သတင်း

လူငယ်တွေရဲ့ပန်းတိုင် (သို့) တော်လှန်ကြဦးမည် (ရုပ်/သံ)

လက်နက်ကိုင်လမ်းစဉ်ကလွဲလို့ ရွေးချယ်စရာမရှိဘူး

တပ်မတော်နေ့မှာ စစ်တပ်ယူနီဖောင်းကိုမီးရှို့ပြီး ဆန္ဒပြ

"တပ်မတော်နေ့မှာ ပြည်သူလူထုအနေနဲ့ စစ်တပ်ကိုမထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ပြည်သူလူထု မထောက်ခံတဲ့စစ်တပ်ဟာ ကြာကြာမခံပါဘူး။ ခုဆို တဖြည်းဖြည်း ယိုင်လဲလာပါပြီ။ အရေးနိမ့်လာပြီ ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ဆက်လက် တောင့်ခံခုခံပေးကြဖို့ တောင်းဆိုလိုပါတယ်"

ရဲစခန်းအရှေ့အထိ သေနတ်နဲ့လာပစ်ခံရလို့ ရဲတဦးသေဆုံး (ရုပ်/သံ)

"အဲ့ဒီစခန်းရှေ့ကို ဆိုင်ကယ်တွေနဲ့သွားပစ်ခတ်ခဲ့တာ။ ဘန်ကာတွေပေါ်ကနေခုန်ချပြီး အကုန်လုံးထွက်ပြေးကြတာ။ ၁ ကောင်ကတော့ထိပြီး သေသွားတယ်လို့ အခုမှသတင်းရတယ်။ သူတို့ဘက်ကပြန်မပစ်နိုင်ဘူး။ ထွက်ပြေးတာ။ သေနက် ၁ ချက်ပဲပြန်ဖောက်နိုင်တယ်"

ဒေါ်အောင်ဆန်းစုကြည်လမ်းမှာ ဗုံးဖြုတ်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ဗုံးပေါက်ကွဲလို့ သေဆုံး

“ဗုံးပေါက်ကွဲပြီတော့ လူနာတင်ယာဉ်နဲ့ လာတင်သွားတယ်။ သေတာတော့ ၂ ယောက်သေတယ်။ သေတာကို ဘယ်လိုသိရလဲဆိုတော့ ကျနော်တို့ မြေပြင်သတင်းပေးတွေဆီကနေ သိရတာပါ။ ထိခိုက်ဒဏ်ရာရတာတွေတော့ မကြားမိဘူး”

ဖုန်းအားသွင်းထားရာမှ မီးလောင်ပြီး နေအိမ် ၇ လုံးပျက်စီး

"သိရသလောက်က နေအိမ်မှာလူမရှိဘဲ အားသွင်းထားတယ်တဲ့။ သူတို့က မြို့ထဲအနေများတယ်။ အဲ့တော့ အားသွင်းထားရာကနေ အပူလွန်ပြီး မီးလောင်တာလို့ သိရတယ်။ မီးလောင်လို့ ၅ လုံးကတော့ လုံးဝ တိုင်လောက်ပဲ ကျန်တော့တာ။ ၂ အိမ်ကတော့ မီးနည်းနည်းစွဲသွားတာလောက်ပဲ"

ဘုတလင်နယ်က စစ်ရှောင်စာသင်ကျောင်းကို ကျောင်းသုံးပစ္စည်းနဲ့ စားသောက်ကုန်တွေလှူဒါန်း

“အဲဒီကျောင်းမှာ KG တန်းကနေ Grade 8 အထိရှိတယ်။ CDM ဆရာမက ၄ ဦးရှိတယ်။ စေတနာ့ဝန်ထမ်း ၂၃ ဦးရှိတယ်။ သူတို့ကျောင်းကိုဖွင့်ထားတာ ၃ လလောက်ပဲ ရှိသေးတယ်။ သူတို့လေးတွေ တောထဲမှာနေရတာ တနှစ်ကျော်ပြီ။ ကျနော်တို့ သပိတ်အင်အားစုကို အကူညီတောင်းလို့သွားရောက်လှူဒါန်းခဲ့တာ”

လူမနေတဲ့စစ်ရှောင်ရွာကို စစ်အုပ်စုက အကြောင်းမဲ့မီးရှို့လို့ ရွာလုံးကျွတ်နီးပါးပြာကျ

"အိမ်ခြေကတော့ ရွာသစ်ဆိုတော့ အိမ်ခြေနည်းနည်းလေးပါ။ အိမ်ခြေ ၂၉ အိမ်မှာ ၂၄ အိမ်ရှို့သွားတာ။ တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ အကြောင်းမဲ့ဝင်ရှို့တာပါ။ လူတွေက အရင်တိုက်ပွဲတွေကြောင့် ရှောင်ပြေးနေကြတာ လူလည်းမရှိဘူး။ ဒီတိုင်းမီးတင်ရှို့သွားတာ"

ရေစကြိုမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ဒဏ်ရာရသူများ

"ဒရုန်း ၂ စီးနဲ့ ဗုံး ၁၄ လုံးချခဲ့တာ။ ရွာထိပ်က ကင်းစခန်းရယ်။ သူတို့စုနေတဲ့ အထိုင်နေရာရယ်ကို ဗုံးချခဲ့တာ။ ချသမျှဗုံး အကုန်ကွဲပါတယ်။ အဲဒီရွာမှာ ပျူနဲ့စကစတွေ တပ်စွဲထားတာက ကြာပါပြီ။ ရွာကတော့ရွာကြီးပါ။ အဲ့ဒီရွာက ပျူနဲ့ စကစ က ညဘက်တွေဆို နီးစပ်ရာရွာတွေဘက်ကို စစ်ကြောင်းထိုးတာတွေ ရှိတယ်"

