တိုက်ပွဲဖြစ်ပြီးနောက် ညအိပ်တပ်စွဲခဲ့တဲ့ ဘုန်းကြီးကျောင်းထဲ စစ်သားအလောင်း ၁ လောင်းတွေ့
"စကစတွေကအတိုက်ခံရအပြီးမှာ အဲဒီဘုန်းကြီးကျောင်းထဲဝင်ပြီး ညအိပ်တပ်စွဲတာ။ တွေ့တဲ့စကစ အလောင်းက ကျောင်းဘေးမှာစောင်အနီပတ်ပြီး မြုပ်ထားခဲ့တာ။ ရွာတွေထဲမှာလည်း အလောင်းတွေ့ရတယ်လို့ သိရတယ်။ စကစတွေက ဒီမနက်ပိုင်းမှာ ရွာကထွက်ပြီး မြို့ထဲပြန်ဝင်သွားတယ်။ ယူနီဖောင်းတခုမှာတော့ ဘက်တံဆိပ်မှာ ၈၈ တပ်မလို့ရေးထားတယ်"