သတင်း

ဆားလင်းကြီးမှာ စစ်တပ်က အကြောင်းမဲ့ပစ်ခတ်လို့ ရွာသားတဦသေ၊ တဦးဒဏ်ရာရ

"ကျမ မောင်က နဂိုကလည်း အရက်သောက်တတ်တယ်။ အိမ်ကလူတွေနဲ့တောင် စကားကိုသေချာပြောတာမဟုတ်ဘူး။ စစ်ကြောင်းလာချိန် သူက ရွာအနောက်ဖက် တောလမ်းလေးမှာ ရောက်နေချိန် ပစ်သတ်ခံရတာ"လို့ သေဆုံးသူရဲ့ မိသားစုဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ကျောက်တံခါးမှာ စစ်ကောင်စီတပ်သတင်းပေးဆိုသူ အမျိုးသားတဦး ပစ်ခတ်ခံရပြီးသေဆုံး

"ပွဲချင်းပြီးသေတယ်။ သူ့မိန်းမနဲ့ကလေးတွေကိုတော့ ဘာမှမလုပ်ခဲ့ဘူး။ သေနတ်ဒဏ်ရာကတော့ တော်တော်လည်းများတယ်ဗျ။ သူက စကစတွေနဲ့တူတူလည်း နေတတ်တယ်။ သတင်းပေးလုပ်တယ်လို့လည်း ပြောကြတယ်" လို့ ကျောက်တံခါးဒေသခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

စေတုတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီး ရခိုင်ဘက်က စစ်ကောင်စီတပ်တွေပါ စစ်ကူခေါ်တိုက်နေ

"အစတော့ (စစ်အင်အား)သိပ်မများဘူး။ စစ်ကြောင်း ၂ ကြောင်းပေါင်း ၁၅၀ လောက်ပဲ ရှိတယ်။ အခု အမ်းက စစ်ကားကြီး ၃စီးနဲ့ တပ်ကူ အင်အားချတိုက်နေတယ်” လို့ PDF တပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတဦးက ပြောပါ တယ်။

ပျူရွာကို ကင်းထောက်သွားတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

“တပ်စိပ်လိုက်သွားတာ သူကရှေ့ကနေသွားတော့ သူတယောက်ပဲ ထိသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး၊ မေးစေ့ကလည်း အထဲထိတော့ပေါက်ထွက်မသွားဘူး။ ခြေထောက်ကတော့ ဖြတ်ပစ်ရမလား၊ စတီးရိုးလောက်နဲ့ရမလား မသိသေးဘူး” လို့ Royal Eagle People Defense Force – Pale Battalion – 1 တပ်ဖွဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ကန့်ဘလူကဖမ်းဆီးခံရသူ ၆၀ ဦးအနက် အချို့ကိုပြန်လွှတ်ပြီး အမျိုးသား ၁၄ ဦးကိုဖမ်းထားဆဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်ရှောင်နဲ့ ကျေးရွာနေပြည်သူအပါ ၆၀ ဦးကို စစ်တပ်ကဖမ်းဆီးပြီး အချို့ပြန်လွတ်လာပေမယ့် အမျိုးသား ၁၄ ဦးကိုတော့ ဆက်လက်ဖမ်းထားဆဲဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

7 July ၆၁ နှစ်ပြည့် ကျဆုံးကျောင်းသားရဲဘော်တွေကို အောက်မေ့ဖွယ်အခမ်းအနား ပကဖကျင်းပ

"ဆဲဗင်းဇူလိုင် ဖြစ်ပေါ်လာပုံအသေးစိတ်ကို ရဲဘော်တွေကို ရှင်းပြတယ်။ စစ်တပ်က ရန်ကုန် တက္ကသိုလ် ကျောင်းသားတွေကို ရာနဲ့ချီသတ်ခဲ့တဲ့နေ့ ဖြစ်တယ်။ မေ့ဖျောက်လို့ မရတဲ့နေ့တနေ့ပါ။ မတရားတဲ့ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဖို့နဲ့ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို စိတ်ရင်းမှန်နဲ့ ကူညီသွားကြဖို့ ပြောခဲ့တယ်"

၆၁ နှစ်ပြည့် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားကို ABSDF ပြုလုပ်

ဇူလိုင် ၇ ရက် ဒီနေ့မှာကျရောက်တဲ့ ၆၁ နှစ်ပြည့် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားတခုကို ABSDF Column တပ်ဖွဲ့က စစ်ကိုင်းတိုင်းအတွင်းရှိ ချင်းတွင်းဒေသတပ်ရင်းမှာ ပြုလုပ်ခဲ့ပါတယ်။

သမ္မရိုးရွာသား ၇ဦးကို သတ်တဲ့စစ်ကြောင်းက ဒေသခံတွေကို ဓားစာခံလုပ်ပြီး အရာတော်မှာ စစ်ကြောင်းထိုးနေ

