သတင်း

ဖောင်းပြင် ၃ ရက်တာတိုက်ပွဲ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံး၊ ခဲယမ်းအများအပြားသိမ်းဆည်းရမိ

“ရွာထဲပိတ်မိနေလို့ ပြန်ထွက်ချင်နေတာကိုလည်း ကျနော်တို့သိတယ်။ ပျူရွာဘက်ကို စက်လှေနဲ့အေးအေးဆေးဆေး ဆုတ်ခွင့်ပေးတာကို နောက်ဆုံးစက်လှေပေါ်ကကောင်တွေက ရဲဘော်တွေရေခပ်နေတာကို သေနတ်နဲ့လှမ်းပစ်လို့ အဲ့မှာသူတို့(စကစ)ကို ဒရုန်းနဲ့ပစ်ချပြီး သေနတ်နဲ့လိုက်ပစ်ခဲ့တယ်"

ရေတွင်းထဲပြုတ်ကျတဲ့ ဖခင်ကို ဆင်းကယ်ရာက သားအဖ ၂ ဦးလုံး သေဆုံး

"အဖေဖြစ်သူက ရေတွင်းနံရံကို ဘိလပ်မြေကပ်နေရာကနေ အလယ်လောက် ရောက်တော့ အောက်ဆီဂျင်ပြတ်လို့ ကျသွားတာကို သားက ဆင်းဆယ်ရင်း ၂ ယောက်စလုံး အောက်ဆီဂျင်ပြတ်ပြီး ဆုံးသွားတာ။ ဆေးရုံရောက်မှ ဆုံးသွားတယ်"

စစ်အုပ်စု လိုက်ပါလာတဲ့ ကောက်ပဲသီးနှံတင်ယာဥ်တန်း မိုင်းဆွဲခံရ (ရုပ်/သံ)

"မိုင်းဆွဲလိုက်တဲ့ ကားတွေပေါ်မှာတော့ ကောက်ပဲသီးနှံတွေ တင်လာတာ။ ကားက ဟီးနိုးကာတွေ။ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကြောင်းထိုးပြီးတော့ သူတို့ပျူရွာကနေ‌ ကောက်ပဲသီးနှံတွေ တင်လာတာ။ ပခုက္ကူမြို့ပေါ်ကို အဲဒီကောက်ပဲသီးနှံတွေရောင်းပြီး စားနပ်ရိက္ခာ ပြန်ဝယ်ဖို့ပါ။ အဲ့ဒီကားတွေပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေပါတယ်။"

စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ၂ ဦးဒဏ်ရာပြင်းထန်

“သူတို့(စစ်ကောင်စီတပ်)ကို ရွာအပြင်လယ်ကွင်းတွေကြားမှာ မိုင်းဆွဲခဲ့ပါတယ်။ မိုင်းဆွဲလိုက်တော့ မိုင်းဘေးမှာ ကပ်ပြီးရှိနေတဲ့ စကစ ၂ ကောင် မသေရင်တောင် ဒဏ်ရာပြင်းထန်ဖြစ်မှာသေချာတယ်။ အသေအပျောက်ကတော့ ကျနော်တို့မသိရသေးပါဘူး ”

ပိတ်သိမ်းခံရတဲ့ တက်မရေနံမှော်က ကျန်ရှိ လုပ်ငန်းသုံးပစ္စည်းတွေနဲ့တဲတွေ ခိုးယူဖျက်ဆီးခံနေရ

"အချို့ကျတော့ လုပ်ငန်းပြန်လုပ်လို့ ရနိုင်မလားဆိုပြီး အကုန်သိမ်းမသွားဘဲ ချန်ခဲ့တာတွေရှိတယ်။ အချို့ကျတော့ သိမ်းလို့မရလို့ ထားတဲ့အရာတွေရှိတယ်။ ဥပမာ တွင်းထဲက သံပိုက်လုံးတွေမျိုး၊ သံငြမ်းစင်လိုဟာမျိုးတွေပေါ့။ ဒီလိုသံပိုက်တွေကျတော့ သံတိုသံစအနေနဲ့သွားရောင်းတာတောင် စျေးကောင်းရသေးတာ။ သက်ကယ်တွေကျတော့လဲ အမိုးအကာအတွက်သုံးဖို့နေမယ် ယူသွားကြတယ်။ အချို့ကျတော့ တဲတွေ ဖြုတ်ယူမီးရှို့သွားတယ်"

