ကုက္ကိုပင်လဲကျလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး သီလရှင် ၁ ပါး အပါ ၃ ဦးဒဏ်ရာရ
"ကုက္ကိုပင်ကြီးက သက်တမ်းလဲ ကြာနေပြီး။ ရှေ့ရက်တွေကလဲ မိုးကောင်းထားတော့ အမြစ်မခိုင်ဘဲ လဲကျသွားတာဖြစ်နိုင်တယ်။ အပင်က လူနေအဆောင်ပေါ်လဲကျတာဆိုတော့ အထဲကလူတွေပိသွားတာ"
"ကုက္ကိုပင်ကြီးက သက်တမ်းလဲ ကြာနေပြီး။ ရှေ့ရက်တွေကလဲ မိုးကောင်းထားတော့ အမြစ်မခိုင်ဘဲ လဲကျသွားတာဖြစ်နိုင်တယ်။ အပင်က လူနေအဆောင်ပေါ်လဲကျတာဆိုတော့ အထဲကလူတွေပိသွားတာ"
"ကျေးရွာသားတွေ စစ်ကောင်စီရန်က ကြိုတင်ကာကွယ်ရန်နဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ရာမှာ အဆင်ပြေဖို့ လိုအပ်ချက်အရ ထောက်ပံ့ပေးခဲ့တာပါ။ ကျနော်တို့ ကိုယ်တိုင်ထုတ်လုပ်ထားတာဖြစ်ပြီး ပစ်မှတ်ကိုပေ ၁၀၀ အကွာထိ ထိမှန်အောင်ပစ်နိုင်ပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ် တလက်ကို ကျပ် ၂ သိန်းကျပါတယ်။"
“လျှပ်စစ်မီးမရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေအဆင်ပြေစေဖို့ အားလုံးကိုလှူချင်ပေမယ့် ကျောင်းသားဦးရေနဲ့မမျှလို့ ဆိုလာကို မဲဖောက်ပေးခဲ့တာဖြစ်တယ်။ အလင်းအားကောင်းတဲ့ LED ၅ ဝပ် မီးလုံး ၃ လုံး အသုံးပြုနိုင်ပြီး ဖုန်းအားသွင်းနိုင်ပါတယ်"
"ကျနော်တို့ကင်းပုန်းဝပ်စောင့်နေတာ။ ရွာထဲမှာ ဝင်မွှေပြီး ထွက်လာတော့ အပိုင်စောင့်ပစ်ကြတာ။ စစ်သားတွေနောက်ကြောင်း ပြန်ပြေးသွားတယ်။ ၃ ယောက်သေတယ်၊ ၁ ယောက်က ဒဏ်ရာရတယ်"
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနောက်မြောက်ဘက် ၁၂ မိုင်အကွာက ရွာသာယာရွာအနီးမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့အတွက် လေကြောင်းနဲ့ ဗုံးကြဲလို့ ဒဏ်ရာရသူတွေလည်းရှိတယ်
အပျက်စီးပုံတွေကြားက မိသားစုတွေရဲ့ အိမ်ပြင်နေကြတဲ့ သံမှိုရိုက်သံ၊ လွှဆွဲသံတွေက မြို့ကြီးတခုလုံးကို လွှမ်းခြုံနေပါတယ်။ စစ်တွေမြို့ရဲ့ လမ်းမဝဲယာကြည့်လိုက်တာနဲ့ သွပ်ပျက်တွေ၊ လေအဝှေ့မှာ ယိမ်းကနေသယောင်ထင်ရတဲ့အိမ်ပျက်တွေနဲ့ပါ။ ညအချိန်မှာ မီးမလင်းတော့တဲ့ လမ်းမီးတိုင်အကျိုးတွေကလည်း လမ်းမတွေပေါ်မှာ အရုပ်ကြိုးပြတ် ကန့်လန့်ဖြတ်လှဲလျောင်းကြလို့။ မျက်စိတမြင်ကြည့်လိုက်တိုင်း မြို့ရဲ့ပျက်စီးနေမှုက ထီးထီးကြီး တည်ရှိနေပါတော့တယ်
"လက်နက်တွေလည်း ပစ်ဖောက်ရော ရွာသားတွေ ကြောက်လန့်ပြီထွက်ပြေးကုန်တာ တချို့ဆို အဝတ်တထည်ကိုယ်တခုနဲ့ပဲထွက်ပြေးကြတာ။ မီးထဲမှာ တယောက်ကဆုံးသွားတယ်။ ကျန်တယောက်က မသန်စွမ်းဖြစ်နေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုခင်မောင်ဌေး ကိုတော့ မီးထဲကကယ်ထုတ်နိုင်ခဲ့ပေမဲ့ အခုချိန်ထိစကားမပြောနိုင်တော့သလို အသက်ရှူတာတွေလည်းမောနေတယ်”
"ဗိုလ်မှာ ဒဏ်ရာရသွားတာက ခြေသလုံးကြွက်သားတွေ ပွင့်ထွက်သွားတာ။သူဒဏ်ရာရတာကို မျက်မြင် တွေ့သူတွေနဲ့ဖရဲသီးတွေရဲ့ပြောကြားချက်အရအတည်ပြုနိုင်ခဲ့တာ။ ဗိုလ်ရဲ့ အသေးစိတ်အချက် အလက်ကိုတော့သိဖို့ခက်တယ်"
