သတင်း

ဓာတ်အားလိုင်းတိုင်တွေကျိုးလို့ ပခုက္ကူတနယ်လုံး ရက်ရှည်လျှပ်စစ်မီးပြတ်တောက်နိုင်ပြီး သောက်သုံးရေခက်ခဲနေ

“မီးက ၃ ရက်ထက် ပိုကြာနိင်တယ်၊ ရေတွင်းရှိတဲ့သူတွေကတော့ ရေတွင်းကရေကို ကြိုးနဲ့ဆွဲပြီးသုံးရတယ်။ ရေကတော့ အဆင်မပြေဘူး၊ ဒီထပ်ပိုကြာရင် ပိုဆိုးမှာ။ ချိုးရေထက် သောက်ရေနဲ့ ထမင်း၊ဟင်းချက်ဖို့က လိုတယ်”

စစ်ရှောင်တွေ အဓိကအသုံးပြုနေတဲ့ တံတားတစင်း ရေစီးကြောင့် မျောပါပျက်စီး

“ခင်ဦးနယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးရင် အခုတံတားကိုအသုံးပြုပြီး ရေဦးမြို့နယ်ဘက်ကို စစ်ရှောင်ရတယ်။ ရေဦးနယ်ဘက်ကို စစ်ကြောင်းထိုးလာရင် အဲဒီတံတားကနေ ခင်ဦးနယ်ဘက်ခြမ်းကို ရှောင်လာတယ်။ အခုတံတားက ရေထဲကို ဗေဒါပုံတွေ၊ ဒိုက်ပုံတွေနဲ့တိုက်ပြီး ရေစီးကြောင်း အားကောင်းလို့ တံတားအလယ်ကနေ ကျိုးပြီးမျောပါသွားတယ်”

မြင်းမူမြို့ပေါ်မှာ PDF ကို ငွေနဲ့မြူဆွယ်ပြီးအလင်းဝင်ဖို့ ဗီနိုင်းတွေလိုက်ကပ်၊ အရှုံးကိုဝန်ခံရာကျဟု PDF တုံ့ပြန်

"ဝါဒဖြန့်ဗီနိုင်းကို စျေးတောင်ဘက်က ကုက္ကိုပင်တွေမှာ လာကပ်သွားတာ။ PDF တွေကို ငွေနဲ့မြူဆွယ်နေတာ။ ဘယ်သူမှစိတ်မဝင်စားလို့ မြင်တဲ့သူတိုင်းကတော့ ဦးနှောက်ထဲတောင် ထည့်တဲ့ပုံမပေါ်ဘူး"

ထီးလင်းနယ်က ရွာပေါင်း ၂၀ ကျော်မှာ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေရှိ

“ထီးလင်းမြို့နယ်အတွင်းမှာ အိုင်းမပြင်မှာ(ဒေသခံတွေ တိမ်းရှောင်နေတဲ့နေရာ) ယာယီတဲထိုးပြီး စစ်ဘေးရှောင်နေကြတဲ့ အိုင်းမပြင်ကြီးတခုလုံး ရေမြုပ်သွားတဲ့အတွက် တဲ ၁၀၀ လောက်နဲ့ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ ရေထဲမျောပါကာ ပျက်စီးဆုံးရှုံးခဲ့ရတယ်”

မုံရွာ GTC မှာ ကင်းစောင့်နေတဲ့ စစ်သားတွေ ပစ်ခံရလို့ ၃ ဦး သေဆုံးဟုဆို

"ကျနော်တို့အနေနဲ့ GTC ကျောင်းကိုလုပ်ဖို့ဟာ ၃ ရက်ကြာခဲ့တယ်။ ပထမနေ့မှာ ကျနော်တို့ ဝင်ရောက်ပစ်ခတ်မှုမရခဲ့ဘူး။ ဒုတိယနေ့မှာလည်း ပစ်ခတ်လို့မရခဲ့ဘူး။ ၃ ရက်မြောက်တဲ့နေ့မှာပဲ ကျနော်တို့ရဲဘော်တွေ ဝင်ရောက်ပစ်ခတ်နိုင်ခဲ့တယ်။ ရဲဘော်တွေ ၂ ယောက်ထဲတက်ပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာ။ ခွေးတွေဘန်ကာထဲဝင်တဲ့အချိန်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာ။"

