သတင်း

ပေါက်နယ်က ပျူစခန်းကို ဝင်တိုက်ပြီး စစ်သား ၂ ဦးကို ရှင်းလင်းနိုင်ခဲ့ဟုဆို

"ကျနော်တို့ စခန်းထဲက ဘန်ကာတွေကို ဖြိုဖျက်ဖို့ လုပ်နေတဲ့အချိန်မှာ လေယာဥ်တစီးရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်။ စကစနှစ်ယောက် သေတာကိုတော့ မျက်မြင်တွေ့ခဲ့ရတာ။ ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်။ လေယာဥ်သာ မရောက်လာခဲ့ရင် စခန်းကိုသိမ်းပိုက်နိုင်တယ်"လို့ ဆိုပါတယ်။

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ အသက် ၇၀ ကျော်အဘွား ၁ ဦးပါ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ စစ်ကောင်စီရဲ့ ရိက္ခာကုန်းတပ်က ဖေဖော်ဝါရီလ ၂၁ ရက်မနက် ၁၀ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၇၈ နှစ်အရွယ် အဘွားတဦးအပါ ၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

အုတ်ဖိုမှာဖမ်းဆီးခံရတဲ့ သူနာပြုဆရာမ ပစ်သတ်ခံရတယ်လို့ သတင်းထွက်ပေါ်

"ဆရာမလေးက PDF မဟုတ်ဘူး။ ကျနော်တို့က ကျန်းမာရေးကိစ္စအတွက်သူ့ကိုခေါ်တာ၊ ၃ ရက်ပဲကြာတယ်၊ ကုသပြီးလို့ပြန်ပို့တာမှာကျနော့်ရဲဘော် ၂ ဦးပစ်သတ်ခံရပြီးညရောက်တော့မှ သူကဖမ်းခံရတာ၊ သူ့ကိုသတ်ပစ်လိမ့်မယ်လို့တော့ကျနော်မထင်ဘူး။ အရပ်ထဲက ပြောသလိုသူ့ကိုပစ်သတ်တယ်လို့ပြောချိန်မှာ ကျနော်တို့ အဲဒီအနားဝန်းကျင်မှာရှိတယ်။ ဘာသေနတ်သံမှမကြားရဘူး"လို့ ပြောပါတယ်။

လှည့်ကင်းလာတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ တပ်ကြပ်ကြီးအဆင့် ၁ ဦးအပါ ၄ ဦးသေဆုံးဟုဆို

"ကျနော်တို့အဖွဲ့ကို ဒေသကာကွယ်ရေးမိတ်ဖက်အဖွဲ့တွေကခေါ်လို့ ပူးပေါင်းသွားရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ချိန်ကတော့ မိနစ် ၂၀လောက်ကြာတယ်။ သူတို့လူတွေ အလစ်အငိုက်ခံလိုက်ရလို့ ပြန်ပစ်တာပါ။ ထိခိုက်သူတွေကို သူတို့အဖွဲ့တွေပြန်ဆွဲသွားတာက မျက်မြင်ပါ။ မျက်မြင်အရတော့ ၄ ယောက်သေတယ်” လို့ ပြောပါတယ်။

ရိုဟင်ဂျာ ၃၀ ကျော် တင်ဆောင်လာတဲ့ ၆ ဘီးကား သာယာဝတီမှာဖမ်းဆီးခံရ

"ပြန်သိရတာက စကစတွေ စစ်ဆေးနေချိန်မိတာလို့ သိရတယ်။ သူတို့ သတင်းရလို့နေမယ်။ သူတို့ကို တင်လာတဲ့ကားက ကျောက်တွေတင်တဲ့ဖောကား။ အပေါ်ကနေ ဝါးထရံတွေအုပ်ပြီး အောက်မှာ လူတွေလိုက်လာတာ။ ခုတော့ ဖမ်းသွားပြီအားလုံးကို။ ဒီလမ်းကြောင်းတွေက ရခိုင်ဘက်ကနေ ရန်ကုန်သွားတဲ့သူတွေကို သယ်နေကျ လမ်းကြောင်းပဲ။ ခုတခါက ပိုက်ဆံမရလို့လား၊ သတင်းပေးတိုင်လို့လား မသိဘူး"လို့ ပြောပါတယ်။

