သတင်း

စစ်ရှောင်ရင်း ကျောင်းတက်နေရတဲ့ ကလေးတွေအတွက် စုံညီပွဲတော်ကျင်းပပေး

“တကယ်တော့ ကျနော်တို့က ကျောင်း ၆ ကျောင်းဖွင့်ပွဲနဲ့ ပညာရေးစုံညီပွဲကို ဆက်တိုက်လုပ်ဖို့ ချိန်ထားတာ။ အခက်အခဲနည်းနည်းပါးပါးရှိတဲ့အတွက် နောက်ကျသွားတာပါ။ အခုလိုပွဲကျင်းပပေးရတာကလည်း ကျောင်းမှာ အဲလိုစုံညီပွဲတွေ မရှိခဲ့တာကြာပြီ။ အဲဒါကြောင့် အခက်အခဲကြားကနေ ဖြစ်အောင်လုပ်ပေးခဲ့တာပါ”

အညာ မီးဘေးအတွက် ကျောတခင်းစာ ဖန်တီးပေးသူများ (ရုပ်/သံ)

တအိမ်ကို ပျမ်းမျှကုန်ကျစရိတ်က ၂ သိန်း ၃ သောင်းဝန်းကျင်နဲ့ အိမ်ခြေ ၂၅၀ ကို ဆောက်လုပ်ပြီးသွားပြီလို့သိရကာ အခုဆိုရင် စစ်ကောင်စီမီးရှို့လို့ အိမ်ယာမရှိတော့တဲ့ ပြည်သူတွေ လာရောက်နေထိုင်နေကြပြီလို့လည်း သိရကာ လာရောက်တိမ်းရှောင်သူအများစုမှာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိနေကြပါတယ်။

ကန့်ဘလူမှာ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ဒဏ်ရာရသူ များပြားဟုဆို

"လက်နက်ကြီးနဲ့ ၅ လုံး ပစ်ခတ်ပြီး ပြန်ဆုတ်လာခဲ့တာ၊ ည ၉ နာရီခွဲမှာ ပစ်ခတ်ခဲ့တာ၊ ၈၀ မမ ၁၂၀ မမ တွေနဲ့ပစ်ခတ်ခဲ့တာ၊ ထိခိုက်ဒဏ်ရာ ရသူတွေတော့ရှိတယ်လို့ သိရတယ်။ နာရီဝက်လောက် အပြန်အလှန်ပစ်ခတ်ခဲ့တယ်။ အဲဒီနတ်အင်းကျေးရွာမှာက ပျူတွေပါ။ ပျူအင်အား ၁၀၀ လောက်ရှိတယ်"

ဆားလင်းကြီးမှာ စစ်အုပ်စုက နေအိမ်ကိုမီးရှို့လို့ ဒေသခံတွေ နေထိုင်ရေးခက်ခဲနေ

“လူနည်းစုက ရွာစာသင်ကျောင်းထဲမှာပဲ နေကြရတယ်။ တချို့ကတော့ ကိုယ့်အသိအိမ်မှာ နေကြတယ်။ လောလောဆယ်ဆယ်တော့ ဘာမှကို မပြုပြင်ရသေးဘူး။ မီးလောင်တဲ့အိမ်တွေ သစ်ပင်တွေ ရှင်းနေရတုန်းပဲ။ စားဖို့သောက်ဖို့ကကြတော့ ကူညီသူက နည်းနေသေးတယ်။ ရွာကပဲ စုပြီးချက်ကျွေးတယ်။ ဘေးရွာတွေကလည်း ကူပါတယ်”

မုံရွာက ကုန်စုံဆိုင်ဓားပြတိုက်ခံရ ဆိုင်ရှင်အမျိုးသားသေဆုံးပြီး အမျိုးသမီးဒဏ်ရာရ

"ဖြစ်တဲ့အချိန်မှာ မီးကလည်း ပျက်နေတယ်။ လာတာက ၅ ယောက်ထက်မနည်း ရှိမယ်။ သေနတ်အတု ၁ လက်ရယ် ဓားနဲ့စကေဘာတွေ ပါတယ်။ ဆိုင်ထဲဝင်လာပြီး သေနတ်အတုနဲ့ချိန် ဓားပြတိုက်တော့ ဆိုင်ရှင်အကိုက သေနတ်ကို တုတ်နဲ့ရိုက်ချလိုက်တာ သေနတ်က ကျကွဲသွားတဲ့အချိန် ဓားမြအုပ်စုက ဆိုင်ရှင်လင်မယားကို ဓားနဲ့ဝိုင်းခုတ်ကြတာ"

စာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး

"စကစတယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ရသွားလို့ ပေါက်ဆေးရုံကို ပို့လိုက်ရတယ်။ ဒီသေဆုံးတာနဲ့ ဒဏ်ရာရတာကို ကျနော်တို့ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းက သိရတာ"