ကလေးမှာ စစ်အုပ်စုက လေကြောင်းရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်လို့ ပြည်သူ ၈ ဦးဒဏ်ရာရ

“ကလေးမြောက်ပိုင်းကို လေကြောင်းပစ်နေပြီ၊ စာသင်ကျောင်း ပစ်ခံရတာ၊ လက်နက်ကြီးနဲ့ပစ်တာလည်း ထိထားတယ်၊ ခုလည်း လေယာဉ်နောက်တစီးပတ်ဝဲနေတာမို့ သတိထားနေရတယ်”

သံချပ်ကာသယ်ယာဉ်လုံခြုံရေး လိုက်ပါလာတဲ့စစ်ကားကို မိုင်းဆွဲလို့ စစ်သား ၅ ဦးသေဆုံးဟုဆို

“ဆွဲတဲ့မိုင်းက ပြင်းအားများတဲ့ပတ်လည်မိုင်းတလုံးနဲ့ ဆွဲခဲ့တာဗျ။ သံချပ်ကာကားတွေ သယ်လာတဲ့ကားတွေကို အနောက်က လုံခြုံရေးလိုက်လာပေးတဲ့ကားကို မိုင်းဆွဲလိုက်တာ ။ ၅ ယောက်သေတယ်လို့ သိရတယ်။ အခုလောလောဆယ်မှာတော့ အဲဒီလမ်းပိုင်းက ရှုပ်ထွေးနေတယ်လို့ ကြားသိရတယ်”

ဘုတလင်က PDF စခန်းတခု စီးနင်းမီးရှို့ခံရပြီး ရဲဘော် ၃ ဦးပစ်ခတ်ခံရလို့ သေဆုံး

"ကျနော်တို့ ရဲဘော်တွေအကုန်လုံးက စခန်းမှာရှိနေတာဗျ။ မထင်မှတ်ဘဲနဲ့ စကစတွေက လက်နက်ကြီးတွေ၊ စက်လတ်တွေပစ်ပြီး ဝင်လာတာဗျ။ အဲဒီအချိန်မှာ ကျနော်တို့က ခုခံချိန် မရလိုက်ဘူးဗျ။ ကျသွားတဲ့ရဲဘော်သုံးယောက်က ထွက်ပြေးတဲ့အချိန်မှာ ကျည်မှန်ပြီးတော့ လဲကျကျန်ခဲ့တာ။ သေနတ်တွေက တရစပ်ပစ်နေတော့ ကျန်တဲ့ရဲဘော်တွေလည်းမကူနိုင်ခဲ့ဘူးဗျ"

ခင်ဦးက စစ်ဘေးရှောင် ၃ ထောင်ကျော် အလှူရှင်မရှိလို့ စားသောက်ရေး အခက်ကြုံနေ

"လူဦးရေက အရမ်းများတော့ အဓိက စားစရာလိုအပ်နေပါတယ်။ ကျနော်တို့မြို့နယ်မှာ လုပ်ကိုင်စားသောက်ဖို့ အချိန်က မရှိတော့ဘူး။ စစ်ကြောင်းက အမြဲတမ်းလိုလိုထိုးနေတော့ ဒေသခံတွေက အမြဲတမ်းထွက်ပြေးနေရ တာ။ ဒီအထဲ အသက်ကြီးသူတွေဆို ဆုံးသွားရတဲ့အထိပဲ။ တခါတလေဆို ထမင်းတောင်ငတ်ကြတယ်။ လှူပေးတဲ့ သူက မရှိတော့"

ရွှေပန်းပင်ချောင်းအတွင်းမှာ ပိုင်ရှင်မဲ့အမျိုးသမီးအလောင်းတွေ့ လို့ သင်္ဂြိုဟ်ပေးလိုက်ရ

