ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေကို မြို့နယ်ပအဖ ဂုဏ်ပြုကြိုဆို
"ခုလိုအောင်ပွဲရလို့ ဂုဏ်ပြုတဲ့အတွက် ပီတိဖြစ်ရတယ်။ တိုက်ခိုက်ရေး ရဲဘော်တွေကို ပြည်သူက ထောက်ခံနေတယ်။ ပြည်သူတင်မြှောက်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ကြိုဆိုဂုဏ်ပြုတဲ့အတွက် အားဖြစ်ရတယ်။ အဲဒီအားတွေနဲ့ တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမယ်။ စစ်အာဏာရှင်ကို အပြီးတိုက်ထုတ်မယ်။”