သတင်း

PDF စခန်းစီးနင်းခံရပြီး မင်္ဂလာဆောင်ခါနီး ရဲဘော်ဇနီးမောင်နှံလည်း သတ်ခံရ

"ကျဆုံးသွားတဲ့ ကိုဖေနဲ့မချိုတို့က Urban Underground Revolution Force (UURF-YSO) အဖွဲ့က ဖြစ်ပေမယ့် Southern Yesagyo PDF မှာ နေတာပါ။ သူတို့လင်မယားက သဲတောရွာမှာ ညအိပ်တာ ၁၇ ရက်မနက်ရောက်တော့ စစ်သားတွေက သူတို့ ၂ ဦးကို ဖမ်းတယ်။ အခြားရွာသား ၁၀ ဦးလောက်ကိုလည်း တစာခံဖမ်းပြီး စခန်းကို လိုက်ပြခိုင်းတာ” လို့ ပြောပါတယ်။

ဝက်လက်မြို့ ပျူစောထီးနဲ့ PDFတို့ တိုက်ပွဲဖြစ်လို့ ပျူ၂ဦးသေဆုံးဟုဆို

"အဲဒီမြို့‌ပေါ်ရပ်ကွက်မှာက သူတို့က လာနေလိုက်၊ စားလိုက်သောက်လိုက်လုပ်နေတယ်။ အဲဒီထဲမှာတော့ ပျူခေါင်းဆောင်တဦးက အမြဲနေတယ်။ ကျနော်တို့ ပထမဝင်တဲ့ အိမ်နဲ့ သူတို့နေတဲ့အိမ်က ကပ်လျက်ပဲ အဲမှာအသံတွေကြားတော့ သူတို့ (ပျူစောထီး)က လက်နက်တွေ ယူပြီးထွက်ပြေးသွားကြတာ"

စစ်ကြောင်းထိုးလာလို့ ငရုတ်ခင်းထဲဝင်ပုန်းနေတဲ့ ဒေသခံ ၅၀ ကျော် အဖမ်းခံရ

"ဖမ်းမိခံရတဲ့အထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေများတယ်။ စုစုပေါင်းကတော့ ၅၀ ကျော်ရှိပါတယ်။ သူတို့အကုန်လုံးကို ငရုတ်ခင်းထဲကပဲ ဖမ်းမိသွားတာ။ အခုသူတို့ကို ငွေသောင် ဘုန်းကြီးကျောင်းထဲကို ခေါ်သွားပြီးစစ်ဆေးနေကြတယ်။ အခုအချိန်ထိတော့ တယောက်မှ လွတ်မလာသေးဘူး"လို့ ဆိုပါတယ်။

ကျဆုံးရဲဘော် နှစ်ပတ်လည် အောက်မေ့ခြင်းအခမ်းအနားနဲ့ အထိုင်သပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တနေရာမှာ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းတွေ၊ သပိတ်ကော်မတီတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၈ ရက်ဒီကနေ့မှာ အထိုင်သပိတ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

လမ်းသွားပြည်သူတွေကို ငွေတောင်းနေတဲ့စစ်အုပ်စု လောင်ချာနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံးဟုဆို

“ဒီနေ့မနက် ၃ နာရီလောက်က မုံရွာမြို့နယ် လဝက ရုံးကိုဝင်ပစ်ခဲ့တာ၊ *၃ ကောင်က ကျနော်တို့သွားပစ်တဲ့ ရဲဘော်တွေရဲ့မျက်စိရှေ့မှာတင် သေတာ၊ ကျန်တဲ့အထိအခိုက်စာရင်းတော့ အတိအကျမသိရသေးဘူး၊ အရပ်ဝတ်တွေနဲ့ဆိုတော့ ဘယ်တပ်ကလို့တော့မသိရဘူး၊ ယူနီဖောင်းလည်းဝတ်မထားဘူး၊ အဲဒီ လဝက ရုံးကို *တွေက ဝင်လိုက်ထွက်လိုက်လုပ်ပြီး ခဏခဏ လမ်းသွားပြည်သူတွေကိုစစ်ဆေးပြီးတော့ ငွေတွေတောင်းတာကြောင့် ပစ်ခတ်ခဲ့တာ” လို့ ဆိုပါတယ်။

ရေစကြိုမှာ စစ်ကောင်စီလမ်းကြောင်း ဗုံးကြဲတိုက်ခိုက်ခံရလို့ ၇ ဦးဒဏ်ရာရ

“အင်းအား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေသွားနေတဲ့ လမ်းတလျှောက်ကို ဒရုန်းနဲ့လိုက်လံတိုက်ခိုက် ခဲ့တာပါ၊ စစ်*တွေ ၇ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရသွားပြီး ဒဏ်ရာရတဲ့*တွေကို ကားပေါ်ဆွဲ ခေါ်ဆောင်သွားတယ်လို့ စုံစမ်းသိရှိရတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုက တာဝန်ရှိသူတဦးက ပြောပါတယ်။

ဝက်လက်က ရွာတရွာကို စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်

"လက်နက်ကြီး တလုံးထဲနဲ့ ပစ်လိုက်တာပါ။ လက်နက်ကြီးကျသွားတဲ့အိမ်က လူမနေတဲ့အိမ်ဖြစ်တော့ တော်သေးတာပေါ့။ ထိခိုက်တာတွေတော့ မရှိဘူး။ အိမ်တခြမ်းကတော့ မီးလောင်သွားတယ်" လို့ ဆိုပါတယ်။