"မနေ့မနက်က လမ်းသွားလမ်းလာတွေကတွေ့လို့ အလောင်းလာကောက်သွားကြတယ်။ ခုသေဆုံးသူက ဒီဘက် ဒေသခံတော့ မဟုတ်လောက်ဘူး။ ပြီးခဲ့တဲ့ရက်က အထက်ဘက်မှာမိုးကောင်းတော့ ချောင်းရေတော့ တက်လာသေးတယ်။ ခုသေဆုံးတဲ့အမျိုးသမီးကလည်း ဒီမြို့နယ်ထဲက မဟုတ်လောက်ဘူး။ ဒီမနက်ထိ ပိုင်ရှင်မပေါ်သေးဘူး"

မိတ္ထီလာလေတပ်က စစ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး၊ တပ်ကြပ်တဦး ဆေးရုံတင်ထားရဟုဆို

"ဇရပ်ကြီကျေးရွာ ဘုန်းကြီးကျောင်းမှာက မိတ္ထီလာလေတပ်က စစ်သား ၄၀ လောက်ရှိတယ်။ ကျနော်တို့ ပစ်ခတ်ခဲ့လို့ နေရာတင်ပွဲချင်းပြီးသေတာက ၇ ဦးရှိပြီး ဒဏ်ရာရတာတွေ များတယ်၊ တပ်ကြပ် ၁ ကောင်ပါ ခု တောင်သာဆေးရုံမှာ၊ သေနိုင်တယ်"

အခိုင်အမာတပ်စွဲထားတဲ့ စခန်းကို ဒရုန်းနဲ့ အကြိမ်၂၀ ကျော် တိုက်ခိုက်ခံရလို့ ၅ ဦးသေ ၁၀ ဦးကျော် ဒဏ်ရာရ (ရုပ်/သံ)

အင်အား ၅၀ လောက်နဲ့ ထီးဆောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကိုင်း တပ်မ ၃၃ က စစ်သားတွေကို ဇွန်လ ၄ ရက် မနက် ၇ နာရီမှာ ဒရုန်းစစ်‌ဆင်ရေးအနေနဲ့ ဒရုန်း ၇ စီးမှာ ဗုံးသီး ၂၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်နဂါးနီပြည်သူ့ကာကွယ်ရေးတပ် ဒုတပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။

ဆိပ်ဖြူနယ်က ကပစတပ် ၂ တပ်နဲ့ လေကြောင်းရန်တပ်ကို PDF က ပစ်ခတ်တိုက်ခိုက်

“ကျနော်တို့ပစ်လိုက်တဲ့ ရှော့ဒုံးတွေက လက်နက်တိုက်ဂိုထောင်အဆောက်အဦတခု ထိတယ်ဆိုတာ တပ်တွင်းဖရဲသီးဆီက ပြန်သိရတယ်။ အထဲမှာရှိတဲ့လူတွေလည်း ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ သိရတယ်။ မစ်ရှင်မစခင်ကတည်းက စကစဘက်က လက်နက်ကြီးတွေနဲ့ပစ်နေတာတွေရှိတယ်” လို့ ပြောပါတယ်။

ပေါင်းတည်မှာ စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရလို့ တဦးသေ၊ တဦးဒဏ်ရာရ

"စစ်ကြောင်းက လက်ပံခုံရွာကနေ ထွက်လာတာကိုစောင့်ပြီး လက်နက်ငယ်နဲ့ တိုက်ခိုက်ခဲ့တာပါ။ သေတဲ့တကောင်ကို လက်ပံခုံရွာနားက ယာတဲမှာတင်ပြီး မီးရိူ့သွားတယ်။ အနားက ယာတဲ ၈ လုံးကိုလည်း မီးရိူ့သွားသေးတယ်" လို့ PPDFမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။

အုတ်ဖိုက ပျူစောထီးဆိုသူ နယ်ထိန်းရဲယောက္ခမ သေနတ်နဲ့ပစ်သတ်ခံရ

"သူ့အိမ်က ရဲစခန်းနဲ့ ၁ ဖာလုံလောက်ဘဲ ဝေးတာ။ သူ့ကို စောင့်ကြည့်နေတာကြာပြီ။ ဒီနေ့ မိသားစုရှိတော့ ကျန်တဲ့သူ အန္တရာယ်မရှိအောင် သေချာအောင်စောင့်ပြီး အပြီးပစ်ခတ်ခဲ့တာ ပွဲချင်းပြီးပဲ" လို့ Hero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မိုးကြိုးက မြေလတ်အသံကို ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10