သတင်း

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ရှင်းပြီးအပြန် ထိတွေ့မှုဖြစ်ပြီး PDF တဦးသေဆုံး

"ရဲဘော်တွေအပြန်မှာ စကစတွေက ကား ၂ စီးနဲ့ စောင့်ဆိုင်းပစ်ခတ်တာကိုခံရတာ။ အဲ့မှာ ပြေးရင်း လွှားရင်း အိုဝမ်ကကျသွားတာ။ ကျနော်တို့မှာက စခန်းလည်းမီးရှို့ခံလိုက်ရတယ်။ ရဲဘော်သေတာကို မနေ့ (မေလ ၂၈ )ကမှ သိရတာ။ အလောင်းကတော့ အခုချိန်ထိမရသေးဘူး။ စကစတွေက အဲနားက ရွာထဲမှာ ရှိနေသေးလို့"

ကရင်နီတိုက်ပွဲမှာ မင်းလှ ခလရ ၁ က ဗိုလ်ကြီး ၁ ဦးအပါ ၅ ဦးသေ၊တပ်ရင်းမှူး ထွက်ပြေးလို့ ဖမ်းဆီးစစ်ဆေးခံနေရ

“ ခလရ ၁ တပ်က ဗိုလ်ကြီး မင်းခန့်ကျော်နဲ့ စစ်သည် ၄ ဦး ကရင်နီဂွင်မှာတိုက်ပွဲကျလို့ ရက်လည်ဆွမ်းသွပ်ကို ပြီးခဲ့တဲ့ စနေနေ့ကလုပ်တယ်။ ခုက အဲ့ဒီမှာ တပ်မ ၆၆ လက်အောက်ခံတွေရော နယ်မြေခံတပ်တွေရောပေါင်းတိုက်နေတာ တခြားတပ်ရင်းတွေလည်း ထိခိုက်သေဆုံးတွေများတယ်”

လေယာဥ်ဆီတွေ သယ်လာတယ်ဆိုတဲ့ မီးသတ်ကားယာဥ်တန်း မိုင်းဆွဲခံရ( ရုပ်/သံ)

"ကျနော်တို့မိုင်းဆွဲလိုက်တော့ ကား ၅စီး ၆စီးမြောက်ကို ထိသွားတယ်လို့ထင်တယ်။ မိုင်းဆွဲတာနဲ့ပက်သက်ပြီး ထိခိုက်သေဆုံးတာတွေ နောက်ဆက်တွဲမသိသေးဘူး။ ဒါပေမဲ့ ကျနော်တို့ ထပ်ကြားရတာက မအူစစ်ဆေးရေးဂိတ်ရှိရဲ့သားနဲ့ မိုင်းဆွဲခံရမလားဆိုပြီးတော့ သူတို့အချင်းချင်း ပြသနာတွေဖြစ်နေတယ်လို့ ကြားရတယ်။ မီးသတ်ကားတွေထဲမှာလည်း သူတို့က လေယာဉ်ဆီတွေ သယ်လာတယ်လို့ ကျနော်တို့သတင်းရထားတယ်။"

အဖော်တွေနဲ့ ရေဆင်းကူးရာက လူငယ် ၂ ဦး ရေနစ်သေဆုံး

"ရေသွားကူးကြတာက သူတို့အရွယ်တူလေးတွေ ၇ ယောက် ၈ ယောက်လောက်ရှိမယ်။ ခု ကလေး ၂ ယောက်ကလဲ ရေမကူးတတ်ဘဲနဲ့ ဆင်းဆော့ရာကနေရေနစ်သွားတာ။ ရေကလဲ မြစ်ထဲဆိုတော့ နက်တယ်လေ"

PDF ကိုဖမ်းမယ်လို့ ကြွေးကြော်တဲ့ စစ်တပ်သတင်းပေး ရှင်းလင်းခံရ

“အဓိကကတော့ ရွာထဲမှာ လူစွာပေါ့ဗျာ။ စစ်တပ်နဲ့ပေါင်းပြီး ရေနံထုတ်တယ် ရေနံခိုးတယ်၊ ပျူတပိုင်း ဖြစ်နေတာပေါ့။ သူ့အိမ်ထဲဝင်ပြီး ရှင်းခဲ့တာ၊ ကျန်တဲ့ ၂ ယောက်က လွတ်သွားတယ်၊ နားထင်တည့်တည့်ကို ပစ်ခဲ့တာ”

