တံတားလာပြင်တဲ့ စစ်ကောင်စီအဖွဲ့ ဒုတိယအကြိမ် ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခံရပြီး ၂ ဦးဒဏ်ရာရ
"မနေ့က တံတားပြင်နေတဲ့ အဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ သိရတယ်။ ဗုံးသီး ၂ လုံးကျလို့ ဝန်ထမ်း ၁ ဦးနဲ့ တံတားလုပ်သား ၁ ဦးဒဏ်ရာရသွားတယ်လို့တော့ သိရတယ်"
"မနေ့က တံတားပြင်နေတဲ့ အဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ သိရတယ်။ ဗုံးသီး ၂ လုံးကျလို့ ဝန်ထမ်း ၁ ဦးနဲ့ တံတားလုပ်သား ၁ ဦးဒဏ်ရာရသွားတယ်လို့တော့ သိရတယ်"
"စစ်ဆေးနေတုန်းကတော့ သူ့ဖုန်းထဲကသံသယဖြစ်စရာမတွေ့ဘူး။ မတွေ့လို့ တညပဲထုပြီး ချုပ်ထားလိုက်တာ မနေ့ (မေ ၂၁) ကမှ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်လိုက်တယ်။ လက်ရှိတော့ပေါင်းတည်ရဲစခန်းအချုပ်ထဲမှာပဲ ရှိသေးတယ်။ ထောင်ကိုမရွှေ့သေးဘူး"
"ရွာထဲကို လေယာဉ်နဲ့လာကြဲသွားတာ။ ထိခိုက်ပျက်ဆီးမှုတွေတော့ ရှိလိမ့်မယ်။ ဘယ်လောက်ထိ ဘာတွေပျက်ဆီးသွားလဲ ဆိုတာတော့ အတိအကျမသိနိုင်သေးဘူး။ ရွာထဲလည်း ဘယ်သူမှ ဝင်လို့မရသေးဘူး။ ထိတွေ့ပစ်ခတ်မှုတွေကလည်း မငြိမ်သေးတော့လေ"
"ည ၆ နာရီ စတိုက်ပြီး တိုက်ခိုက်ချိန်က ၂ နာရီခွဲလောက်ကြာခဲ့ပါတယ်။ စခန်းထဲဝင်ကပ်ဖို့ စဲစဲမှာ ဂျက်ဖိုက်တာလာလို့ ဆုတ်ခွာခဲ့ရတယ်။ ကျနော်တို့ဘက် ထိခိုက်မှုမရှိဘူး"
"အခုလအတွင်းကတော့ မြွေကိုက်ခံရသူ ၆ ဦးရှိပါပြီ။ အခု ၂ ရက်အတွင်း မြွေကိုက်ခံရတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတို့ဟာ စိတ်ချရတဲ့အနေအထားမှာ ရှိနေပါပြီ။ ၃၂ နှစ်အရွယ် အမျိုးသားကိုတော့ ကျန်းမာရေးကိုစောင့်ကြည့်နေပါတယ်"
“စစ်တပ်ဘက်က ၂ ရက်ပေါင်း ၃၀ ဝန်းကျင်သေတယ်ဗျ။ မိုင်းဆွဲတာ ၅ ယောက်လောက်သေတယ်။ ကျနော်တို့ဘက်က မိုင်းအရင်ဆွဲပြီးမှ တိုက်ပွဲစတာ။ ကျနော်တို့ဘက်က လူအင်အားသာပေမယ့် ရန်သူဘက်က ပစ်ကူတွေကြောင့် ပြန်ဆုတ်ခဲ့ရတာ"
"သူတို့ကတော့ NLD ထောက်ခံသူတွေကို PDF လို့ စွပ်စွဲပြီး ရဲခေါ်ဖမ်းဆီး စစ်ဆေးခိုင်းတာ၊ သန်းထွန်းအောင်က ကျေးရွာ မြစိမ်းရောင် (မြစိမ်းရောင်ချေးငွေအသင်း) ဥက္ကဌဆိုတော့ သူ့မိန်းမကလည်း သူနဲ့အမြင်မကြည်သူရှိရင် ချေးငွေ မချေးပေးတာတွေလုပ်တယ်။ စကစ အားကိုးနဲ့ ရွာသားတွေအပေါ် နိုင်ထက်စီးနင်းလုပ်တာတွေရှိတယ်။ သူတို့ကိုရှင်းချိန် ပြန်ခုခံတာတွေမရှိဘူးလို့ သိရတယ်"
“ကိုကျော်မင်းနိုင်နဲ့ကိုသက်မောင်မောင်က ဖောက်ခွဲ ၅ နဲ့ ထောင်ကျနေတာ။ ကိုစိုင်းလည်းနိုင်ငံရေးပုဒ်မပဲ။ ခုလိုအဖြစ်က အရင်ကမရှိဖူးဘူး၊ တော်တော်များများကတော့ လန့်နေကြတယ်"
