သတင်း

အင်းတော် မြို့နယ်ထွေ/အုပ်ရုံးရဲ့ယာဥ်မောင်း ရွာကိုအလည်ပြန်ချိန် ရှင်းလင်းခံရ

"သူက အိမ်ထဲမှာရှိနေတဲ့အချိန် ပစ်ခတ်ခံလိုက်ရတာ။ နေရာမှာတင်ပွဲချင်းပြီး သေသွားတယ်။ သူက အိမ်ကိုအလည်ရောက်နေတာ။ ဘယ်အဖွဲ့က ပစ်သတ်သွားလည်းဆိုတာကိုတော့ မသိဘူးဗျ။ သူ့အလောင်းကို စကစတွေက (မေ ၃၁)မနက်မှာ လာယူသွားကြတယ်"

ပေါက်မှာ ဒလန်လို့ မှားပြီး ရှင်းလင်းခဲ့မိတဲ့ ရပ်/ကျေး ပကဖခေါင်းဆောင်အပါ ၂ဦးကို ဥပဒေအရ အရေးယူထား

“ကလေးတွေကို မသေချာဘဲနဲ့ ဒီလို အဆုံးစီရင်လိုက်တယ်ဆိုတော့ လက်နက်ကိုင်အဖွဲ့တွေက ဖမ်းတယ်ပေါ့။ ဖမ်းပြီး မေးမြန်းစစ်ဆေးတဲ့အချိန်ကျတော့ တရားစီရင်ရေးတွေ၊ အချုပ်ထောင်တွေ မပေါ်သေးတဲ့အချိန်(၂၀၂၁ခုနှစ်)ဆိုတော့၊ သူတို့ကို ခဏ အာမခံနဲ့ပေးပြီးတော့ တော်လှန်ရေးပြီးတဲ့ကာလပဲဖြစ်ဖြစ်၊ တရားဥပဒေ ပေါ်လာတဲ့ကာလပဲဖြစ်ဖြစ် မင်းတို့ဟာ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရမယ်။ တရားဥပဒေအရပေးတဲ့ ပြစ်ဒဏ်ကို ခံယူရပါမယ်ဆိုတဲ့ ခံဝန်လက်မှတ်တွေနဲ့ ပြန်ထွက်လာတာပါ”

မိုးရွာလို့ယာခင်းတဲထဲဝင်နားချိန် မိုးကြိုးထိလို့ အမျိုးသား ၃ ဦးသေဆုံး

"သူတို့လယ်ထဲက နှမ်းခင်းကို ရေသွင်းနေတဲ့အချိန် မိုးရွာ၊ လျှပ်စီးတွေလက်နေလို့ ယာခင်းတဲထဲ ဝင်နားလိုက်ကြတယ်။ သူတို့တဲထဲရောက်ပြီးချိန်မှ မိုးကြိုးကပစ်တာ။ သူတို့နားနေတဲ့ တဲကိုထိပြီး သူတို့ ၃ ယောက်လုံးပါ မိုးကြိုးထိပြီး သေသွားတာ။ ၂ ယောက်က ညီအကိုဝမ်းကွဲ၊ တယောက်က အလုပ်သမား "

စစ်သားနဲ့ပျူတွေက ပေါက်တောင်ပိုင်းကျေးရွာတွေကို ၅ ရက်ကြာ မီးရှို့ပြီး ဒေသခံ ၂ ဦးကို ပစ်သတ်

"အပြစ်မဲ့ပြည်သူကို ဖမ်းမိတဲ့နေရာမှာ ဘာမှမမေးဘဲ သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်သွားတယ်။ ချောင်းနားရွာထဲက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း မတရားယူတယ်။ သယ်လို့မနိုင်တဲ့ ပစ္စည်းတွေ၊ အိမ်တွေ မီးရှို့ပစ်တာ။"

မိုခါမုန်တိုင်းကြောင့် လယ်ယာသုံးကျွဲ ၁၅၀ ခန့်သေလို့ လုပ်ငန်းခွင်မှာ အခက်အခဲဖြစ်နေ