မိုင်းကွင်းထဲ ဝင်နားမိလို့ ၃ပွင့်ဗိုလ်အပါအဝင် စစ်သား ၁၅ ဦးကျော်သေဆုံး

"ခွဲတဲ့မိုင်းကွင်းက UG ထောင်ထားတဲ့ကွင်း၊ စစ်ကြောင်းအထဲဝင်လာလို့ ခွဲတာ။ မနက်ပိုင်းလည်း တိုက်ပွဲဖြစ်ကြသေးတယ်။ တဲပေါ်ကို အလောင်းတွေတင်ပြီး တဲလိုက်ကြီးပါ သယ်သွားတယ်။ မိုင်းဆွဲခံရလို့ သေသွားတဲ့ဗိုလ်က ကလေးမှာ တာဝန်ကျတာ သိပ်မကြာသေးဘူး"

စစ်တပ်ခေါ်ထုတ်သွားတဲ့ ကျိုက်စကောထောင်နိုင်ကျဉ်းတွေထဲက ပဲခူးပကဖစုဆောင်းရေးတာဝန်ခံ သေဆုံး

"ကိုသန့်ဇင်ဝင်း ကျဆုံးသွားတယ်ဆိုတာ အတည်ပြုနိုင်တာက မနေ့ကပါ။ စစ်တပ်ဘက်က သူ့မိသားစုကို အပူရှပ်သေတယ်ဆိုပြီး အကြောင်းကြားတယ်လို့သိရတယ်။ ဒါပေမယ့်ကျနော်တို့ ဖရဲသီးဆီက ပြန်သိရတဲ့သတင်းအရတော့ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့သေတယ်လို့ သိရတယ်။ အလောင်းကိုလည်း မိသားစုက ပြန်မရဘူး"

ရွှေဘိုမြို့သစ်တောဦးစီးဌာနက ဦးစီးအရာရှိ အသတ်ခံရ

"အလောင်းက ဖူးရောင်ပြီးတော့ အနံ့တွေထွက်လို့၊ ဒေသခံတွေက မူးမြစ်ဘေးမှာတွေ့ခဲ့တာ။ အလောင်းမှာ နောက်ပြန်ကကြိုးချည်ထားတယ်။ ဦးခေါင်းကတော့ မပါတော့ဘူး။ အဲ့အလောင်းကို တွေ့ချင်းမှာဘဲ စကစတွေနဲ့ နာရေးကားတွေရောက်လာပြီး ရေထဲကဆယ်ယူပြီးတော့ ကားနဲ့ဆေးရုံကို တင်သွားကြတယ်။ ကျနော်တို့ နောက်မှသိရတာကတော့ သစ်တောဌာနက တောအုပ်ကြီးတဲ့"

ကျွန်းလှမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်အုပ်စုကမီးရှို့၊ စစ်ဘေးရှောင်ရသူ တသောင်းကျော် ရှိလာ

“ကုက္ကိုကုန်းရွာက အခုလိုမီးရှို့ခံရတာပထမအကြိမ်ပါ။ ရွာသားတွေကတော့ ထွက်ပြေးနေရတုန်းပါ။ ဖမ်းဆီးခံရတဲ့ ရွာသားရှိမရှိကိုတော့ မသိရသေးဘူးဗျ။ နေအိမ်တွေဘယ်လောက် မီးထဲပါသွားလဲဆိုတာလည်း မသိရသေးပါဘူး။ လွှတ်တိုက်ရွာကိုတော့ မီးရှို့နေတုန်းပဲ၊ စကစတွေက ရွာထဲကနေမထွက်ရသေးဘူး။ အဲဒီရွာလည်း အခုမှ ပထအကြိမ်မီးရှို့ခံရတာပါ”

ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးယူဖို့လာတဲ့စစ်ကြောင်းက နေအိမ် ၁၀၀ ခန့်ကို မွှေနှောက်ပစ္စည်းတွေယူသွား

" ဒီတခေါက်လာတဲ့ စစ်ကြောင်းက တရုတ်တွေပြန်အထွက်ကို လာစောင့်ပေးတာလို့တော့သိရတယ်။ ၂၇ ရက်နေ့ညပိုင်းမှာ ဒုန်းတောဘက်ကို စဝင်လာတော့ ဒေသခံတွေကပြေးကြတယ်။ သူတို့ (စစ်ကြောင်း)က ဒုန်းတောဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ရွာ ၃ ရွာက အိမ်တွေကို မွှေတော့တာ"