PDF ၂ဖွဲ့ပေါင်းပြီး ကျင်းပခဲ့တဲ့ တောထဲက ချင်းအမျိုးသားနေ့ ( ရုပ်/သံ)

အရှိုချင်းလူမျိုးတွေအများစုနဲ့ ဖွဲ့စည်းထားပြီး မကွေးတိုင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ PRA Magway နဲ့ CDF- Asho အဖွဲ့ ၂ခုပူးပေါင်းပြီး ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ကို ကျင်းပခဲ့ပါတယ်။

စာသင်ကျောင်းမှန်းသိရဲ့ မီးရှို့ခဲ့လို့ ကျောင်းသား ၆၀၀ကျော် ပညာသင်ခွင့်ရပ်သွား

“အဓိကကတော့ စာသင်ကျောင်းမှန်းသိလို့ ရှို့တာဗျ၊ ဘာလို့ဆို ဒီဟာကကလေးတွေအတွက် လုံခြုံရေးလည်း စိတ်ချရအောင်လို့ဆိုပြီး ရွာ့ရဲ့အတွင်းပိုင်း ချောင်ကျတဲ့နေရာမှာ ထန်းလက်မိုး အဆောက်ဦးဆောက်ထားတာ၊ ရည်ရွယ်ချက်မရှိဘူးဆိုရင် နီးစပ်ရာအိမ်တွေရောရှို့သွားမှာကို ဘေးအိမ်တွေလည်းလုံးဝ ရှို့မသွားဘဲနဲ့ ဒီစာသင်ကျောင်းကိုပဲ သီးသန့်ရှို့သွားတာ။” လို့ ပြောပါတယ်။

ဆိပ်ဖြူမှာ ဒေသခံသားအဖ ၂ ဦးကို PDF လို့ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ခဲ့တဲ့ သတင်းနဲ့ ဓါတ်ပုံများထွက်ပေါ်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က ရွာသာကုန်းရွာမှာ ဒေသခံသားအဖ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက PDF လို့စွပ်စွဲပြီး ဖမ်းဆီးပြီးတဲ့နောက်မှာ သတ်ခဲ့တယ် ဆိုတဲ့ သတင်းနဲ့ဓါတ်ပုံတွေထွက်ပေါ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကန့်ဘလူက မြေမွန်ရွာကို စစ်တပ်က မီးရှို့လို့ နေအိမ် ၂၀၀ ကျော် ပျက်စီး

"ထိတွေ့တိုက်ပွဲ မရှိပါဘူးဗျ။ အဲ့စစ်ကြောင်းက ကောလင်းကနေ ကန့်ဘလူမြို့နယ်၊ ချပ်လယ်ဘက်ကို ဝင်ခဲ့တဲ့ စစ်ကြောင်းပါ။ အဲ့ဒီကနေ ကန့်ဘလူအရှေ့တောင်ဘက် စံပါယ်နံ့သာကနေ ကွင်းကိုးတပ် (ကြံစိုက်ခင်းတခု)မှာ နားပြီး မြေမွန်ရွာဘက်ကို စစ်ကြောင်းထိုးခဲ့တာပါ။ နေအိမ်တဝက်လောက်က မီးထဲ ပါသွားပါပြီ" လို့ ဆိုပါတယ်။

ပုလဲနယ်က စစ်ရှောင်အချို့ကို မြို့နယ် ပအဖ က ငွေနဲ့ရိက္ခာလှူဒါန်း

“စစ်ကောင်စီက ဇီးဖြူကုန်းရွာကို ပျူရွာလုပ်တာကို လက်မခံပဲ ထွက်ပြေးလာတဲ့ အိမ်ထောင်စု ၈၀ ကျော် လူဦးရေ ၄၀၀ ကျော်ကို ဒီနေ့သွားရောက်လှူဒါန်းခဲ့တာ၊ သူတို့ရွာကို ပျူရွာ အလုပ်ခံလိုက်ရတော့ ပျူလို့ သတ်မှတ်တာကို လက်မခံလို့ ထွက်ပြေးလာကြတာဆိုတော့ ပစ္စည်းတွေလည်း မယူခဲ့နိုင်ကြဘူး။ ရွာမှာ ကျန်ခဲ့တဲ့ သူတို့အိမ်က အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရွာခံပျူတွေနဲ့ စစ်ကောင်စီအဖွဲ့က မီးရှို့လိုက်တာ” လို့ ပြောပါတယ်။