တပ်သားချင်းပစ်သတ်ပြီး CDM ဝင်လာသူ PDF နဲ့အတူတိုက်ပွဲဝင်မယ်လို့ပြော( ရုပ်/သံ)

" ဒီကောင်က ကျနော့်ကိုခြိမ်းခြောက်လို့ပါ။ သူကိုမသတ်ရင်လည်း ကျနော့်ကို သူကသတ်တော့မှာ အဲဒါကြောင့် ပစ်သတ်ခဲ့တာ"

ကင်းစောင့်ဖို့သွားတဲ့ PDF ၂ ဦး စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အသတ်ခံရ

"သူတို့ ကင်းသွားယူတာမှာ စကစ စစ်ကြောင်းနဲ့ တည့်တည့်တိုးတာလို့ ပြောရမှာပေါ့။ ရဲဘော် ၂ ဦးကို သူတို့တွေက ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်။ ပြီးတော့ ဒေသခံပိုင်တဲ့ ထွန်စက်ပေါ်တင်ပြီး မီးရှို့လိုက်တယ်" လို့ ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး မန္တလေးမြို့လမ်းလယ်မှာ ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင်ရပ်ကွက် ၇၈ လမ်းနဲ့ ရန်မန်းသံလမ်းကြား ပညာပျိုးခင်းလမ်း အကွက် ၉၀၂ သီတာအေးရပ်ကွက်၊ ပညာပျိုးခင်းလမ်းပေါ်မှာ အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်နဲ့ပစ်ခတ်ရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တောင်တွင်းနဲ့ ကလေးဝ နယ်ခြားဖြတ်ကျော် ဆန်၊ စပါးရောင်းချခွင့် ပိတ်ထားလို့ အခက်အခဲကြုံနေရတယ်လို့ဆို

"ကျနော်တို့ တောင်သူ၊ လယ်သမားတွေမှာ လယ်ယာရိတ်သိမ်းစရိတ်အတွက် ပေးချေဖို့ လိုတယ်။ ပြီးတော့ လာမယ့်ရာသီအတွက် စိုက်ပျိုးစားရိတ်တွေကို ဝယ်ယူစုဆောင်းဖို့ လိုတယ်။ ဒါတွေကို ဆန်၊ စပါးတွေ ရောင်းချလို့ ရတဲ့ပိုက်ဆံနဲ့ ဝယ်ရမှာ။ အခုက ကျနော်တို့ရောင်းချဖို့ သွားလာခွင့် ပိတ်ခံထားရတယ်" လို့ ဆိုပါတယ်။

ပဲခူးအနောက်ခြမ်းမှာ အချိန်ခါမဟုတ် မိုးသက်လေပြင်းတိုက်ခတ်လို့ ပျက်စီးမှုတွေရှိ

ဒီနေ့လယ်မိုးရွာသွန်းတာနဲ့ပတ်သက်ပြီး မင်းလှမြို့နယ်သားတဦးကတော့ “မိုးက နာရီဝက်အတွင်းမှာပဲ သည်းထန်စွာရွာသွန်းခဲ့ပြီး ရိတ်သိမ်းလက်စမတ်ပဲနဲ့ ပဲတီစိမ်းတွေ ပျက်စီးမှုတော့ ရှိနိုင်တယ်” လို့ ပြောပါတယ်။

မီးရှို့ခံရတဲ့အိမ်တွေ ပြန်တည်ဆောက်ရတာများလို့ ထန်းရွက်တွေ ရှားပါးလာ

စစ်အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ နေအိမ်တွေ ပြန်လည်ဆောက်လုပ်ပေးရတာတွေ များပြားလာလို့ အိမ်ဆောက်ရာမှာ အသုံးပြုတဲ့ ထန်းရွက်တွေ ရှားပါးလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီမီးရှို့လို့ အသက် ၇၀ ကျော် သီလရှင်ဆရာကြီးတပါး ပျံလွန်တော်မူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ လက်ပံလှကျေးရွာက နေအိမ် ၂၅၀ ကျော်ကိုမီးရှို့ဖျက်ဆီးသွားတဲ့အပြင်၊ မီးရှို့တဲ့အထဲမှာ အသက် ၇၀ ကျော် သီလရှင်ဆရာကြီးတပါးလည်း ပါဝင်ကာ ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

NUG ကြားကာလ ပညာရေးကျောင်းတကျောင်းမှာ ပထမဆုံးအကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်

ကျောင်းသူကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး "ကျန်းမာရေးမကောင်းရင်တော့ ကျနော်တို့က သူတို့ရောဂါလက္ခဏာ အလိုက်ကုသပေးတာ ရှိတယ်။ ပုံမှန်အားဖြင့် ကျောင်းတကျောင်းဝင်ပြီဆိုတာနဲ့ ဦးစားပေးလုပ်တာကတော့ မူလတန်းအဆင့်ကို သန်ချဆေးတိုက်တယ်။ အလယ်တန်း၊ အထက်တန်းအဆင့် မိန်းကလေးတွေကိုကြတော့ အပျိုဖော်ဝင်ကျန်းမာရေးနဲ့ပတ်သက်ပြီး သံဓါတ်အားတိုးဆေးတွေ တိုက်ပါတယ်" လို့ ဆရာမ မအိက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10