သတင်း

မုန်တိုင်းကြောင့် ဘုတလင် SRAF တပ်ဖွဲ့ စခန်းငယ်ပျက်စီးပြီး စစ်သုံးပစ္စည်းနဲ့ ရိက္ခာတွေဆုံးရှုံး

"စခန်းက ချောင်းရိုးဘေးမှာရှိပြီး ကွင်းပြင်ထဲမှာဆိုတော့ မုန်တိုင်းလာမယ်ဆိုတော့ ညနေရောက်တော့ ကျနော်တို့လည်း သေနတ်နဲ့တပိုင်တနိုင်ပစ္စည်းတွေသယ်ပြီး လွတ်ရာသွားနေတာ။ မနက်မှ ပစ္စည်းတွေ မိုးရေတွေစိုပြီး ပျက်စီးတာကိုသိရတာ။ ခန့်မှန်းတန်ဖိုး ကျပ် သိန်း ၃၀ ကျော်ရှိပါတယ်"

ရေစီးနဲ့မျောပါပြီးပျောက်ဆုံးခဲ့တဲ့ သားအမိ ၄ ဦးမှာ ၃ ဦးအသက်ရှင် မိခင် ၁ ဦးသေဆုံး

"သူတို့သားအမိက သူတူ ၂ ယောက်ကို ဆိုင်ကယ်နဲ့ နေအိမ်လိုက်ပို့တာ။ လမ်းမှာ ရေတွေက တက်လာတော့ ဆိုင်ကယ်တွေက ဆက်သွားမရတော့ဘူး။ တူ ၂ ယောက်ကိုက မီးသတ်တွေက ကယ်လိုက်လို့ ဆိုင်ကယ်ရောလူတွေရော ပြန်ရတယ်။ သူတို့သားအမိ နှစ်ယောက်က ပျောက်သွားတာ။ ပြန်တွေ့တဲ့အချိန်မေးကြည့်တော့ လမ်းမှာရေကြီးတော့ ဆက်သွားမရဘဲ ပိတ်မိနေခဲ့တာ။ ရေနဲ့တော့ နည်းနည်းပါသွားသေးတယ်တဲ့။ ပတ်ဝန်းကျင်ကကူညီလို့ အဲ့နားက ဘုရားကုန်းပေါ်မှာ ပို့ပေးခဲ့တယ်လို့ သိရတယ်"

မိုခါမုန်တိုင်းကြောင့် အညာဒေသမှာ ပဲတီစိမ်းစိုက်ခင်းတွေ အများဆုံးပျက်စီး

“အသီးမှည့်နေတာတွေက ရေနစ်ကုန်တော့ အညှောင့်ထွက်ပြီး နာကုန်တာပေါ့၊ တချို့ကလည်း ရိတ်ထားပြီးသားကို လှမ်းထားရင်း မိုးမိကုန်တယ်။ အညှောင့်ထွက်ကုန်ရင် ရောင်းဖို့က မလွယ်တော့ဘူး၊ တချို့တောင်သူတွေဆို မိုးရွာနေတဲ့ကြားထဲကနေ အခင်းတွေပျက်မှာစိုးလို့ ရေသွားထုတ်ကြတယ်"

ထောင် ၁၉ နှစ်ချမှတ်ခံထားရတဲ့ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်ကို သေဒဏ်ချမှတ်နိုင်တဲ့ အမှု ၂မှုနဲ့ တရားထပ်စွဲ

"ပေါင်းတည်က ၁ မှုနဲ့ သဲကုန်းက ၁ မှု ထပ်စွဲတာလို့ပြောတယ်။ လာမယ့်မေလ ၁၉ ရက်မှာ ရုံးထုတ်မယ်လို့ သိရတယ်။ အခုလက်ရှိက ရှေ့နေငှားရမ်းဖို့က အခက်အခဲရှိတယ်။ လိုက်ရဲသူမရှိဘူး ဖြစ်နေတယ်။ ပုဒ်မတွေက ၁၀ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တော့ ရှေ့နေငှားရမ်းဖို့ ကြိုးစားနေပါတယ်"

မုန်တိုင်းကြောင့် စစ်ကိုင်းနဲ့မကွေးတိုင်း၂ခုမှာ နေအိမ် ၃လုံးသာ ပျက်စီးတယ်လို့ စစ်ကောင်စီထုတ်ပြန်