"ကျေးရွာ ၂ ရွာပေါင်းမှာမှ ကျွဲအကောင်ရေ ၃၀၀ လောက်ပဲရှိတယ်။ ခုက ထက်ဝက်လောက်သေသွားတာဆိုတော့ လုပ်ငန်းခွင်အချိန်မီဝင်လို့ မရဘူးဖြစ်နေတယ်။ လက်ရှိ ကျွဲကျန်ခဲ့တဲ့သူတွေ လုပ်ငန်းခွင်ပြီးမှ အခြားသူက ငှားလုပ်ရမယ့် အခြေနေပါ။ အချိန်မီ မစိုက်ပျိုးနိုင်ရင်တော့ အထွက်ကျတာနဲ့ ပိုးမွှားဖျက်ဆီးတဲ့ဒဏ်တွေ ခံရနိုင်တယ်။”

တောင်ငူ လေကြောင်းရန်တပ်က ဗိုလ်မှူး ရဲနိုင် ကို PDF က အနီးကပ်ပစ်ခတ်ရှင်းလင်း

“သူက ဒုဗိုလ်မှူးကြီးလို့သိရတယ် နာမည်ကရဲနိုင်။ သူ့ကိုရှင်းလင်းဖို့ကျနော်တို့ဘက်က ၇ ရက်လောက်အချိန်ယူရတယ်။ အရပ်ဝတ်နဲ့ဆိုင်ကယ်နဲ့ လျှောက်သွားနေတာ။ ကျနော်တို့ထင်တာတော့ ထောက်လှမ်ရေးလုပ်နေတယ်လို့ ထင်တယ်။ အမြန်လှုပ်ရှားပြီး ချက်ချင်းပစ်၊ ချက်ချင်းပြန်ဆုတ်ခဲ့ရတယ်”

စစ်တပ်က စစ်ကိုင်းနယ်က ရွာ ၂ ရွာကိုမီးရှို့လို့ နေအိမ် ၆ လုံးပျက်စီး

“သူတို့မနက်က သဗြူးရွာက အိမ် ၂ လုံးကို အရင်မီးရှို့တယ်။ ပြီတော့ ကုန်းတန်းလေးရွာထဲကို ဝင်လာပြီး သူတို့လိုက်ရှာနေတဲ့ လူတဦးရဲ့နေအိမ်ကို မီးလာရှို့လိုက်တယ်။ မီးရှို့ပြီးတော့ မအူပင်အနောက်ဘက်ကို ထွက်သွားတာ။ ထွက်သွားပြီး ကုန်းတန်းလေးရွာကို ပြန်လာတဲ့အချိန် မိုင်းမိသွားတော့ သူတို့ကား ၂ စီးက ကြေသွားတယ်။ အဲ့ဒါနဲ့ ကုန်းတန်းလေးရွာထဲဝင်ပြီ ထပ်ပြီ မီးရှို့တော့တာပဲ”

ကနီက CDM ဆင်ဦးစီးမိသားစုတွေ ရပ်တည်နိုင်ရေး ခက်ခဲနေပြီး ဆင်တွေကိုစွန့်လွှတ်ရမယ့် အခြေနေဖြစ်နေ

"အဓိကကတော့ သူတို့ရဲ့စားဝတ်နေရေးနဲ့ ကျန်းမာရေး အဓိကခက်ခဲနေတာပါ။ စားဝတ်နေရေးခက်ခဲနေရင် သူတို့က ဆင်တွေကိုစွန့်ပြီး နေရပ်ပြန်မယ်လို့ ဆိုပေမယ့် စားဝတ်နေရေးအထောက်အပံ့ရရင်တော့ ဆင်တွေကိုဆက်ပြီး ထိန်းကျောင်းသွားကြမှာပါ"

ခင်ဦးက ရွာသစ်ရွာကို စစ်တပ်က မနက်အစောကြီး မီးဝင်ရှို့လို့ ဒေသခံ ၃,၀၀၀ ကျော်ထွက်ပြေးနေရ

"ရွာသားတွေက ထွက်ပြေးချိန်မရလိုက်ဘူးဗျ။ အိမ်ဘယ်လောက် မီးရှို့နေတာလည်းဆိုတာကိုတော့ မသိရ သေးဘူး။ ရွာထဲက မီးခိုးတွေ၊ မီးလောင်နေတာတွေကို အခုထိမြင်နေရတယ်။ စကစနဲ့ပျူတွေကတော့ ရွာရဲ့ဘုန်းကြီးကျောင်းမှာ ဝင်နေတယ်လို့သိရတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေတော်တော်များများ ရှိနိုင်တယ်"