"မအလ လာမယ်လို့တော့ သိရတယ်။ လုံခြုံရေးတွေကတော့ ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက ချထားတယ်။ ဒီနေ့တော့ အများဆုံးပဲ။ ဆိုင်ကယ်တွေကိုတော့ အစစ်ဆေးများတယ် ဖမ်းဆီးတာတွေလည်းရှိတယ်။ ပဲခူးခန်းမမှာလည်း ပြင်ဆင်ထားပြီး စကစနဲ့ဌာနဆိုင်ရာက အကြီးပိုင်းတွေ ရောက်နေတာလည်းရှိတယ်။ နေရာစုံမှာတော့ အင်အားတော်တော်များတယ်"
"မိုးတအားများတော့လမ်းတွေ ရေတိုက်စားပြီးပျက်စီးကုန်တာ။ လမ်းပျက်တာရွာ ၂၀ ကျော်ရှိတယ်။ ပြည်သူတွေသွားလာတာ အဆင်ပြေဖို့လုပ်ကြတာပါ။ လိုအပ်တဲ့ပစ္စည်းတွေကိုပြည်သူတွေလှူတဲ့ငွေနဲ့ ဝယ်ပြီးတော့ပြုပြင်ခဲ့တာဖြစ်တယ်"
မေလ ၂၁ ရက်ဒီကနေ့မနက် ၁၀ နာရီခန့်မှာ နေပြည်တော်ဘက်ကနေ မကွေးဘက်ကိုမောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဥ်နဲ့ မျက်နှာချင်းဆိုင်ယာဥ်ကြောကနေလာတဲ့ မန္တလာမင်းခရီးသည်တင်ယာဥ်တို့ ခေါင်းချင်းဆိုင်တိုက်မိတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
“မနေ့ကဆိုရင် ရဲဘော် စောလေး ကျဆုံးခဲ့တာ တလပြည့်ခဲ့တာ၊ တလပြည့်ပေမဲ့ သူ့ကို ကျနော်တို့မမေ့ဘူး၊ သူ့အတွက် ဂလဲ့စားချေဖို့ အဆင်သင့်ရှိနေတာကို သိလည်းသိစေချင်တယ်၊ ဘဝကူသွားတဲ့ ကျနော်တို့ရဲဘော်အတွက် ကောင်းမှုကုသိုလ်တွေ လုပ်ပေးခဲ့တာ” လို့ Myingyan Black Tiger – MBT မှ ဗိုလ်မိုက်ခဲက ပြောပါတယ်။
"ကားက ပခုက္ကူမှာခရီးသည်ချပြီး ကံမဘက်ကိုဆက်မောင်းလာတဲ့အချိန် ဂိတ်ဆုံးခါနီးဆိုတော့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်အပါမှ လူ ၆ ယောက်လောက်ဘဲ ပါလာတယ်။ မိုင်းထိလို့ လူနဲ့ကားထိခိုက်မှုရှိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
"ကျနော်တို့ ကျောင်းသားတပ်မတော်ကို ခက်ခဲနေတဲ့ကြား က ရိက္ခာထောက်ပို့နေတဲ့ တော်လှန်ရေးညီနောင်တွေနဲ့ တော်လှန်ရေးပြည်သူတွေကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ပျက်စီးတံတားများကို ဒေသခံပြည်သူတွေနဲ့တွဲပြီး ပြင်နေကြတယ်။ ပြန်လည်ထူထောင်ရေး ဘာမှမရကြသေးဘူး။ လောလောဆယ်တော့ ပရဟိတအဖွဲ့တွေလည်း မလာကြသေးဘူး" လို့ ABSDF Column-3 ( ကျောင်းသားတပ်မတော် စစ်ကြောင်း - ၃ )မှ ရဲဘော်ဇေယျ ကပြောပါတယ်။
"ပထမဆုံးတောင်းတာက သိန်း ၃၀ ပေးရမယ် မပေးရင်ရွာကို လက်နက်ကြီးနဲ့ပစ်မယ်ပြောတာ၊ အဲ့ဒါညှိနိုင်းရင်းနဲ့ ၂၅ သိန်းနဲ့တည့်သွားတာ၊ တအိမ်ကို ငွေ နှစ်သောင်းခွဲစီစုပြီးပေးလိုက်ရတာ၊ ရွာလူကြီးကစစ်တပ်ယာယီအထိုင်ချတဲ့ နေရာကိုသွားပေးလိုက်ရတာ၊ ငွေကိုဘယ်သူက လက်ခံယူလည်းဆိုတာတော့မသိရဘူး၊ မရှိတဲ့ကြားက ရွာပျက်မှာကြောက်လို့သွားပေးရတာ" လို့ ဒေသခံတဦးက ပြောပါတယ်။