သတင်း

ရွှေမော်ဓောဘုရားပွဲ အပျော်စီးပင်လယ်ဓါးပြလှေ အတက်လှေကားပြိုကျလို့ ၁၀ ဦးကျော်ဒဏ်ရာရ

"ပင်လယ်ဓားပြစီးမယ်ဆိုရင် အောက်ကနေ လှေကားနဲ့တက်ပြီးရင် အပေါ်ဆုံးအထစ်မှာ လူတွေစုပြီး ရပ်စောင့်တဲ့ လှေကားအဆင့်ပြိုကျတာ။ အဲ့ဒီအဆင့်က ဆင်းတဲ့သူကော၊ တက်တဲ့သူကောများတော့ အပေါ်ဆုံးကတဆင့် ပြိုကျတာ။ ပင်လယ်ဓားပြလှေ ပြတ်ကျတာမဟုတ်ဘူး။ ထိခိုက်ဒဏ်ရာရသူတွေတော့ များတယ်"

ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် ကောက်စိုက်ရင်းသပိတ်မှောက်

"ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်နဲ့ ကောက်စိုက်ရင်း စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်ရင်း လက်သုံးချောင်းထောင် သပိတ်မှောက်ခဲ့ကြတာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။

ပန်းတောင်းမြို့နယ် ကျေးရွာအချို့မှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့လာရ

“ခုလိုရာသီဆိုရင် စပြီးရှားလာပါတယ်။ တူးထားတဲ့ကန်တွေလည်း ရေခမ်းလာပါပြီ။ ခုထိတော့ ရေအလှူခံသွားတဲ့ အဖွဲ့တွေရှိပါတယ်။ ဥသျှစ်ပင်ဘက်က သွားကြပါတယ်။ ပရဟိတအဖွဲ့တွေတော့ မဟုတ်ပါဘူး၊ စုသွားပြီးလှူကြတာပါ” လို့ ပန်းတောင်းမြို့ခံတဦးက ပြောပါတယ်။

မုံရွာခရိုင် PDFတပ်ရင်းတခုမှာ နိုင်ငံရေးတော်လှန်ရေးအရွေ့ဆိုင်ရာ ဟောပြောမှုပြုလုပ်

“ဒီတော်လှန်ရေးမှာ ထောက်တိုင်အသီးသီးရှိကြတယ်။ ဒီထောက်တိုင်တွေအတူယှဉ်တွဲ သွားကြဖို့လိုအပ်တယ်။ အထူးသဖြင့်နိုင်ငံရေးနဲ့စစ်ရေးပေါ့။ ပထမတခုကရဲဘော်တွေအနေနဲ့ အင်တာနက်လိုင်းဖုန်းလိုင်း မရတဲ့အခြေနေမှာ လက်ရှိဖြစ်နေတဲ့တော်လှန်ရေးအခင်းအကျဉ်းတွေဘယ်လိုဖြစ်နေပြီလဲ၊ ဘာတွေလုပ်ဆောင်ကြမလဲဆိုတာ ပြန်မျှဝေလိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ဆောင်တာပါ” လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် မချောစုစံက မြေလတ်အသံကိုပြောပါတယ်။

မန္တလေး-ရွှေဘိုလမ်းပိုင်းမှာမိုင်းကွဲလို့ ရဟန်း ၁ ပါးအပါအဝင် ၇ ဦးဒဏ်ရာရ

"မိုင်းက တနေရာထဲထိတာတော့ မဟုတ်ဘူး ။ အဲ့ဒီလမ်းပိုင်းပေါ် အကွာအဝေးသိပ်မကွာတဲ့နေရာ ၃ ခုမှာ မိုင်းထိတာ။ လမ်းဘေးမှာရှိနေတဲ့ မိုင်းတွေကနေ ကားတွေ၊ဆိုင်ကယ်တွေဖြတ်တဲ့အချိန် ထကွဲတာဖြစ်ပါတယ်။ စုစုပေါင်းထိတာက ကား ၃ စီးနဲ့ ဆိုင်ကယ် ၁ စီးပါ"လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ပတ်သက်လို့ ဝမ်ပေါင်ကြေးနီကုမ္မဏီကို သတိပေးတိုက်ခိုက်