ဂန့်ဂေါမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိဟုဆို

"လက်နက်ငယ်တွေ ၄၀ မမတွေ အပေါ့စားဗုံးပစ်လောင်ချာတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာ။ တိုက်ပွဲပြီးတော့ စစ်တပ်ဘက်က ဒဏ်ရာရသူတွေရော ကျဆုံးသူတွေရောပါ သူတို့အထိုင်ချတဲ့ ကင်းကျေးရွာရဲစခန်းကို ခေါ်သွားတယ်။ "

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ သရက်ခရိုင် ပကဖတာဝန်ခံ ဦးမြတ်ကို ပျောက်ဆုံးနေ

"သူထွက်သွားမယ့်နေ့မှာ ရဲဘော်တွေကို တန်းစီခိုင်းပြီးတော့ သေနတ်အတိုတလက်ခါးကြားထိုးပြီး ဘယ်သူမှ လိုက်မလာနဲ့ဆိုပြီး ပြောပြီး ထွက်သွားတယ်။ ခုထိ သူနဲ့ပတ်သက်ပြီး သတင်းအတိအကျ မရသေးသလို သတင်းတွေကလည်း အမျိုးမျိုးထွက်နေတယ်"

ပြာပုံထဲက မြင်ကွင်းတွေဟာ တော်လှန်ရေးစိတ်ကို ပိုပြီး ပြင်းပြစေတယ်( ရုပ်/သံ)

ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ရွာတွေကို ရောက်သွားချိန် အဲဒီက ပြည်သူတွေရဲ့ စစ်ကောင်စီကို နာကျည်းမှု၊ သူတို့ရဲ့ ခံပြင်းမှုတွေနဲ့ ပြာပုံထဲက မြင်ကွင်းမျိုးတွေဟာ ကျွန်တော်တို့ရဲ့ တော်လှန်ရေးစိတ်ကို ပြင်းပြစေခဲ့သလို အခုအချိန်ထိ တောင့်ခံထားနိုင်တာ ဖြစ်တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက မဖူးပွင့်ဝေက ဆိုပါတယ်။

ပျူရွာမှာ သောက်စားမူးယစ်နေတယ်သတင်းရလို့ လက်နက်ကြီးအလုံး ၇၀ ကျော်နဲ့ သွားပစ်( ရုပ်/သံ)

“ကာကွယ်ရေးအဖွဲ့အစည်းတွေကလည်း ရွာနားထိ ရှိနေကြတော့ ပျူခြံထဲကနေ အပြင်ထွက်လို့မရကြဘူး၊ သူတို့(ပျူစောထီး)ကို အကျယ်ချုပ်သဘောမျိုးနဲ့ ဝိုင်းပြီး ထိန်းချုပ်ထားနိုင်တယ်၊ အပြီးပိုင်ထိန်းနိုင်တာမဟုတ်ပေမယ့် ရွာထဲနဲ့ အနားက စခန်းလောက်ပဲသွားလို့ရတယ်၊ ဘေးပတ်ဝန်းကျင် ဘယ်ကိုမှထွက်လို့မရဘူး"

ပျက်စီးသွားတဲ့ မြောက်ယမားရဲ့ မိုးကြိုအိမ်မက်များ

“လှိုင်းချောင်းပေါ်မှာဖြတ်ပြီးတော့ အဓိကမိန်းလက်တံ ရေပေးမြောင်းလုပ်ထားတဲ့ တံတားကျိုးသွားတာက အဓိကကျတယ်။ မိန်းလက်တံမြောင်းမှာ သွယ်တန်းထားတဲ့ လက်တံမြောင်း ၁၀ ခုရှိတယ်။ လက်တံမြောင်းတွေလည်း ပျက်စီးတယ်။ လက်ယာမြောင်းလည်း ပျက်စီးတယ်။ ပျက်စီးဆုံးရှုံးမှုမှာ ဧက ၂၇၀၀ ထဲမှာ နွေစပါးနည်းပြီးတော့ မိုးကြိုနှမ်း ဧက ကပိုများတယ်။”

ကနီနယ်ကျေးရွာတရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေပစ်ခတ်

"လေယာဉ်က ၂ ခါဝဲပီးမှ ပစ်တာဗျ ။ ပထမတခါဝဲနေတဲ့အချိန် ပြည်သူတွေပြေးကြတာ။ နောက်တပတ်ဝဲပြီးမှ လေယာဥ်ပေါ်ကနေ စက်လတ်နဲ့ပစ်တာ။ မိနစ် ၂၀ကျော်တယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10