“ဆုံးသွားတဲ့အမျိုးသား ၂ ဦးက ရွှေဘိုကနေ ပြန်လာပုံပေါက်တယ်။ သူတို့ပြန်လာတဲ့အချိန် စစ်ကြောင်းနဲ့တိုးတယ်။ အဲ့ဒီကနေစစ်တော့ ဆိုင်ကယ်ဘောက်ထဲက မိုင်းကိုတွေ့သွားတော့ ခွေးတွေကိုချည်တဲ့ သံကြိုးတွေနဲ့ လည်ပင်းနဲ့ လက်တွေကိုချည်သွားတယ်။ တောထဲရောက်တော့ တယောက်ကိုတော့ နဖူးနဲ့ရင်ဘတ်ကို ပစ်သတ်သွားတယ်။ ကျန်တယောက်ကိုတော့ မျက်လုံးနဲ့ ခေါင်းကို ပစ်သတ်သွားတယ်”
"သူတို့ ၂ ယောက်ကို တယောက် ၃ ချက်စီနဲ့ ၆ ချက်ပစ်ပြီးရှင်းလင်းခဲ့တာ။ နေရာမှာတင် ပွဲချင်းပြီးတယ်။ ဒီအုပ်ကြီးတွေက အုပ်စုလိုက်ဖွဲ့ပြီး အရက်သောက်ကြတာများတယ်။ ဒီနေ့မှာတော့ ၂ ယောက်ပဲတွေ့ရတယ်။ ဒီ ၂ ကောင်က စကစ သတင်းပေးလုပ်တာရယ်၊ ရွာသားတွေကို ဖိနှိပ်ချုပ်ချယ် ဗိုလ်ကျနေကြတာဗျ။ ဒါကြောင့် ရှင်းလင်းခဲ့တာ"
"ရွာမှာနေတဲ့အကြောင်း ထောက်ခံစာလုပ်ရမှာတဲ့၊ ထောက်ခံစာက အလကားလုပ်ရတာမဟုတ်ဘူး။ တခါလုပ်ရင် တထောင်နှစ်ထောင်ပေးရတာ ဆန်ဝယ်စားလို့ရတယ်။ တလတခါဆိုတော့ လွန်တယ်။ အလုပ်အကိုင်က ကောင်းတာမဟုတ်ဘူး။ PDFတွေ လာနေမှာစိုးလို့ဆိုပြီး အကြောင်းပြတယ်။ လာစစ်တဲ့အချိန် စာရွက်ထဲကလူနဲ့ အပြင်ကလူတိုက်စစ်မယ်လို့လည်း ရာအိမ်မှူးကပြောသေးတယ်"
“မနေ့ကဖမ်းသွားတဲ့ရွာသားတွေကို သူတို့ကပြောတယ် ငါတို့က အထက်အမိန့်အရ နယ်လှည့်တာ ငါတို့ကိုတော်လှန်ရင်တရွာလုံးကို မီးတင်ပစ်မှာဆိုပြီး ပြောတယ်။ မနေ့ကပစ်ခတ်မှုကလည်း လက်နက်အင်အားမမျှလို့ ကာကွယ်ရေးအဖွဲ့တွေ ပြန်ဆုတ်လိုက်ရတယ်။ သူတို့ကရွာတောင်ပိုင်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ ဘုန်းကြီးတွေရဲ့ဖုန်းတွေကိုလည်သိမ်းထားတယ်။ မနေ့က သူတို့လက်နက်ကြီးတွေနဲ့ပစ်လို့ ရွာထဲက အမျိုးသားနှစ်ဦး လန့်ပြီးဆုံးသွားတယ်။ အသက်ကြီအဖွားတဦးလည်းရွာထဲမှာကျန်နေခဲ့တယ်”
"ညနေပိုင်းမှာ ဘန်ကာရှေ့မှာ ကင်းသမားတွေက ဖဲထိုင်ရိုက်နေတယ်ပေါ့။ လုပ်မယ်ဆို လုပ်လို့ရတယ်ဆိုပြီး ပြည်သူတဦးကသတင်းပေးတာ။ သွားပြီးတော့ပစ်ခတ်ခဲ့တာ။ ပထမတော့ လက်နက်ကြီး RPG နဲ့ ၁ ချက်ပစ်တယ်။ နောက်ပိုင်း ကျနော်တို့လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ကျနော်တို့ပစ်ခတ်တဲ့အချိန်မှာ ၄ ကောင်သေတယ်။ ပစ်ပြီးတာနဲ့ ပြန်ဆုတ်လာခဲ့တယ်"
“ကျနော်တို့စစ်တဲ့အချိန်မှာ အရပ်သားကားမဟုတ်ဘဲနဲ့ ပခုက္ကူကနေ သင်တန်းတက်ပြီး ပြန်လာတဲ့ Non-CDM တွေဖြစ်နေတာ။ သူတို့ကို တခုခုလုပ်မယ်ထင်နေတာ။ သူတို့(ဆရာ၊ ဆရာမတွေ)ကို CDMလုပ်ပေးဖို့၊ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ဖို့ ပြောပြီးတော့ ချက်ချင်း ဒီအတိုင်းပဲ ပြန်လွှတ်လိုက်တာ”
"ဘိုမြင့်နဲ့ သူ့မိန်းမ အပြင်သွားဖို့ ပြင်နေချိန်မှာဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ ဘိုမြင့်ရဲ့ခေါင်းကို သေနတ်နဲ့ပစ်ခဲ့ပါတယ်။ ဘိုမြင့်က သူ့ရပ်ကွက်ကသူတွေကို ဆဲဆိုတာတွေလုပ်တယ်။ ဧည့်စာရင်းတွေလာတင်ရင်လည်း ငွေကြေးတွေ အဆမတန်ကောက်တယ်။ သူ့ကြောင့်ဖမ်းခံရတဲ့ UG တွေလည်းရှိတယ်”