သတင်း

ပအဖအဖွဲ့ဝင် အဖမ်းခံရပြီးနောက် ဆားလင်းကြီးမှာ စစ်တပ်က အင်အားသုံး တပ်စွဲထားလို့ ဒေသခံ သောင်းကျော် ထွက်ပြေးနေရ

"စကစတွေက ရွာရဲ့ကားလမ်းဘေးတို့၊ ဘုန်းကြီးကျောင်းတို့၊ ရဲစခန်းတို့နဲ့ ရွာပတ်ပတ်လည်မှာ တပ်စွဲနေရာ ယူထားတယ်။ ထွက်ပြေးနေကြတဲ့ရွာတွေက ၁၀(ရွာ)လောက်ရှိတယ်။ ရွာနာမည်တွေတော့ မသိရသေးဘူး။ ညောင်ပင်းကြီးနားကိုလည်း တယောက်မှမသွားဝံ့ကြဘူးဗျ။ ပစ်ခတ်သံတွေလည်း မကြားရသေးဘူး"လို့ ဆိုပါတယ်။

ချောင်းဦးလဝကရုံးအနီး ကင်းစောင့်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို ပစ်သတ်ပြီး သေနတ် ၄ လက်သိမ်းဆည်း

"ဒီရုံးနားမှာ အရင်ရက်တွေကဆိုရင် စကစ ၇ ယောက်လောက် စောင့်တယ်။ ဒီနေ့မှာတော့ ၄ ယောက်ပဲရှိတယ်။ ၅ မိနစ်လောက်ဘဲ ပစ်ခတ်မှုဖြစ်တာ၊ ခဏလေးပါဘဲ စကစ ၄ ကောင်က ပွဲချင်းပြီးသေတယ်။ သူတို့ရဲ့ လက်နက်တွေ အကုန်လုံးကိုသိမ်းယူခဲ့တယ်"လို့ ပြောပါတယ်။

ဆောဒေသ မှာ NUG လမ်းညွှန်ချက်နဲ့ စာသင်ကျောင်း ၈၀ ကျော် ဖွင့်လှစ်သင်ကြားပေးနေ

"ကျောင်း ၈၀ ကျော်ဖွင့်လှစ်ပြီး သင်ကြားပေးထားနိုင်တယ်။ ကလေးတွေကို ပညာရေးနဲ့အလှမ်းမဝေးစေချင်တဲ့ဆန္ဒနဲ့ သင်ဖြစ်တာပါ။ သူတို့ရဲ့အနာဂတ် တိုးတက်စေချင်တယ်။ ကျမတို့အတွက် လခမရလည်း ခလေးတွေကို ပညာတတ်စေချင်လို့သင်ပေးနေမှာပါ" လို့ ပြောပါတယ်။

စစ်ပင်တံတား လာပြင်တဲ့အဖွဲ့ မိုင်းထိလို့ ၃ ဦးဒဏ်ရာရ

"အဲဒီတံတားက အရင်ဆုံးတခါ မိုင်းကွဲပြီးကတည်းက လာထပ်ပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ချခံရသေးတယ်။ အဲ့ကတည်းက တံတားပြင်တာ နားထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပြန်ပြင်နေတာ။ ခုတခါ မိုင်းထပ်ကွဲတယ်"လို့ သူက ပြောပြပါတယ်။

ဆားလင်းကြီးပ.အ.ဖ အဖွဲ့ဝင် ဦးဗန့်ဂျီ မုံရွာစစ်ကြောရေးသို့ရောက်၊ အသက်အန္တရာယ်စိုးရိမ်နေရ

"ကိုဗန့်ဂျီကို စကစအင်အား ၃၀ ကျော်က မော်တော်နဲ့ နောင်အိုင်ကြီးရဲစခန်းကနေ မုံရွာစစ်ကြောရေးကို ပို့လိုက်တာ။ မုံရွာက (နမခ)ကိုလား၊ ဘယ်တပ်၊ ဘယ်နေရာကို ပို့တယ်ဆိုတာတော့ တိတိကျကျမသိရဘူးဗျ။ သူရိုက်နှက်ခံထားရလို့ အသက်အန္တရာယ်စိုးရိမ်နေရတယ်"လို့ သူက ဆိုပါတယ်။

