မှတ်ထိရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းမှထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဝက်လက်မြို့နယ်၊ မှတ်ထိကျေးရွာနဲ့ မင်းကုန်းကျေးရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးပြီး ၆ ဦးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။