ရဲစခန်းကထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ ၃ ဦးထက်မနည်းထိခိုက်နိုင်

"သူတို့(စစ်အုပ်စု)ထွက်လာတာကို တောင်ခင်ရမ်းရွာအနီးမှာ ကျနော်တို့က ခြုံခိုတိုက်ခိုက်တာပါ၊ လက်ဦးမှု ရယူနိုင်လိုက်တော့ သူတို့ဘက်က ၃ ဦးထိသွားတာ။ မျက်မြင်တွေ့ခဲ့ရတယ်။ သူတို့ဘက်ကနေ ပြန်ဝိုင်းလာတာရော၊ သူတို့အထိုင်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတာတွေ လည်း ရှိတယ်"လို့ ဆိုပါတယ်။

နေအိမ်ခိုးပြန်လာတဲ့ ယာဉ်ထိန်းရဲကို PDF ကပစ်ခတ်ရှင်းလင်း

"သူ့နေအိမ်ကို ခွင့်မရပဲ ခိုးပြန်လာတာ။ သူ့အိမ်ထဲမှာ သူ့မိန်းမနဲ့ကလေးတွေရှိနေလို့ အပြင်ခေါ်ထုတ်သွားပြီး ရှင်းလင်းခဲ့တာပါ။ သူ့ဆီက သူ့ဖုန်းတလုံးပဲသိမ်းပြီး ကျန်တာဘာမှမယူခဲ့ပါဘူး။ သူ့မှာ ကားပါပါတယ်။ သူ့မိန်းမနဲ့ကလေးတွေကို ဘာမှမလုပ်ခဲ့ပါ"လို့ ပြောပါတယ်။

မန္တလေးမြို့က BE တပ် ၄၀ မမနဲ့ ပစ်ခံရ

"၄၀ မမ ၂ လက်နဲ့သုံးပြီး တိုက်ခိုက်ခဲ့တာပါ။ မတိုက်ခိုက်မီကတည်းက တပ်ထဲက နေ့စဥ်လုပ်ရှားမူကို ကြိုတင်စုံစမ်းပြီးမှ တိုက်ခိုက်ခဲ့တာပါ။ ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပါတယ်။ ပစ်ခတ်တာကတော့ မိနစ်ပိုင်းပဲကြာပါတယ်"လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ ဗိုလ်နတ်ဆိုးကပြောပါတယ်။

PDF ဆီပို့မယ့် လက်နက်နဲ့ ကျည် ၁၂၀၀ ကျော် ပခုက္ကူမှာ ဖမ်းဆီးခံရ

"စကစတွေဖမ်းမိသွားတဲ့ လက်နက်တွေ၊ ပစ္စည်းတွေက ကျနော်တို့အဖွဲ့ရဲ့ ပစ္စည်းတွေပါ။ တန်ဖိုးအားဖြင့်ကတော့ သိန်း ၅ ရာကျော်ရှိပါတယ်။ ဒါက တော်လှန်ရေးအတွက် ဆုံးရှုံးနစ်နာမှုတခု ဖြစ်တယ်။ လို့ ဆိုပါတယ်။

မြင်းမူးမြို့နယ်မှာ စစ်ကား၂စီး ဆွဲမိုင်း၃လုံးနဲ့ တိုက်ခိုက်ခံရ( ရုပ်/သံ)

"မြင်းမူမရောက်ခင်မှာ လမ်း‌တလျှောက်မိုင်းဆွဲခံရတော့ မောင်းလို့မရလို့ ၄ စီးထဲက ၂ စီးကမြ င်းမူမြို့ထဲကိုဝင်တယ်။ ဝင်ပြီးတော့အဲ့ဒီ့ကား ၂ စီးကိုထားခဲ့တယ်။ မောင်းရတဲ့ကား ၂ စီးက ၆ နာရီလောက်မှာ မြင်းမူမြို့ထဲကနေ စစ်ကိုင်းဘက်ကိုဆက်ထွက်ခွာလာတယ်။ မြင်းမူမြို့နဲ့ ထီးဆောင်းအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10