“ စလင်းချောင်းရေကြီးတာမှာ ရေမြုပ်တဲ့ ရွာတင် ၁၄၊၅ ရွာလောက်ရှိတယ်။ ထိခိုက်ပျက်စီးကအိမ်အလုံးလိုက် မမျောသွားတာလွဲရင် ရေစီးတအားသန်တော့ နေအိမ်တွေထဲက ပစ္စည်းတွေအကုန်မျောတာ ဘာမှပြန်မရဘူး။ တချို့ဆို အိမ်စီးကားမျောသွားတဲ့သူတွေတောင်ရှိတယ်”

မိုခါမုန်တိုင်းကြောင့် မြောင်မြို့နယ်မှာ သီးနှံခင်းတွေပျက်စီး

"ပဲတီ၊ နှမ်း၊ မတ်ပဲ တွေအများဆုံးပါ။ ရလိုရငြားရိတ်သိမ်းပေးခဲ့တယ်။ တချို့တောင်သူတွေဆို ငိုနေကြတာ။ မိုးလုံတဲ့နေရာတွေမှာ ဖြန့်ထားခဲ့ကြတယ်။ မိုးကလည်းရွာတော့ မြန်မြန်ကူပြီး မှောင်တော့ပြန်လာခဲ့ကြတယ်။ မိုးဆက်ရွာရင် ပိုဆုံးရှုံးနိုင်တယ်"

ကနီမှာ မိုးရွာနေချိန် လေကြောင်းနဲ့တိုက်ခိုက်၊ မြေပြင်တိုက်ပွဲမှာ ပကဖ တဦးသေဆုံး

"ကျသွားတဲ့ရဲဘော်က စစ်ကောင်စီတပ်ချထားတဲ့ ရွာနားက တာဝါတိုင်ပေါ်ကို ကင်းတက်ထောက်တာ။ အဲ့ချိန် စစ်ကောင်စီက သေနတ်နဲ့ ပစ်လိုက်တာ။ လေယာဉ်ကလည်း မိုးရွာကြီးထဲမှာ လာပစ်တာဆိုတော့ ပစ်သွားမှန်းတောင် မသိကြဘူး။ တကယ်တော့ လေယာဉ်နဲ့ လာပစ်သွားတယ်။ အဝေးထိန်းပြီးတော့ ပစ်တဲ့အနေထား"

တောင်ငူမှာ လေပြင်းပြီးမိုးသည်းလို့ နေအိမ်အဆောက်အဦး ၅၉ လုံး ပျက်စီး

"မိုးကအရင်ရွာပြီးမှ လေကတိုက်လာတာ။ လေက တချက်တချက်ဝေ့ပြီးတိုက်တာဆိုတော့ အိမ်တွေက အမိုးလန်တာတွေများတယ်။ အိမ်ပြိုကျတာတွေလဲရှိတယ်။ နတ်စင်ကုန်းဘက်မှာတော့ ကလေး တယောက်ထိခိုက်တာရှိတယ်။ သစ်ကိုင်းကျိုးကျချိန် သစ်ကိုင်းရိုက်မိတာ"

မြောက်ယမားဆည်လက်တံကျိုးလို့ ယင်းမာပင်နယ်က ရွာ ၁၀ ရွာထက်မနည်း ညတွင်းချင်းရွှေ့ပြောင်းနေရ

“ဆည်ကအက်ပြီးရေထွက်တာလား၊ ကျိုးတာလားတော့ သေချာမသိရသေးဘူး။ ကျိုးတယ်လို့ဘဲ သိရသေးတယ်။ အနိမ့်ပိုင်းရွာတွေကို ရေတွေစဝင်လာလို့ ညတွင်းချင်းပြောင်းနေကြတယ်။ ခုရေက ပေါင်လည်လောက်ကို ရောက်နေပြီ။ ဆည်ရေကတော့ ရောက်မလာသေးဘူး။ မိုးရေနဲ့တင် ရေက ခုလောက်ဖြစ်နေပြီ။ အဲ့တာကြောင့် ညတွင်းချင်းပြောင်းနေကြတာ“ လို့ ရေကြည်ပင်ရွာ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

စစ်တပ်အထိုင်ချထားတဲ့ သရက်တောရဲစခန်း ဝင်စီးခံရလို့ ဗိုလ်မှူး ၁ ဦးအပါ ၁၂ ဦး သေဆုံးဟုဆို (ရုပ်/သံ)

"တိုက်ပွဲအတွင်းမှာပဲ စစ်ကောင်စီဘက်က ၁၀ ယောက်သေတယ်၊ ဗိုလ်မှူးနဲ့ တပ်ကြပ် ဒဏ်ရာရတယ်၊ အဲဒီ ဗိုလ်မှူးနဲ့တပ်ကြပ်က မကွေးစစ်ဆေးရုံရောက်မှာ သေသွားတယ်၊ စုစုပေါင်း ရန်သူ့ဘက်က ၁၂ ဦးသေတယ်" လို့ ပြောပါတယ်။

