စခန်းသိမ်းတိုက်ပွဲမှာ ကျည်ကုန်လို့ ခဲတွေနဲ့ပစ်ခဲ့တဲ့ရဲဘော်တွေ( ရုပ်/သံ)
ဧပြီလ ၃ရက် မနေ့က မနက် ၆နာရီဝန်းကျင်ကနေ ၈နာရီကျော်လောက်အထိ တိုက်ပွဲချိန်ကြာမြင့်ခဲ့တာဖြစ်လို့ မဟာမိတ်၄ဖွဲ့ပေါင်း ကျည် ၆ထောင်လောက်ကုန်ခဲ့တာ
ဧပြီလ ၃ရက် မနေ့က မနက် ၆နာရီဝန်းကျင်ကနေ ၈နာရီကျော်လောက်အထိ တိုက်ပွဲချိန်ကြာမြင့်ခဲ့တာဖြစ်လို့ မဟာမိတ်၄ဖွဲ့ပေါင်း ကျည် ၆ထောင်လောက်ကုန်ခဲ့တာ
“ရဲဘော်ဝဿန်က ကျနော်တို့တပ်ဦးရဲ့ ပထမဆုံးကြွေလွင့်သွားတဲ့ ရဲဘော်ပါ။ ပြည်သူလူထုအကျိုးနဲ့ တပ်ရဲ့ အလုပ်တာဝန်တွေကို အသက်ပေးပြီးဆပ်ခဲ့လို့ ရဲဘော်ဝဿန်အတွက် အခုလို ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြုအခမ်းအနားကို ပြုလုပ်ခဲ့ကြတာပါ”
“စခတွေ ရွာထဲဝင်လာတာကို ရွာသားတယောက်ကတွေ့ပြီး၊ ရွာထဲကိုအချိန်မှီပြောနိုင်လို့ ရွာသားတွေကလွတ်သွားတယ်။မဟုတ်ရင် ရွာသားတွေလည်းအဖမ်းခံရနိုင်တယ်။ ဒီတခါဝင်လာတာက လက်နက်တွေပစ်ဖောက်တာမျိုးမဟုတ်ဘူး။ ဒီအတိုင်းအသံမပေးပဲ ဝင်လာတာ၊ ရွာထဲကအိမ်တအိမ်ကိုလည်း မီးရှို့သွားတယ်”
"ဒီဘက်ခြမ်းက ဒေသခံ ဟုတ်၊ မဟုတ်ဆိုတာတော့ ခေါင်းလည်းမပါတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး။ ကိုယ်လုံးတခုဘဲ တွေ့ရတာဆိုတော့ ပြောရခက်တယ်။ ဒီဘက်ခြမ်းရွာက လူပျောက်တယ်လို့လဲ မကြားမိဘူး။ ကျနော်မသိတာလဲ ဖြစ်မှာပါ။ အသက်ကိုခန့်မှန်းတာတော့ ၂၅ နဲ့ ၃၀ ကြားလောက်ဘဲရှိဦးမယ်”
"စပစ်ခံရတုန်းကတော့ ရဲဘော်စပ်ဖြဲက ပေါင်မှာဘဲ ဒဏ်ရာရတာ။ ညရောက်မှ ပစ်သတ်လိုက်တာ။ သွားတုန်းက သူတို့မှာ လက်နက်မပါသွားဘူး။ အဲဒါကို ကျဆုံးရဲဘော်လက်ထဲ သူတို့သေနတ်ထည့်ပြီး ပုံရိုက်တင်ထားကြတာ။ ကလေး ၂ ယောက်ကိုမိတော့ မြို့ထဲကနေအင်အားထပ်လာပြီး အဲရွာနားကိုလည်း စစ်ကြောင်းထိုးတယ်"
“ကောလိပ်ဝန်းထဲက ကြိုစောင့်ပြီးတိုက်ခဲ့တာ၊ ကျနော်တို့ သတင်းရတာ သူတို့ထွက်လာတဲ့ချိန်က ၇ နာရီလောက်ပေါ့။ ဒါပေမယ့် ဒီမနက် ၅:၃၀ လောက်မှာ ထွက်လာတော့ ထင်သလောက် မအောင်မြင်ဘူး။ တယောက် သေတယ်။ ၅ ယောက် ဒဏ်ရာနဲ့ ထွက်ပြေးသွားပါတယ်"
“ထိတွေ့တိုက်ပွဲတွေ မရှိပါဘူး။ သူတို့က ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ပြီးမှ ရွာထဲကိုဝင်တာ။ ပျူတွေနဲ့ရောပြီး လာတာ။ ရွာထဲကိုဝင်ပြီးတော့ ရွာသားတွေရဲ့အိမ်တွေမွှေတယ်။ ပြီးမှ ရွာထဲက အိမ်တွေ မီးရှို့ပြီးတယ်။ ရွာထဲမှာလည်း တညအိပ်သွားတယ်”