မန္တလေးမှာ ဆေးလိပ်တိုကတဆင့် မီးလောင်လို့ နေအိမ် ၂ လုံး ပျက်စီး

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ အကွက် (၇၅၀)၊ ကုလားပျိုရပ်၊ ၃၃ အေလမ်း၊ လမ်း ၇၀နဲ့ ၇၁ လမ်းကြားမှာ ဆေးလိပ်တိုကတဆင့် မီးလောင်ခဲ့တာကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဘ က လမ်းလိုက်ပြခိုင်းလို့ဆိုပြီးလာခေါ်တာကို လိုက်သွားမိတဲ့ အုပ်ချုပ်ရေးမှူးနဲ့အကိုဖြစ်သူ ပစ်သတ်ခံရ

"သူတို့အိမ်ကို လူ ၂ ယောက်ရောက်လာပြီး အဘလွှတ်လိုက်တာ၊ လမ်းပြပေးဖို့ လိုက်ပို့ဆိုလို့ သူတို့ ညီအကို ၂ ဦးလိုက်သွားတာ။ အချိန်အတော်ကြာ ပြန်ရောက်မလာမှလိုက်ရှာကြတာ။ ည အတော်နက်မှ ပစ်သတ်ခံထားရတဲ့ သူတို့အလောင်းကိုတွေရတာ"လို့ ပြောပါတယ်။

ဆားလင်းကြီးက လူရာချီပါဝင်တဲ့ သပိတ်စစ်ကြောင်းကို PDF တွေလုံခြုံရေးယူပေး

ဖေဖော်ဝါရီလ ၂၀ ရက်ဒီကနေ့နေ့လည်က “ငါတို့သည်ပြာပုံကိုမကြောက် စစ်ဖိနပ်အောက် ဒူးမထောက်”ဆိုတဲ့ ဘန်နာကိုင်စွဲပြီး၊ ကျေးရွာအကြီးအကဲတွေနဲ့ သပိတ်ကော်မတီဝင်၂ ဦးက သပိတ်တရားဟော‌ပြောကာ သွေးသစ္စာသီချင်းနဲ့ သပိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ရဲကင်းစခန်း ပစ်ခတ်ခံရပြီး လာကူတဲ့စစ်သားတွေပါမိုင်းဆွဲခံရလို့ သေဆုံးမှုတွေရှိ

"ရဲတွေရဲ့ အလောင်းကိုသရက်ဆေးရုံကိုသယ်သွားတယ်။ ဒုရဲအုပ်နဲ့ဒုတပ်ကြပ်က နေရာမှာပဲသေပြီး စခန်းမှူးက ဆေးရုံမရောက်ခင်လမ်းမှာသေတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူ ရဲလည်း ၃ ယောက်ရှိတယ်လို့သိရတယ်။ ကပစ ၁၂ က စစ်သားတွေကို ဘယ်ကိုသယ်တယ်ဆိုတာတော့ ကျနော်တို့ နောက်ပြန်ဆုတ်လာခဲ့ရလို့ မသိရဘူး” လို့ပြောပါတယ်။

ယင်းမာပင်မှာ စစ်ကြောင်းထွက်လာတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

"စစ်သားတွေနဲ့ပျူစောထီးတွေ စစ်ကြောင်းထွက်လာတာကို ဒေသအထူးအဖွဲ့က ရေထွက်ရိုးနားက စောင့်ပြီး မောင်းပြန်တွေနဲ့တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ကျန်တဲ့ ၄ ဖွဲ့ကလည်း ဘန့်ဘွေးရွာထဲက စစ်သားတွေကို လက်နက်ကြီးနဲ့ပစ်ပေးနေတာပါ" လို့ ဗျတ္တညီနောင်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10