“ဝမ်ပေါင်လုပ်ကွက်ထဲကို တခု၊ စစ်သားတွေစောင့်နေတဲ့ဂိတ်ကိုတခု တိုက်ခိုက်ခဲ့တယ်၊ ဝမ်ပေါင်က စစ်သားတွေလက်ခံတယ်၊ စစ်ကြောင်းလာရင် ဝမ်ပေါင်က ကားတွေနဲ့ အကြိုအပို့လုပ်တယ်၊ ရိက္ခာတွေပေးတယ်၊ ဝမ်ပေါင်ထဲကနေ ဘေးနားကရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်တယ်၊ ကုမ္မဏီက အကြီးကဲတွေအနေနဲ့ ဒါမျိုးတွေဆက်လုပ်နေမယ်ဆို ကျနော်တို့က စပြီးတိုက်ခိုက်တော့မှာပါ" လို့ Salingyi Special Task Force တာဝန်ခံ ကိုဖိုးဇေက ပြောပါတယ်။

ပျူခေါင်းဆောင်ရဲ့သားမင်္ဂလာဆောင်ပွဲမှာ စုဝေးနေတဲ့စစ်အုပ်စုကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပွဲပျက်

“ပျူခေါင်းဆောင်မြင့်အောင်ရဲ့ သား မင်္ဂလာဆောင်မှာ စစ်သားတွေ၊ ပျူတွေ၊ ရဲတွေ အင်အား ၅၀ လောက် ရှိနေတဲ့အချိန်တိုက်ခိုက်ခဲ့တာ၊ မင်္ဂလာပွဲစစချင်းပစ်တာ၊ ပွဲတော့ဆက်မလုပ်နိုင်တော့ဘူး။ စကစတွေထိခိုက်မှုကိုတော့မသိရသေးဘူး” လို့ ပြောပါတယ်။

မသန်စွမ်းအမျိုးသမီးတဦးအပါ ၇ဦးကိုသတ်ပြီး နေအိမ် ၂၀၀ကျော်ကိုပါ မီးရှို့

"စစ်ကြောင်းလာရင် တရွာလုံးထွက်ပြေးနေကြ။ စစ်ကောင်စီတပ်တွေ အကြမ်းဖက်သတ်ဖြတ်သွားတဲ့သူတွေထဲမှာ အမျိုးသမီးနှစ်ဦးက မျက်မမြင်တဦးနဲ့ ကင်ဆာဝေဒနာ တဦးပါ"

၃လတာအတွင်း စစ်ကောင်စီဘက်က ၁၀၀ကျော် သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်ပြော

တိုက်ပွဲအတွင်း စစ်ကောင်စီဘက် သေဆုံးစာရင်းကိုတော့ မျက်မြင်သက်သေနဲ့ တပ်တွင်း ဖရဲသီးတွေရဲ့ ပြောပြချက်အရသိရတာလို့ ပြောပါတယ်။ စစ်ကောင်စီဘက်က သေဆုံးတဲ့အထဲမှာ တပ်မ ၉၉ ဘီလူးစစ်ကြောင်းက စစ်ကြောင်းမှူးအပါအဝင် စစ်သားတွေနဲ့ ပျူးတွေပါ သေဆုံးခဲ့တာလို့ ဗိုလ်သက်ကြီးဆီက သိရပါတယ်။

ဝက်လက်နယ်၊ စိုင်နိုင်ကြီးရွာက ဒေသခံ ၁၀ ဦးကျော်ကို စစ်တပ်ကဖမ်းဆီးသွား

“ရွာထဲကိုဝင်လာတဲ့အချိန် လက်နက်ငယ်တွေရော၊ လက်နက်ကြီးတွေရော ပစ်ခတ်ခဲ့တယ်။ ရွာသားတွေကိုလည်း ဘာကြောင့်ဖမ်းခေါ်သွားတာလဲတော့ မသိပါဘူး၊ လူဦးရေအတိအကျတော့ မပြောနိုင်ပေမဲ့ ၁၀ ဦးထက်မနည်း အဖမ်းခံရတာပါ။ အခုချိန်ထိရွာသားတွေလည်း ရွာထဲကို ပြန်ဝင်မရဲသေးဘူး”