ကိုယ်တိုင်ထုတ် Power Stationနဲ့ လျှပ်စစ်မီးမရှိတဲ့ စစ်ရှောင်ရွာတွေကို Solar တပ်ဆင်ပေးဖို့ S & C အဖွဲ့ပြင်ဆင်

“ဧပြီလလောက်ထဲက တပ်ဆင်ပေးဖို့ကို Solar Power Station တွေကို စမ်းသပ်မှုတွေပြုလုပ်နေတာပါ။ အရည်အသွေး၊ အသုံးခံနိုင်မှုအား အကုန်လုံးစမ်းသပ်ပြီးတော့မှ ထုတ်လုပ်ခဲ့တာ။ ဆိုလာပြားတွေကတော့ မှာယူရတာပေါ့။ Power Station ပုံးလေးကတော့ ကိုယ်တိုင်ထုတ်တာပါ။ ကျနော်တို့ ကနဦးရည်မှန်းထားတာက အလုံး ၁၀၀ လုပ်ဖို့ ရည်မှန်းထားတာ။ အခုလောလောဆယ်တော့ အလုံး ၃၀ပဲ ပြီးသေးတယ်။ ငွေအင်အားက သိပ်မနိုင်သေးလို့ပါ”

ကျဆုံး ရဲဘော်တွေအတွက် တိုက်ပွဲခေါ်သံ စောင့်နေသူ မူလန်( ရုပ်/သံ)

တပ်ဖွဲ့ထဲကို ရောက်ခါစမှာ နေရေး၊ စားရေးနဲ့ အမျိုးသမီးအသုံးအဆောင်တွေကအစ အခက်အခဲတွေ ကြုံတွေခဲ့ရတယ်လို့ ဆိပ်ဖြူဘာမထီ ရဲဘော်မူလန်က ပြောပြပါတယ်။ ဒါပေမယ့် အဲဒီအခက်အခဲတွေကို "ငါတော်လှန်ရေးလုပ်နေတယ်" ဆိုတဲ့စိတ်နဲ့ ဖြေသိမ့်ခဲ့တယ်

ဆင်ဖြူကျွန်း စလင်းချောင်းရေကြီးမှု ရေမျောသေဆုံးသူ ၃ ဦးအထိရှိလာ

"အလောင်းတွေကိုတနေရာစီမှာ နာရီခြားပြီး တွေခဲ့ရတာပါ၊ အားလုံးဆယ်ယူရရှိပြီးပါပြီ။ ဆင်ဖြူကျွန်းမှာ တော့ရေလည်းကျသွားပါပြီ။ ဒီနေ့မှာသဂြိုလ်ဖို့စီစဥ်နေပါတယ်။ လက်ရှိက မိုးရွာလေတိုက်တာမျိုးတော့ မရှိပါဘူး"

စစ်တပ်သတင်းပေးဆိုသူ ပြည်သူ့စစ်ခေါင်းဆောင် ရှင်းလင်းခံရ

"သူက ရှမ်းစု ပြည်သူဌာနေခေါင်းဆောင်။ စကစ လမ်းပြ။ ရွာထဲမှာဆိုလည်း ဟိုခြိမ်းခြောက် ဒီခြိမ်းခြောက် လုပ်နေတာဆိုတော့ သူ့ကို ထိုက်သင့်တဲ့အပြစ်ဒဏ် ပေးလိုက်တာဖြစ်တယ်။ တပ်ဖွဲ့ကနေပြီး သူ့ကိုစီရင်ချက် ချမှတ်လိုက်တာဖြစ်တယ်"

