ္စတို) နဲ့ ၃ ချက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တာ။ အလောင်းတော့ ဒီအတိုင်း ထားခဲ့တယ်။”
ပျဉ်ပုံရွာက ပျူစောထီးခေါင်းဆောင်လို့လူသိများတဲ့ အသက် ၅၀ နှစ်အရွယ် ကိုစိုးလေးကို တရွာတည်းနေ သူ့ယောက္မ ပျဉ်ပုံအုပ်စုအုပ်ချုပ်ရေးမှူး ကိုဘဲမီးအိမ်မှာ မတ်လ ၁၈ ရက် ည ၉ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
မွမ်းမံသင်တန်းကို ဖေဖော်ဝါရီလ ၁၅ ရက်မှ မတ်လ ၁၄ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်သလို ထူးချွန်ရဲဘော်တွေကို ဆုချီးမြင့်တာနဲ့ သင်တန်းသားရဲဘော်တွေကို ကြိုဆိုတဲ့အနေနဲ့ ဒီသင်တန်းဆင်းပွဲကို ပြုလုပ်ရတာလို့ ဆိုပါတယ်။
ကျဆုံးသူ အသက် ၂၁ နှစ်အရွယ် ရဲဘော်နိုင်မင်းဌေးဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ က ဖြစ်ပြီး ကောလင်းခရိုင်၊ ပင်လယ်ဘူးမြို့နယ်၊ ပလူတာကျေးရွာတိုက်ပွဲမှာ မတ်လ ၁၃ ရက် နေ့လယ်က ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေချိန် နောက်တရက် မနက် ၃ နာရီခွဲမှာ ကျဆုံးခဲ့တာလို့ ပြောပါတယ်။
“ဆိုင်ကယ်ပေါ်မှာ သူတို့မိသားစု ၃ ယောက် နဲ့ ဆိုက်ကယ်မောင်းသမား ၁ ယောက်ပါတယ်။ သူ့သား ၁ ယောက်ကတော့ ဘာထိခိုက်မှုမှ မရှိလိုက်ဘူး။ သုံးဘီးဆိုက်ကယ်သမားတော့ ပေါင်ထိသွားတယ်။ သွေးထွက်လွန်ပြီး ဆေးရုံရောက်တော့ ဆုံးသွားတယ်။ အဲဒီအမျိုးသမီးကတော့ ဒီနေ့တော့ခွဲစိပ်ရမယ်လို့ပြောတယ်”
လက်ပံတန်းမြို့အရှေ့ဘက်၊ ငှက်ပျောတုန်းရွာအနီးမှာ မနက် ၁၀ နာရီခန့်က ပဲခူးရိုးမထဲကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ပထမအကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၅၉ နှစ်အရွယ် တောင်ငူမြို့နယ်ကြံခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင် ဦးစိန်မြင့်ကို မတ်လ ၁၇ ရက် ည ၉ နာရီခန့်မှာ လက်နက်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
မတ္တရာမြို့နယ်၊ ရွေးရွာကို မတ် ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်တပ်ကဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ပြီး လူမှုရေးကူညီမှုအသင်းကို မီးရှို့ကာ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ အသက် ၁၃ နှစ် အရွယ် မိန်းကလေးနဲ့ အမျိုးသမီးတဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ မတ္တရာမြို့နယ်ပကဖသတင်းတာဝန်ခံဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ပေကြီးရွာက အမျိုးသား ၂ ဦးကို စစ်တပ်ကသတ်ဖြတ်သွားသလို ထမင်းဆိုင် ၁ ဆိုင်နဲ့ နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ပေကြီးရွာပကဖဆီက သိရပါတယ်။
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းနေပြီး မဲပေါက်တဲ့သူတွေထွက်ပြေးပါက မိသားစုဝင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
"ခုကတော့ စစ်မှုထမ်းဖို့ လူခေါ်တာလုပ်နေပြီး။ ရွာအများစုမှာတော့ မဲနှိုက်နေတယ်။ တရွာနဲ့တရွာ လူခေါ်တာက မတူညီဘူး။ လုပ်ချင်သလိုလုပ်နေကြတာ။ အချို့ရွာက တအုပ်စု ၁၀ ဦး။ အချို့ရွာကျ လူတရာကို ၁ ဦးနှုန်း မဲနှိုက်ခိုင်းနေတာ"
"ကားက မောင်းလာတာအရှိန်များတယ်။ သူ့အရှေ့က ကားတွေကိုကျော်တက်တာ။ လမ်းဆုံလည်း ရောက်ရော ကားကလူးပြီးမှောက်သွားတာ။ ကျနော်တို့အရှေ့မှာပဲ မှောက်သွားတာ။ ဘုရားဖူးကားလို့ တော့သိရတယ်"
မတ် ၁၇ ရက် မနေ့ ညနေက မော်လူးမြို့ထဲကဖြတ်သွားတဲ့ တန် ၃၀ ပါ သစ်ကား ၁၈ စီးကို မော်လူးမြို့ အထွက်က ကျေးရွာမှာဖမ်းပြီး တာဝန်ရှိသူတွေထံ အပ်နှံခဲ့ပေမယ့် အရေးမယူဘဲ လွှတ်ပေးလိုက်တဲ့အတွက် နောက်ထပ်ဝင်လာတဲ့ သစ်ကား ၃ စီးကို မြို့လယ်ခေါင်မှာ ပြည်သူတွေကိုယ်တိုင် ဝိုင်းဖမ်းပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တွေးတီရွာနဲ့ အင်းရွာကြားမှာ စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ရဟတ်ယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုရင်ကြီး ၁ ပါးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။
"ခရီးသည်တင်ကားက ထောင်ထားတဲ့မိုင်းကို နင်းမိတာလား။ မိုင်းဆွဲခံရတာလားဆိုတာတော့ မသိရဘူး။ သူတို့ကားလည်းအရောက် မိုင်းလည်းကွဲတာဆိုတော့။ ကားယာဥ်မောင်းတော့ ထိခိုက်တာမရှိဘူး။"