စစ်ကိုင်းက ပဒူရဲဲစခန်းကို PDF က ဒရုန်းနဲ့တိုက်ခိုက်၊ သေဆုံးထိခိုက်မှုရှိဟုဆို
"ဗုံးသီး ၁၀ လုံးကို တလုံးနဲ့တလုံး ၅ မိနစ်စီခြားပြီး တိုက်ခိုက်ခဲ့တာ။ ဘယ်နှစ်ကောင် မသာပေါ်သလဲလို့တော့ မသိဘူး။ ခွေးအကောင် ၃၀ လောက်က လက်နက်တွေကိုင်ပြီး ခွေးပြေးဝက်ပြေးတာ"
"ဗုံးသီး ၁၀ လုံးကို တလုံးနဲ့တလုံး ၅ မိနစ်စီခြားပြီး တိုက်ခိုက်ခဲ့တာ။ ဘယ်နှစ်ကောင် မသာပေါ်သလဲလို့တော့ မသိဘူး။ ခွေးအကောင် ၃၀ လောက်က လက်နက်တွေကိုင်ပြီး ခွေးပြေးဝက်ပြေးတာ"
“ရင်း ၉က ဆေးရဲဘော်လေးတွေ။ ရင်း ၈တိုက်ပွဲဘက်ပါသွားတာ။ ရန်သူကပဲ အရှင်မိသွားလား၊ တိုက်ပွဲမှာ ကျသွားတာလား သေချာမသိရဘူး။ ရန်သူက စစ်ကြောင်းထိုးလာတော့ သူတို့နဲ့ ပက်ပင်းတွေ့ပြီး ပစ်ကြတာ။”
ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာက ထွက်လာတဲ့စစ်ကြောင်းနဲ့ ပေါက်ပင်ကွင်းရွာက ထွက်လာတဲ့ ပူးပေါင်းစစ်ကြောင်းအပါ အင်အား ၅၀ လောက်ကို ယင်းမာတောင်ခြေရင်းကနေ မနေ့မနက် ၈ နာရီလောက်မှာ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးခဲ့သူမှာ တလိုင်းကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်အောင်ခိုင်၊ မျောက်ကြီး၊ ဦးမြင့်၊ ရားရားနဲ့ မန္တလေး PDF တပ်ရင်း (၅၁၀)မှ ရဲဘော် နေခ တို့ဖြစ်ပြီး သူတို့ ၅ ဦး ကင်းစောင့်နေချိန် အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့ ရဲစခန်းထဲကို ပထမတလုံး Drone နဲ့ပစ်ချလိုက်တော့ သူတို့ဘက်က လက်နက်ကြီးတလုံး လက်နက်ငယ်တွေ နဲ့ Drone ကိုပြန်ပစ်ပါတယ်။ အဲဒါနဲ့ ဒုတိယတလုံးကို ထပ်ပစ်တယ်။ နောက်ထပ် ထွေအုပ်ရုံးကို Drone နဲ့သွားချတော့ သူတို့ဘက်ကပြန်ပစ်တာမျိုးတော့ မရှိတော့ဘူး”လို့ CDSOM အနောက်ပိုင်း တိုက်ခိုက်ရေးအဖွဲ့ - 001 တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။
"စရှို့တာကတော့ အိမ် လေး၊ငါးလုံးလောက်ရှို့ တာပေါ့။ အဲ့မှာ မီးငြှိမ်းမယ့်သူမရှိတော့ တအိမ်ပြီး တအိမ် ကူးစက်လောင်သွားတာပေါ့။ ဒီနေ့ (ဇူလိုင် ၃ )မှာ ဒေသခံတချို့ဝင်ကြတယ်။ တချို့ကတော့ ရှောင်နေတုန်း"လို့ စစ်ကိုင်း PDF မှ ရဲဘော်တဦး က ပြောပါတယ်။
"စကစ ဘက်ကတော့ စစ်တောင်းမြောက်ဘက်မြစ်ကမ်းဘေးက ရွာတွေဘက်ကို နေ့စဥ် လက်နက်ကြီးတွေနဲ့ လှည့်ပတ်ပစ်နေတာ။ မနေ့ကဆိုလည်းသူတို့(စကစ)ဘက်က ပစ်လို့နေအိမ်တွေထိတာ လူတွေထိတာရှိတယ်။ ဒေသခံတွေဆိုလည်း ပြောင်းပြေးဖို့က သွားရေးလာရေးခက်တော့ ပစ်ခတ်ချိန် ခဏရှောင်လိုက်၊ ပြီးရင်လာပြန်နေလိုက် လုပ်နေရတယ်"