ညောင်ပင်ဝန်းရဲစခန် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရ (ရုပ်/သံ)

"အဲ့ဒီစခန်းထဲက စစ်ကောင်စီတပ်သားတွေက ရဲစခန်းရှေ့ထွက်ပြီး ကားတွေကို ပိုက်ဆံတောင်းပြီး ပြည်သူတွေကို စစ်ဆေးတာလုပ်တယ်။ အဲ့ဒီဂိတ်ကိုအရင်ဆုံး ဒရုန်းသုံးပြီး ဗုံးကြဲချတယ်။ အဲဒီမှာ ၂ ကောင်သေတယ်။ ကျန်တဲ့ကောင်တွေက ခွေးခြံထဲပြေးဝင်တယ်။ ကျန်တဲ့ ဗုံးသီး ၇ လုံးကို ဒရုန်း ၃ စီးနဲ့ဖြုတ်ချတယ်။ အဲ့ဒီခွေးခြံထဲမှာ ထပ်ပြီးပွဲချင်းပြီး ၃ ကောင်သေပြီး ၁၀ ကောင်ထက်မနည်းဒဏ်ရာရတယ်"

ဖက်ဆစ်တော်လှန်ရေးနေ့မှာ ယင်းမာပင်မြို့က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်

"ဒီနေ့မှာက သူတို့တပ်မတော်နေ့ဆိုပြီး အခမ်းအနားတွေလုပ်ကြမှာ။ ပျော်ပွဲရွှင်ပွှဲတွေ လုပ်ကြမှာ။ ပြည်သူတွေကိုတော့ ဖိနိပ်ချုပ်ချယ်ပြီး သူတို့ကျတော့ ပျော်ပွဲရွှင်ပွဲတွေလုပ်မှာဆိုတာကို မခံချင်လို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ"

စစ်ကောင်စီ တပ်ဖြန့်ထားတဲ့နေရာ ၃ ခု ဒရုန်းနဲ့ ဗုံး ၅ လုံးကြဲခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့‌ပေါ်မှာ စစ်ကောင်စီက တပ်ဖြန့်ထားတဲ့နေရာ ၃ နေရာကို မတ်လ ၂၆ ရက် မနေ့က ၁ ရက်တည်းမှာတင် ဒရုန်းနဲ့ဗုံး ၅ လုံးကြဲချပြီး တိုက်ခိုက်ခဲ့တယ်

မုံရွာမှာ ၁ ရက်တည်း အမျိုးသမီး ၃ ဦးအဖမ်းခံရ

"အေးမြတ်သူက သားသည်လမ်းနဲ့ တိုင်းရင်းဆေးရုံလမ်းထိပ်မှာ စကစတွေနဲ့ တွေ့ပြီး အဖမ်းခံရတာ။ နောက်နှစ်ယောက်ကတော့ ရတနာစက်ဘီး အရောင်းဆိုင်မှာ အဖမ်းခံရတာ။ သူတို့က ဝန်ထမ်းလား၊ ဝယ်သူတွေလားတော့ မသိရသေးဘူး။ စက်ဘီးဆိုင်ကို စကစတွေက ကားတစီးနဲ့ရောက်လာပြီးတော့ ဆိုင်မှာရှိတဲ့ လူတွေအကုန်လုံးကို တနာရီကြာ ဒူးထောက်ခိုင်းခဲ့တယ်တဲ့။ ပြီးမှပဲ အဲ့အထဲက အမျိုးသမီးနှစ်ယောက်ကို ဖမ်းသွားတာ"

ခလရ ၁ က လက်နက်တွေနဲ့ထွက်ပြေးတဲ့ တပ်သား ၁ ဦးပြန်အဖမ်းခံရပြီး အသတ်ခံရ

“အချုပ်ကျနေတာက သာယာဝတီ ခလရ ၃၅ တပ်က တပ်ကြပ်ကြီး၊ ပဲခူးရိုးကို စစ်ကြောင်းထိုးထွက်မယ်ဆို ပဲခူးအနောက်ခြမ်းက တပ်တွေက ခလရ ၁ မှာ စုရတာဆိုတော့ ခလရ ၁ မှာ လာတွဲဖက်နေရင်းကနေ အချုပ်ကျနေတာ။ အဲ့တာကို ဗဟိုကင်းစောင့် ၂ ယောက်က ကယ်ထုတ်ပြီး ၃ ယောက် အတူတူပြေးကြတာ။ နောက်တရက်မှာပဲ ပဲခူးရိုးထဲကရွာနားမှာ တပ်သား ၁ ယောက် ပြန်မိတယ်”

စစ်ကိုင်းတိုင်းက မြို့နယ် ၂ ခုမှာ စစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

“နေရာတင် စစ်သား ၃ ဦးထိပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ရတယ်။ အဲ့ဒီစစ်သားတွေဟာ အင်အား ၁၀၀ နီးပါးနဲ့ ကန့်ဒေါင့်ကျေးရွာမှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက တပ်စွဲနေတာ။ ဘယ်တပ်ကလာပြီး တပ်စွဲထားတယ်ဆိုတာတော့ မသိရဘူး”

"အီကြာကွေးမှ မိန့်ခွန်းပေါကြား"

"အီကြာကွေးမှ မိန့်ခွန်းပေါကြား"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10