ကြို့ပင်ကောက်မှာ ရပ်ထားတဲ့ကားကိုဝင်တိုက်တဲ့ ဆိုင်ကယ်သမား ၂ ဦး သေဆုံး

"သူတို့က အလှပြင်လုပ်ငန်းလုပ်ကြတာ၊ ဇီးကုန်းကပြန်လာကြတာမှာ ရပ်ထားတဲ့ကားကို နောက်ဝင်တိုက်မိတာပါ။ နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားပါတယ်၊ သူတို့က အရက်နည်းနည်းတော့ သောက်တတ်တယ်"လို့ သေဆုံးသူတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

စစ်တပ်က ပျူတပ်ထဲဝင်ခိုင်းလို့ ဂန့်ဂေါနယ်မှာ ရွာလုံးကျွတ်ထွက်ပြေး၊ ထွက်ပြေးလာသူ ၁,၀၀၀ ကျော်ကို PDF က စောင့်ရှောက်ထား

"စစ်ရှောင်အားလုံးအတွက်ဆို အလုံးရေ ရာနဲ့ချီပြီး ဆောက်ရမယ်။ အခုပြီးစီးသလောက်ကလည်း အမိုး မမိုးရသေးတာများတယ်။ ခုရက်ပိုင်း မိုးကလည်းရွာနေတော့ အင်ဖက်လိုက်ကောက်ရမယ်။ လောလောဆယ်တော့ မြက်ခြောက်တွေ တင်ထားရတယ်။ မိုးရွာရင်တော့ လူဝင်နေဖို့ အဆင်မပြေသေးဘူး" လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး မုံရွာ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဒဿ ကျဆုံး

“နဂါးတွင်းရွာဘက်ကို သွားကူတိုက်ဖို့ဟာက တဖွဲ့ကမလာနဲ့ပြောတာကို သူကတက်လာတယ်ပြောတယ်။ အဲဒီမှာ ခွေးတပ်နဲ့ထိပ်တိုက်တိုးမိသွားတာ။ သူ့ကို ခေါင်း ၁ ချက်၊ ပေါင် ၁ ချက်မှန်ပြီး အဲဒီမှာတင် ဒဿကျဆုံး သွားတာ။ အခုလက်ရှိမှာတော့ သူ ၁ ယောက်တည်းကျဆုံးသွားတာပဲ သိရသေးတယ်။” လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲက ပြောပါတယ်။

ပျူနဲ့စစ်ကောင်စီတွေ ကျေးရွာထဲ ဝင်ပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရ

"ဖြစ်ပုံက ဒီလိုဗျ မနေ့က စကစနဲပျူအဖွဲ့က တောင်ခင်ရန်းကို အရင်ဝင်လာတယ်။ ပစ်ခတ်မှုတွေလုပ်တော့ အမျိုးသား ၁ ယောက်​သေသွားတယ်။ ပြီးတာနဲ့ ရွှေဘိုရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ဝင်တော့ ၂ ယောက်ထိတယ် သေတယ်။ ညပိုင်းမှာ အဲဒီစကစအဖွဲ့က တောင်ခင်ရန်းဘက်မှာ ညပြန်အိပ်တယ်။ ဒီမနက် စကစနဲ့ပျူအချို့ ပြန်ထွက်ချိန်မှာလဲ သေနတ်ရမ်းသမ်းပစ်လို့ ဒေသခံတယောက် ထပ်ထိသေးတယ်။"

ပျူရွာတွေ စုပေါင်း စျေးဝယ်ထွက်စဥ် မိုင်းနင်းမိလို့ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

