သတင်း

အင်အားရာကျော်ပါတဲ့ မိုးရေထဲက လူထုသပိတ် (Photo News)

ဇူလိုင် ၅ ရက် ဒီနေ့ညနေ ၆ နာရီမှာ ကျင်းပခဲ့တာဖြစ်ပြီး ကျေးရွာက ပြည်သူအင်အား ၅၀၀ ကျော်ပါဝင်ခဲ့ကာ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်" စာသားပါ ဘန်နာကိုင်စွဲကာ ကြွေးကြော်သံတွေနဲ့ ကျေးရွာတွင်း လှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

မုံရွာမှာ ဓါးပြတိုက်ပြီး ပစ်ခတ်လို့ အမျိုးသားတဦး ဒဏ်ရာရ၊ ကားနဲ့ပစ္စည်းအချို့ပါသွား

"ဖြစ်တာက ကျောင်းဆရာမအိမ်လို့ သိရတယ်။ အနုကြမ်းစီးတဲ့သဘောမျိုး သေနတ်ပြ ပစ္စည်းယူပြီး ပြန်အထွက် ဆရာမမောင်က အော်ဟစ်လို့ ပစ်ခံလိုက်ရတာ မစိုးရိမ်ရဒဏ်ရာတော့ ရသွားတယ်"

မိုခါမုန်တိုင်းကြောင့် သီးနှံတွေဆုံးရှုံးသွားတဲ့ တောင်သူတွေကို ငွေထောက်ပံ့

“အခုလိုလှူဒါန်းတာကလည်း ကျနော်တို့တွေ အပြန်အလှန်ကူညီကြတဲ့သဘောပါ။ ကျနော်တို့လိုအပ်တဲ့ စားသောက်ရိက္ခာတွေလည်း တောင်သူတွေဆီကပဲ ရသလို သူတို့အတွက်လိုအပ်သွားတဲ့ အခါကျရင်လည်း ကျနော်တို့ဘက်က ဝိုင်းပြီးကူညီရမဲ့ တာဝန်လည်းရှိတယ်။ ”

မြင်းခြံက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ ရှင်းလင်းခံရ

"သူတို့နေအိမ်ကို ဆိုင်ကယ်နဲ့လူ ၄ ယောက်လာပြီးတော့ အိမ်ထဲမှာပစ်ခတ်သွားတာ။ ပွဲချင်းပြီး သေတယ်။ ပြောရရင် အုပ်ကြီးက စကစအလိုတော်ကျ လုပ်ပေးနေတဲ့သူပါ"

ကနီနယ်က ပျူရွာစခန်းကို ဗုံးသီးတပ် မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်လို့ ၂ ဦး ဒဏ်ရာရ

"1kg ဗုံးသီးတပ်ပြီး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်။ စစ်သားတကောင်နဲ့ ပျူတကောင် ဒဏ်ရာရလို့ အတည်ပြုနိုင်ခဲ့တယ်။ ဒဏ်ရာရသူရဲ့ အသေးစိတ်အချက်အလက်ကို သိရပေမယ့် ထုတ်ပြောရင်သတင်းပေးအတွက် အန္တရာယ်ရှိနိုင်လို့ပါ"

ပဲခူးက အစာအဆိပ်သင့်တဲ့ ကလေးလူကြီး ၁၂၀ ကျော်ဆေးရုံပြန်ဆင်း ၄ ဦးသာကျန်

"ဆေးရုံ ၂ ခုမှာ တက်နေတဲ့ ကလေး၊ လူကြီး၊ ကိုရင်တွေ သက်သာလို့ ဆေးရုံပြန်ဆင်းကြပြီး။ ကလေး ၄ ဦးကတော့ အားနည်းနေသေးလို့ လောလောဆယ် ပြန်မဆင်းရသေးဘူး။ ကျန်ခဲ့တဲ့ ကလေးတွေလည်း အခြေနေကောင်းပါတယ်" လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

မုန်းမှာ စစ်ကောင်စီစစ်ကြောင်း တရက်တည်း ၃ ကြိမ်တိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံးဟုဆို

“ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေပို့တဲ့ သူတို့(စစ်ကောင်စီ) လမ်းကြောင်းလုံခြုံရေးအတွက် ဒီဘက်ခြမ်းကို လာဆင်းကာတဲ့ စစ်ကြောင်းနဲ့ဖြစ်တာ၊ ညပိုင်းထိတွေ့မှုမှာတော့ တော်တော်များများ သေဆုံးတယ်၊ အဲ့ညတွင်းချင်းပဲ ဖြူးဘက်ကို လူနာတွေရော အလောင်းတွေရော သယ်သွားတယ်၊ ဆူညံနေရောပဲ” လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တဦးက ပြောပါတယ်။

ခင်ဦးနယ်ကို စစ်တပ်ကဆက်တိုက်စစ်ကြောင်းထိုး အင်အားမမျှလို့ ကာကွယ်ရေးတပ်တွေ ဆုတ်ပေးထားရ