မုန်တိုင်းကြောင့် ပွင့်ဖြူက နွေနှမ်းစိုက်ခင်းတွေ ရေနစ်မြုပ်

"မနက်ခင်းပိုင်းကတော့ နှမ်းခင်းထဲက ရေက ဖောက်လို့ရသေးတယ်။ နေ့လယ်ပိုင်းရောက်တော့ မြုပ်နေပြီ၊ အခုထိလည်းမကျသေးဘူး။ နှမ်းက ရေကြိုက်တဲ့အပင်မျိုးနွယ်မဟုတ်ဘူး။ ညကတည်းက မိုးမရွာပေမယ့် ရေကတော့နစ်နေဆဲပဲ။ အပင်တွေသေဖို့ ရာခိုင်နှုန်းများတယ်"

မိုခါမုန်တိုင်းကြောင့် အရှိုချင်းနောက်တန်းဌာနချုပ်စခန်း ပျက်စီးဆုံးရှုံး

"လေရောမိုးရော ကျတာ။ သစ်ပင်တွေလဲကျတာနဲ့ လေပြင်းတိုက်တာနဲ့ဆိုတော့ မီးကြိုးတွေ သုံးမရတော့တာ။ နေတဲ့တန်းလျားတွေ ပျက်စီးတာရှိပါတယ်။ ကြိုတင်ရွှေ့ပြောင်းထားလို့ အရေးကြီးတာတွေ မဆုံးရှုံးပါဘူး။ အမိုးအတွက်ပဲ ခက်ခဲတာပါ"

ပဲခူးမြို့နယ်မှာ လေပြင်းကြောင့် နေအိမ် ၇၀ ကျော်ပျက်စီး

"မိုးက တနေ့ (မေ ၁၃ )ကညကတည်းက ရွာတာ။ မနေ့မနက်ပိုင်းက စပြီးပိုရွာတယ်။ ညပိုင်းတွေမှာတော့ လေပြင်းတိုက်တာတွေရှိတယ်။ ထိခိုက်ပျက်စီးမှုကတော့ မြိုပေါ်တွေမှာရော ရွာတွေဘက်မှာရောဘဲ။ ရွာတွေမှာက ပိုများတယ်"

ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မုန်တိုင်းကြောင့် သွားလာရခက်ခဲမှုဖြစ်ပေါ်တဲ့နေရာတွေကို PDF ကပြုပြင်

"အဓိကကတော့ တောင်ကျရေပေါ့။ လမ်းပိုင်းမှာရှိတဲ့ ရေကျော်တွေကိုဖြတ်စီးပြီး ရွှံတွေ၊ နုန်းတွေတင်ပြီး ကျန်ခဲ့တာ။ ကားတွေသွားလာမရဖြစ်နေတာကို ရေစက်မောင်းပြီး ရေနဲ့ပြန်ထိုးချရတာဗျ။ တချို့သစ်ပင်လဲတာမျိုးပေါ့။ ဒီနေ့အထိသန့်ရှင်းရေးလုပ်နေရတုန်းပါ"

မိုခါမုန်တိုင်းကြောင့် ပေါက်တောင်ပိုင်းရွာတွေမှာ ကျပ်သိန်း ၂,၀၀၀ နီးပါး ပျက်စီးဆုံးရှုံးဟုဆို

"လေရော၊ မိုးရော နှစ်ရက်ဆက်တိုက်ချတာ။ ဒီနေ့တော့ မိုးရွာတာရော၊ လေတိုက်တာရော မရှိတော့ပါဘူး။ ရေထဲမျောတာရော လေတိုက်လို့ ပျက်စီးတာရော အကုန်လုံးဆိုရင် သိန်း ၂,၀၀၀ နီးပါးလောက်ရှိမယ်လို့ ခန့်မှန်ထားပါတယ်"

မုန်တိုင်းကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လို့ မီးဘေးသင့်စစ်ရှောင်နေအိမ်တွေရေမြုပ်

"အခုတော့မုန်တိုင်းပြယ်လို့ နေပူလာပြီ။ မြစ်ရေတအားတက်လာတော့ စစ်ရှောင်တဲတွေထဲ ရေဝင်ကုန်တယ်။ သွားလာရတာခက်ခဲပြီးတော့ ချက်ပြုတ်စားသောက်ဖို့မလွယ်ကူဘဲဖြစ်နေတယ်။ ထင်းတွေလည်းရေစိုကုန်ပြီ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10