“တိုက်ပွဲကကြီးတယ်၊ ရန်သူ့ဖက်က အထိနာပြီး နည်းနည်း နောက်ဆုတ်သွားတယ်။ ရန်သူ ၂၀ ကျော်ကျတယ်။ ကားနဲ့ လူနာတွေပြန်တင်သွားတယ်၊ တချို့ပြည်သူတွေပြောတာက မြို့ထဲဆေးရုံမှာ ရောက်နေတာဘာညာနဲ့ပေါင်းရင် ၄၀ လောက်ထိတယ်”
ပေါင်းတည်မြို့နယ်နဲ့ သဲကုန်းမြို့နယ်အစပ် ရန်ကုန် - ပြည်လမ်းကပေါ်က ဆိုင်းဘုတ်မှာ "တတိုင်းလုံးညီ တပြည်လုံးရဲ မင်းအောင်လှိုင်ခေါင်း ဒေါင်းနင်းတဲ့ပွဲ" စာတန်းကိုချိတ်ပြီး အနီးမှာပဲမိုင်း ၂ လုံးခွဲခဲ့တာလို့ ဆိုပါတယ်။
"စစ်ကြောင်းလာတာကို ကြိုသိပြီးတော့ လမ်းကနေ အသင့်စောင့်ပြီး လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ဖြတ်တိုက်တာ။ အသင့်ထောင်ထားတဲ့ မိုင်းတွေကိုလည်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ ထိခိုက်၊ သေဆုံးစာရင်းတော့ မသိရဘူး"
"ကျနော်တို့ စနိုက်ပါနဲ့ပစ်ခတ်တဲ့အချိန်မှာ ၁ ယောက်တော့ထိသွားတယ်။ အဲ့လိုထိသွားပြီး စစ်အုပ်စုဘက်က လက်နက်ငယ် လက်နက်ကြီးတွေနဲ့လှမ်းပစ်တာ။ သူတို့ဘက်က ၆၀ မမ လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ ပထမ ၁ ချက်ပစ်တာမှာ ကျနော်တို့ရဲဘော်တွေရဲ့ နောက်ကြောကိုကျော်ပြီးကျကွဲတယ်။ ဒုတိယ ၁ ချက် လှမ်းပစ်တာမှာ ပြောင်းကွဲပြီးတော့ ပစ်တဲ့ကောင်ကတော့ သေဖို့ ၉၀ ရာခိုင်နှုန်းသေချာတယ်။"
“ကားနဲ့လာပြီး အင်ပင်မရောက်ခင်လမ်းဆင်းလျှောက်တာ၊ မိုင်းဆွဲလိုက်တော့ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ သေဆုံးတာတော့ အတည်မပြုနိုင်သေးပါဘူး။ သူတို့ဘက်ကလည်း လက်နက်ငယ်တွေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တာတွေရှိတယ်”
"စစ်ကြောင်းလာတယ်လို့ အသံကြားကတည်းကိုက ဒေသခံတွေက ရွာလုံးကျွတ်ပြေးနေကြရပြီ။ စစ်ကြောင်းပြန်ထွက်သွားလို့ အခြေနေငြိမ်သွားတာ သေချာပြီဆိုရင်တော့ ရွာထဲပြန်နေကြရတယ်။ ဒီမနက် စစ်ကြောင်းဝင်လို့ ပြေးရတာဆို ၆ ရွာလောက်ရှိမယ်"
"သူ့အိမ်ကနေ လူတစုက လာဖမ်းသွားပြီး သတ်ပစ်လိုက်တာလို့ သိရတယ်။ သူက မြို့ထဲမှာ ဂျပန်ကားလေး ဝပ်ရှော့ဖွင့်ထားတယ်။ အရင်ကတော့ သူက စကစ၊ ဌာနဆိုင်ရာအချို့က လူတွေနဲ့ ကားကိစ္စ အရောင်းအဝယ်လုပ်တာတွေလည်း ရှိတယ်။ ငွေကြေးကိစ္စတွေလည်း ရှိတယ်လို့ သိရတယ်။ ဘာကြောင့် အသတ်ခံရတယ်ဆိုတာတော့ သေချာမသိရဘူး"
မုံရွာမြို့အဝင်မှာရှိတဲ့ မအူဂိတ်မှ စစ်ကောင်စီ အင်အား ၆၀ခန့်က ကျေးရွာထဲကိုဝင်ရောက်လာပြီး စျေးထဲရှိ ကုန်စုံဆိုင် ၃ဆိုင်က ဓာတ်ဆီပေပါ (၁၂)လုံး၊ စားသုံးဆီပုံး၊ မုန့်ထုပ်ဖာ၊ အအေးဗူး၊ ဘီယာဗူးဖာ၊ ကျောင်သားသုံး ကျောပိုးအိတ်၊ ရှုးဖိနပ်နဲ့ လူနေအိမ်မှ TV တလုံး၊ ဘတ္ထရီအိုးကြီးတလုံး၊ ရှုးဖိနပ်၊ Aircooler တလုံး စတဲ့ပစ္စည်းတွေ ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။