"သူတို့ကစစ်မြှူနေတဲ့ သဘောပေါ့ဗျာ။ ကင်းထောက်ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ ကင်းပုန်းချပြီး ဆက်တိုက်စစ်ကြောင်းထိုးနေတယ်။ ပိုပြီးတော့လည်း တိကျလာတယ်။ ဗုံးတွေချရင် ရွာထဲကို တည့်တည့်ပစ်ချနိုင်သလို PDF စခန်းတွေကိုလည်း ကင်းထောက်နိုင်လာတယ်"

MEC ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ညိုစောကို စစ်ခေါင်းဆောင်ရဲ့အကြံပေးအဖြစ် ခန့်

စစ်ထောက်ချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီး ညိုစော ဟာ စစ်ခေါင်းဆောင်ရဲ့ယုံကြည်ရသူတဦးဖြစ်ပြီး သူ့ကို စစ်ကောင်စီဥက္ကဌရဲ့အကြံပေးဖြစ်သလို ပြည်ထောင်စုဝန်ကြီးအဆင့်အဖြစ် သတ်မှတ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရိက္ခာထောက်ပို့ မော်တော်တစီး ခြုံခိုတိုက်ခိုက်ခံရ

"သလ္လာဝတီကနေ စုန်လာပြီး ဆားလင်းကြီးစစ်ကြောင်းကို ရိက္ခာထောက်ပို့လာတဲ့ **မော်တော်ကို ချင်းတွင်းမြစ်ကြောင်းတနေရာမှာ တိုက်ခိုက်ခဲ့တာ။ တိုက်ပွဲက ၁၅ မိနစ်လောက်ပဲကြာတယ်။ မော်တော်ကတော့ ကျနော်တို့ပစ်ခတ်လိုက်လို့ စက်ချို့ယွင်းမှုဖြစ်သွားတယ်"

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း တနေ့တည်း ၃ ကြိမ်တိုက်ခိုက်ခံရ

"မနက် ၈ နာရီလောက်တိုက်တာမှာက စစ်ကြောင်းက တဲထဲနားဖို့ပြင်နေတုန်း စနိုက်ပါနဲ့ပစ်ပြီးမှ လက်နက်ငယ်နဲ့ထပ်ပစ်တာမှာ ထိကုန်တာ။ ကျနော်တို့က အဖွဲ့ခွဲတွေထားပြီး တိုက်ရတာ။ အဓိက အနီးကပ်ချောင်းမြောင်း တိုက်ခိုက်ရတာပါ"

ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံးဟုဆို

“သူတို့စစ်ကြောင်းတွေက ပေါင်းဝမှာရောက်နေတာ။ အဲဒီစစ်ကြောင်းက ဆားလင်းကြီးထဲကို လာဖို့ အတွက် သူတို့က ကင်းပုန်းကြိုယူထားကြတာ။ ကျနော်တို့ မိုင်း ၂ ပွိုင့်ဆွဲလိုက်တော့ သူတို့ဘက်က သေဆုံးတာတွေ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်”

နွားထိုးကြီးမှာ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရလို့ သေဆုံး

"သူက စကစခန့် အုပ်ချုပ်ရေးမှူးဆိုတော့ စကစ ခိုင်းသမျှ အကုန်လိုက်လုပ်တာတော့ရှိတယ်။ အခုက သူ့အကို နာရေးသွားချိန်မှာ ပစ်ခတ်ရှင်းလင်းခံရတာလို့တော့ သိရတယ်"

ဝက်လက်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ စစ်သား ၂ ဦးသေ PDF ၃ ဦးဒဏ်ရာရ

"သင်္ဘောနဲ့ ရွာသာကို လူလာချတာ၊ လာချပြီး ရွှေကျင်ရွာကို ဝင်ပြီး မီးထပ်ရှို့တာ။ ရွှေကျင်ရွာမှာလည်းတပ်စွဲထားတဲ့ တပ်စိတ်တစိတ်ရှိတယ်။ ရွှေကျင်ရွာကနေ ပြန်ထွက်လာတဲ့အချိန် စပြီးတိုက်ပွဲဖြစ်တာ။"

မုံရွာ နမခ ဝန်းထဲကို လက်နက်ကြီးနဲ့ပစ်ခတ်၊ လစရ ၆ နဲ့ စအရ ၉၀၉ တပ်တွေအနီးကျလို့ သေဆုံးမှုရှိနိုင်

“ပစ်မှတ်နေရာကိုရောက်မှ ကျ‌နော်တို့ ၆၀ မမ တွေနဲ့ပစ်တာ၊ သူတို့နေတဲ့နေရာကို တည့်တည့်မတ်မတ် ကျသွားတယ်၊ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်၊ ကျနော်တို့ အနားတော့ကျတယ်၊ မကွဲဘူး၊ သူတို့ဘက်က ဂန်းငယ်တွေနဲ့ပစ်တာကြောင့် ကျနော်တို့ပြန်ဆုတ်ခဲ့တယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10