"ဦးဆောင်သူက လက်ပံတန်းထွေအုပ်က ပေါက်တောစုရွာ ရပ်ကျေးစာရေး ကိုမျိုးကြီးပါ။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက လုပ်နေတဲ့ဝိုင်းပါ။ ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းချိန် သမကြွေး၊ စိုက်ပျိုးစရိတ်ချေးငွေတွေ ဒီလောက်တောင်းနေချိန်မှာကို လုပ်နေတာ။ စစ်အုပ်စုက ပြည်သူကို မျက်ဖြူစိုက်ချင်နေတာ"
"မီးရှို့လို့ရတဲ့ ဘန်ကာတွေတော့ ရှို့ခဲ့တယ်။ အုတ်တိုက်တွေတော့ ရှို့လို့မရခဲ့ဘူး။ စခန်းမှူးအပါအဝင် ၇ ယောက် သေတယ်။ အပေါ်ကလည်း ဒရုန်းနဲ့ဗုံးကြဲချပြီး အပေါ်အောက်ညှပ်ဆော်တာ။ တချို့ထွက်ပြေးကုန်ကြတယ်။ မနက် ၈ နာရီကျော်ကျော်မှာ နမခ က Mi 35 နဲ့ ၁ နာရီလောက် လာပစ်တယ်။ ပစ်တော့ ကျနော်တို့လည်း စခန်းကဆုတ်ပေးခဲ့ရတယ်။ အဲဒီ မအူရဲကင်းစခန်းမှာ ရဲနဲ့စစ်သား ၂၄ ယောက်ရှိတယ်"
"မီးလောင်သေဆုံးတဲ့အဘွားက ဒုက္ခိတ လို့သိရတယ်။ ပြီးတော့ အဘိုးတယောက်လည်း မီးလောင်ဒဏ်ရာရခဲ့တယ်။ နှောကန်ရွာက တောင်သူလယ်သမားရွာဗျ။ ထွန်စက်တွေ၊ လယ်ယာသုံးပစ္စည်းတွေက အကုန်လုံးပြာတွေပဲ တွေ့ခဲ့ရတယ်။ စကစတွေက ရွာမီးမရှို့ခင် ရွာကလူတွေကို ထွက်မပြေးရင် လူတွေကိုပါ မီးရှို့လိုက်မယ်ပါပြောတာ"
"သိရသလောက်က သူတို့ကကွမ်းယာရောင်းတယ်။ မနေ့ညကတော့ သူတို့ သားအဖ ၂ ယောက်က အိမ်နောက်ဖေးမှာ ဗုံးဆင်နေရင်းကနေ မတော်တဆဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တာ။ သူတို့အလုပ်ကတော့ ကွမ်းယာရောင်းတာပဲ။ ဒါပေမယ့် နောက်ကွယ်မှာ ဘာတွေလုပ်လဲဆိုတာတော့ မသိရဘူး"
"အေးမင်းထွန်းက PDF ကို ရိက္ခာတွေပို့ပေးတယ်။ ကူညီထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းလိုက်တာပေါ့။ သူက PDF တပ်ဖွဲ့ဝင် မဟုတ်ဘူးဗျ။ သူကလူငယ်ဆိုတော့ PDFကို ထောက်ခံတဲ့သူတယောက်သာ ဖြစ်တယ်"
"ဒေါ်မြင့်မော်က ပိုက်ဆံချမ်းသာတဲ့အပျိုကြီး၊ တယောက်တည်းနေတာကိုဝင်လုတာ၊ သူ့အိမ်ဘေးက ကောင်လေးက အသံတွေကြားလို့ သူ့မောင် ကိုနှင်းဦးဆီသွားပြောပြီးတံခါးဖွင့်ကြည်တော့ သွေးအိုင်ထဲမှာလဲပြီး အော်နေတာတွေလို့ ဆေးရုံသွားရင်း လမ်းမှာဆုံးတာ၊ ပစ္စည်းမပေးလို့သတ်သွားတာဖြစ်ဖို့များတယ်"
“ရွာထဲကို စစ်ကြောင်း၂ကြောင်းခွဲပြီးဝင်လာတာကို ရွာသားတယောက်ကတော့ မသိပဲရွာထဲဝင်မိတော့ အသတ်ခံရတာ။ ပကဖအဖွဲ့ဝင်ကတော့ ကင်းထောက်ရင်းနဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ။ ဖမ်းခေါ်သွားပြီးလမ်းမှာလည်းနှိပ်စက်သွားတယ်”
"ဂိတ်ရှေ့ကကောင် ၆ ယောက်ကျတာပါ။ ပစ်ခတ်မှုဖြစ်တာက စက္ကန့် ၃၀ လောက်ပဲရှိမယ်။ မြင်ရတာက ကျတဲ့အထဲမှာ စစ်ဗိုလ်တယောက်ပါတယ်၊ ရဲတယောက်လည်းပါတယ်၊ ကျန်တာက တပ်သားအဆင့်ဖြစ်ဖို့များတယ်၊ စစ်သားသေတာက ပွဲချင်းပြီးပဲ"