မြင်းမူ စီးပွားရေးဘဏ်က စစ်သားတွေ လက်ပစ်ဗုံးနဲ့ပစ်ခံရလို့ ၂ ဦးသေဆုံး

“ည ၉ နာရီလောက်မှာ မစ်ရှင်လုပ်ဖို့ တချက်သွားကြည့်တယ်။ *တွေက ငြိမ်နေကြတယ်။ သောက်စားနေတဲ့ပုံပါ။ ည ၁၀ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ အရက်သောက်တာ ၈ ယောက်လောက်ရှိတယ်။ ဖုန်းသုံးနေကြတယ်။ လက်တပစ်စာ အနီးကပ်ဆုံးချဉ်းကပ်ပြီးပစ်လိုက်တာ။ ဘန်ကာသဲအိတ်ကျော်ပြီး ကြားထဲကျတာ။ *အသေအပျောက်များတယ်”

NUG လက်နက်တပ်ဆင်မှုတွေလာတော့မှာမလို့ ရဲဘော်တွေကို မွမ်းမံသင်တန်းပေး

"လက်နက်တပ်ဆင်မှုက ခရိုင်တပ်ရင်းတွေကို အခုလည်းလုပ်နေပြီ။ လုပ်နေပြီဖြစ်တဲ့အတွက်ကြောင့် ကျမတို့ဆီမှာ လက်နက်တပ်ဆင်မှုကျလာတဲ့အချိန်မှာ အဆင်သင့်ဖြစ်အောင်ပေါ့နော်။ နဂိုရှိပြီးသား ရဲဘော်အဟောင်းတွေကို မွမ်းမံထပ်လုပ်တာပါ"

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ၆ ဦးသေဆုံးဟုဆို

"ဒီကောင်တွေက ရိုးမအစပ်မှာ ရှိနေတဲ့အဖွဲ့တွေပါ။ ခုလည်း ရိုးမပေါ်ကို လှုပ်ရှားစစ်ကြောင်းထွက်လာတာကို ဒေသခံအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ။ တိုက်ပွဲဖြစ်တာကတော့ တစ်နာရီလောက်ကြာမှာပေါ့။ သူတို့ဘက်က ထိခိုက်သေဆုံးတာများတော့ တာဝါတိုင်ကျေးရွာကိုတောင် မီးရှို့သွားသေးတယ်"

အရပ်သားကားနဲ့လာတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရလို့ ၄ ဦးဒဏ်ရာရ

"မြင်းခြံက စကစ အဖွဲ့တွေပါ။ သူတို့က စစ်ကားတွေနဲ့လာရင် မကြာခဏမိုင်းဆွဲခံရလို့ အရပ်သားကားတွေ အသုံးပြုသွားလာနေတာကို ကျနော်တို့ဘက်ကသတင်းရလို့ စောင့်ပြီး ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာ။ ကားကိုလည်း ထိသွားတယ်။ ကားက အာရဖတ်ကားပါ။ ဖင်ပိုင်းကို ထိသွားတယ်။ စကစဘက်က ထိခိုက်မှုရှိတယ်"

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ပျူရွာ လက်နက်ကြီးနဲ့ အချက် ၂၀ ပစ်ခတ်ခံရ

“မနေ့က ၄ နာရီလောက်က ကြက်တူရွေးရွာဘက်ကနေပြီးတော့ ရွာသာယာရွာဘက်ကို ကူးတာ၊ ညပိုင်းမှာ ရွာသာယာရွာထဲကို ဝင်ပြီးပစ်ခဲ့တာ၊ အဲ့လိုပစ်ခတ်တိုက်ခိုက်တာမှာ ထိခိုက်သေဆုံးမှုတော့မသိရသေးပါဘူး၊ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ၁၅ လုံးလောက်ပြန်ပစ်တယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10