"အကုန်ပြေးနေရတော့ ဖုန်းသတင်းလောက်ပဲ အတည်ပြုလို့ရတယ်။ ဘယ်သူတွေမှန်း အတည်ပြုမရသေးဘူး။ သေနတ်တွေ ဆက်တိုက်ပစ်ပြီးဝင်လာလို့ အကုန်ကြောက်အားလန့်အား ထွက်ပြေးနေရတယ်"

စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းထိလို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရဟု ဆို

"သူတို့လာနိုင်တဲ့ လမ်းကြောင်းမှာ မိုင်း ၅ လုံးတန်း ၂ ကွင်းဆင်ထားတာ။ မိုင်းကွင်းထဲကို ဝင်လာတာနဲ့ ဆွဲချလိုက်တာ။ မျက်မြင် ၂ ဦးတော့ လဲကျသွားတယ်။ သူတို့ထိသွားတဲ့လူတွေကိုတော့ ပြန်သယ်သွားပြီး မြို့ထဲဘက်ဆက်ဝင်သွားတယ်" လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တာဝန်ရှိသူက ပြောပါတယ်။

နတ်တလင်းက စစ်ရှောင် ၈၀၀ ကျော်ကို ငွေကြေးထောက်ပံ့

"စစ်ရှောင်နေရတာ တနှစ်ကျော်ကြာပြီ။ စစ်ရှောင်တွေမှ စားဖို့ကို အနိုင်နိုင်ဖြစ်နေကြတယ်။ နေတော့လည်း ဖြစ်သလို တဲထိုးနေကြရတယ်။ အခုမြယာကျောအဖွဲ့က လှူတာကို ငွေသားချည်း ပေးခဲ့တာပါ"လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရုံးတာဝန်ခံက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ 7 July အထိမ်းအမှတ် သပိတ်လှုပ်ရှားမှုပြုလုပ်

“ဒီနေ့ကတော့ ကျနော်တို့ ကျောင်းသားတွေကို သတ်ဖြတ်ပြီး တကသ အဆောက်အဦးကို ဖြိုခွင်းခံရတဲ့နေ့အဖြစ် မှတ်မှတ်ရရအနေနဲ့ထွက်ဖြစ်တာပါ၊ ဆက်လက်ပြီးတော့လည်း စစ်အာဏာရှင် ပြုတ်ကျသည်အထိ တိုက်ပွဲဝင် သွားမှာပါ" လို့ မုံရွာသပိတ်အင်အားစု အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်က ဆဲဗင်းဂျူလိုင် သပိတ်စစ်ကြောင်း (Photo News)

ဇူလိုင်လ ၇ ရက် ဒီကနေ့ မနက် ၆ နာရီခွဲက “၇.၆.၆၂ မမေ့ကြနဲ့” စာသားပါ ဘန်နာကိုကိုင်စွဲကာ သပိတ်စစ်ကြောင်း လှည့်လည်ခဲ့ပြီး လူထုကိုလည်း ကျောင်းသားသမဂ္ဂအကြောင်း ဟောပြောတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

မင်းလှမှာ ရဲတပ်သားအချင်းချင်း သေနတ်နဲ့ပစ်သတ်

"ချစ်ထွေးကမူးပြီး ရစ်နေလို့ စစ်ကွင်းရဲက သေနတ်နဲ့ တချက်တည်းပစ်လိုက်တာမှာ ဗိုက်ပွင့်ပြီးသေတာ။ ပစ်တဲ့ရဲရဲ့အမည်နဲ့ တာဝန်တော့ မသိရဘူး"

စစ်ကူပေးပြီး ပြန်လာတဲ့ စစ်သင်္ဘောကိုတိုက်ခိုက်လို့ စစ်သားတဦးသေဆုံး

"ကျနော်တို့ဘက်က လက်နက်ကြီးလက်နက်ငယ်နဲ့ ပစ်တာပါ။ သူတို့ကလည်း ၄၀ မမတွေ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ ကင်းထောက်တွေရဲ့ သတင်းပေးချက်အရ စစ်သားတဦး သေဆုံးတယ်ဆိုတာသိရတာပါ"

ပိုင်ဆိုင်တဲ့ ရွှေနားကပ်နဲ့လက်စွပ်ကို တော်လှန်ရေးကျည်ဖိုးအဖြစ် ပေးခဲ့တဲ့ ရေလယ်ကျွန်းတောင်သူ

"သူ့အသက်အရွယ်နဲ့ သက်လုံပိုင်းဆိုင်ရာအရ စစ်တိုက်ဖို့ မတတ်နိုင်တော့ဘူး။ စစ်တပ်ကိုတိုက်ဖို့ သူရဲ့ရှိစုမဲ့စုရွှေကို ကျနော်တို့အဖွဲ့အတွက် ကျည်ဖိုးထောက်ပံ့ပေးခဲ့ပါတယ်။ လက်မခံဘဲ နေဖို့စဥ်းစားပေမယ့် ပြည်သူရဲ့ဆန္ဒပြည့်ဝဖို့လှူဒါန်းတာကို လက်ခံခဲ့တာပါ။ ပြည်သူတွေက စစ်**တွေကို နာကျည်းချက်တွေရှိနေကြပြီ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10