"ဒီကောင်တွေ ရိက္ခာပြတ်လို့ ဈေးဝယ်ထွက်တာ။ အရင်ရက်ကမိုင်းတွေ ရှင်းသေးတယ်၊ ရှင်းပြီဆိုမှ ထွက်ကြတာ။ အဲ့နေ့က ပျူစောထီး ခေါင်းဆောင်အပါ သေနတ်ကိုင်ထားတဲ့ အဖွဲ့ နင်းမိတာ။ အထိအခိုက်များလို့ ဈေးထွက်မဝယ်ဘဲ ရပ်လိုက်ရတယ်။"

ဝက်လက်က နဘဲပင်လှရွာကို စစ်အုပ်စုက မီးရှို့ပြိး ဒေသခံတဦးကိုလည်း မီးရှို့သတ်သွား

“အခုလောလောဆယ်တော့ ရွာသားတွေတော့ ရွာထဲကိုပြန်ဝင်သွားပါပြီ၊ နေအိမ်တွေ မီးထဲဘယ်လောက်ပါသွားလဲ မသိရသေးဘူး၊ ရွာထဲက အမျိုးသား ၅ ဦးကိုလည်း စကစတွေက ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားတယ်။ ရွာသားတဦးကို မီးရှို့သတ်လိုက်တယ်။ ဦးလေးတယောက်ကတော့ ခြေထောက်ကို ထိထားတယ်။ သူ့ကို ရွာဘုန်းကြီးကျောင်းမှာ ထားခဲ့တယ်”

NUG က စစ်ကိုင်းတိုင်းအတွင်းရှိ PDF တပ်ရင်းတွေကို လက်နက်တပ်ဆင်ပေး

“ဒါက ဒုတိယအကြိမ်ပေါ့၊ ရှေ့တခေါက်က ၃၃ ရင်းကို သေနတ် ၅ လက်၊ ကျည် ၂၀၀၀၊ လက်ပစ်ဗုံး ၂၀ လုံးရတယ်။ ဒီတခေါက်က ၂၄ ရင်းလို့သိရတယ်”

ပုလဲနယ်က မီးဘေးသင့်တွေကို ကူညီလှူဒါန်းခဲ့တဲ့ ပြည်ပရောက် ကမ်းလက်မေတ္တာ

"ကမ်းလက်မေတ္တာအဖွဲ့ကို မီးရှို့ခံရတဲ့ရွာတွေက ပြည်သူတွေရဲ့ အခက်အခဲကိုပြောပြတယ်။ လိုအပ်တဲ့ပစ္စည်းတွေနဲ့ ကုန်ကျစရိတ် စာရင်းတွေ ပို့ပေးတယ်။ အဲဒီအဖွဲ့ရဲ့ငွေကြေးနဲ့ ပစ္စည်းတွေဝယ်ပြီး လှူဒါန်းခဲ့ပါတယ်"

အင်းတော် စစ်တပ်ကုန်း လက်နက်ကြီးနဲ့အပစ်ခံရလို့ အရာရှိတဦးအပါ ၂ ဦးသေဆုံး

“သေတဲ့ထဲက တယောက်က ဗိုလ်ကြီးဆိုတာတော့ သိရတယ်၊ နာမည်ကတော့ စုံစမ်းတုန်းပဲ၊ ကိုယ့်ဘက်က ၃လုံးပစ်တော့ သူတို့ဘက်က တင့်ကားကို ရေကန်ပေါ်မှာထိုင်ပြီးကို ဘေးကိုပတ်ရမ်းပြီး လှည့်ပစ်တယ်"

ပေါက်နယ်က စစ်ဘေးရှောင်တွေကို NUG က ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး

“စစ်ရှောင်နေရင်း ဖျားတာ၊ ချောင်းဆိုးတာ၊ ခေါင်းမူး၊ ခေါင်းကိုက်နဲ့ အခြားရောဂါတွေကို အခမဲ့ကုသပေးခဲ့ပါတယ်။ စစ်ရှောင်တွေရှိတဲ့နေရာတွေဘက်ကို သွားပြီး လိုက်လံကုသပေးတာပါ။ အခုလို သွားရောက်ကုသပေး တာ ၃ ကြိမ်ရှိပြီ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10