မင်းဘူးခရိုင်ထဲက ချောင်းတွေနဲ့ဆည်တွေမှာ ရေတိုးနေလို့ ရေကြီး၊ရေလျှံမှုတွေ ဖြစ်ပေါ်နေ

မန်းချောင်းရေကြီးနေတာကြောင့် အိုင်းမဆည်ကိုလည်း ရေဝင်ရောက်မှုဟာ အမြင့်ဆုံးရေမှတ်နီးပါးကိုရောက်ရှိနေပြီး ဆက်လက်များပြားလာရင် ဆည်နဲ့မန်းချောင်းအောက်ဘက်မှာရှိတဲ့ စကုမြို့နယ်အတွင်းက ကျေးရွာတွေမှာ အန္တရာယ်ရှိနိုင်တယ်လို့ မင်းဘူးခရိုင်အတွင်းရှိ ဆည်မြောင်းတာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မကွေး၊ စစ်ကိုင်းနဲ့ချင်းကို အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ်နဲ့ဆက်လက်တိုက်ခတ်မည်

“မနေ့ကတည်းက မိုးကဆက်တိုက်ရွာနေလို့ ဒီမန်းချောင်း၊ စလင်းချောင်းတွေမှာ ရေလျှံလာလို့ အိမ်တွေကို ရေဝင်လာတာတွေရှိတယ်။ ဆည်ရေတွေလည်းတိုးလာတာ အမြင့်ဆုံးရေမှတ်နားကပ်နေပြီ။ ရုတ်တရက်ရေကြီးတာတွေ ဖြစ်လာရင် ချောင်းရိုးတွေတလျှောက်ကရွာတွေတော့ အန္တရာယ်ရှိတယ်” လို့ မင်းဘူးခရိုင်အတွင်းမှ ဌာနဆိုင်ရာဝန်ထမ်းတဦးက မြေလတ်အသံကိုပြောပါတယ်။

ဆင်ဖြူကျွန်းမှာ ရေကြီးရေလျှံပြီး ကူညီမယ့်သူမရှိလို့ ပြည်သူ အချင်းချင်းပြန်ကူနေရ

မေလ ၁၃ ရက်ကတည်းက မိုးဆက်တိုက်ရွာနေတာဖြစ်ပြီး ဒီနေ့ညနေ ၄ နာရီလောက်ကမှ စလင်းချောင်း ရေလျှံလာတာဖြစ်ပါတယ်။ ရေမြှုပ်သွားတဲ့ရပ်ကွက်ကလူတွေကို ပြည်သူအချင်းချင်းက ပြန်ကူညီကာ ရေဘေးလွတ်ရာကို ကယ်ထုတ်နေကြရပါတယ်။ မိုးဆက်လက်ရွာသွန်းနေသလို စလင်းချောင်းရေဟာ ညဘက်မှာ ဆက်လက်မြင့်တက်လာဖို့ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

ရဲစခန်းကိုပြန်လာတဲ့ ရဲတွေ လမ်းမှာစောင့်ပစ်ခံရလို့ စခန်းမှူးအပါ ၃ ဦး သေဆုံး

“သူတို့ဘက်က ဆိုင်ကယ် ၂ စီး နဲ့ ၄ ယောက်ထွက်လာတာ၊ ကျနော်တို့ဘက်က ၅ ယောက်နဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ သူတို့က လက်ပစ်ဗုံးနဲ့ပစ်လို့ ရဲဘော် ၁ ယောက် အထိအခိုက်ရှိလို့ ဆုတ်ခွာခဲ့ရတယ်၊ ကျနော်တို့ဂန်း(သေနတ်)မကောက်နိုင်ခဲ့ဘူး” လို့ ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ပဲခူးတိုင်းအတွင်းမြို့နယ်တွေမှာ သစ်ပင်တွေလဲကျပြီး နေအိမ်ပျက်စီးမှုတွေရှိ

"ကျနော်တို့ဆီမှာတော့ မနက် ၃ နာရီလောက်စပြီး မိုးရွာလေတိုက်တာ။ နေ့လည် ၁၂ လောက်ထိက လေတိုက်နေတုန်းဘဲ မိုးကနည်းနည်းစဲသွားပြီး။ ပဲခူးမြို့ပေါ်မှာတောင် နေအိမ်အမိုးလန်တာ။ သစ်ပင်လဲတာတွေရှိတယ်" လို့ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10