PDF သင်တန်းဆင်းပြီး စစ်ကောင်စီနဲ့ပူးပေါင်းသွားတဲ့ ဒလန်ဆိုသူ ၂ ဦး ပစ်သတ်ခံရ

"သူတို့တွေက သင်တန်းဆင်းပြီးသားတွေပါ။ တော်လှန်ရေးအပါ် သစ္စာဖောက်သူတွေ ဖြစ်တယ်။ စကစနဲ့ပေါင်းပြီး ဒလန်လုပ်တာ။ သူကြောင့် ဖမ်းဆီးခံရတဲ့သူတွေ ရှိခဲ့တယ်။ သတင်းအတိအကျရလို့ ရှင်းလိုက်တာ ဖြစ်တယ်"

တမူးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ

''စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲစာရွက် စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ လောင်တာ နာရီဝက်လောက်ကြာတယ်။ စာရွက် စာတမ်းတွေအကုန်မီးလောင်ပြီး ရုံးအဆောက်အဦလည်းပျက်ဆီးတယ်'

ကျောက်ဆည်က ဒလန်ဆိုသူ ရှင်းလင်းခံရ

ဦးထွန်းဦးမှာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကိုသတင်းပေးလုပ်ပြီး ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေးနေသူဖြစ်သလို လက်ရှိမှာလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် အစည်းအဝေးတက်တာ၊ သန်းခေါင်စာရင်းကောက်တာတွေကို ဦးစီးလုပ်ဆောင်နေတာကြောင့် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ဒီပဲယင်းမှာ ဖမ်းဆီးနှိပ်စက်ခံရပြီး ပြန်လွတ်လာတဲ့ပြည်သူတဦး ၆ ရက်အကြာမှာ သေဆုံး

“သူက ပြန်ရောက်လာချိန်ထဲက စကားတောင်ကောင်းကောင်းပြောနိုင်တော့တဲ့ အခြေနေမျိုးမဟုတ်ဘူး၊ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေရှိတယ်၊ ခေါင်းတွေမှာပေါက်ပြဲထားတဲ့ဒဏ်ရာတွေရှိတယ် အဲ့ဒဏ်ရာတွေနဲ့ပဲဆုံးသွားတယ်။”

စစ်တပ်ကို မိုင်းဆွဲပြီး အပြန် မင်္ဂလာဆောင်တခုမှာ သီချင်းဝင်ဆိုတဲ့ PDF ( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်အနီး အင်အား ၅၀ ခန့်နဲ့တက်လာတဲ့ စစ်ကောင်စီတပ်ကို Dynamite Empire အဖွဲ့က မိုင်းခွဲတိုက်ခိုက်ကာ အောင်မြင်စွာဆုတ်ခွာလာပြီး အပြန်လမ်းက ရွာတရွာမှာ မင်္ဂလာဆောင်တွေ့လို့ သီချင်းဝင်ဆိုပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ရွှေဘို-မြစ်ကြီးနား လမ်းဆုံစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ၂ ဦးဒဏ်ရာရ

"အခုတိုက်ခိုက်ခဲ့တဲ့ စစ်ဆေးရေးဂိတ်က လုပ်နေတာကြာပြီ။ သူတို့က ခရီးသွားကားတွေ သာမန်သွားလာနေတဲ့ ဒေသတွင်းက ပြည်သူတွေရော အကုန်စစ်တာဗျ။ ငွေတောင်းတာတွေလည်း ရှိတယ်။ ဒဏ်ရာရသူ ၂ ဦးကိုအိမ်စီးကားနဲ့ ပြန်တင်သွားတယ်ဗျ။ ဒဏ်ရာကသေနိုင်တယ် စစ်ကောင်စီအတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးလက်ဆောင်ပေးလိုက်တာပါ"

ညောင်ဦးအခြေစိုက်တပ်ရင်းမှာ အမျိုးသမီးထောက်လှမ်းရေး သင်တန်းဆင်းပွဲပြုလုပ်

“ကျနော်တို့လို ပုဂံ ညောင်ဦးမြို့တွေဆိုတာက စစ်ကောင်စီဘက်က အင်အားအတော်လေးသာတယ်။ သေချာလေ့ကျင့်မသင်ဘူးဆိုရင် ရှေ့မှာလည်း ပြဿနာတွေကြုံခဲ့ရတာရှိတယ်။ အဲ့တာကြောင့်လည်း တကယ်တတ်ကျွမ်းတဲ့ ဆရာတွေခေါ်ပြီး ရဲဘော်တွေကို သင်တန်းပေးဖြစ်တာပါ။ ရေရှည်မှာဆိုရင်လည်း အမျိုးသမီးတွေကို တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါနိုင်အောင်လို့ ဘယ်လိုသင်တန်းတွေ ဘာတာဝန်တွေ ပေးမယ်ဆိုတာတော့ အထက်ပိုင်းနဲ့ တိုင်ပင်ပြီး စီစဉ်မှာပါ”

ထီးလင်းမှာ ၅ တန်း ကျောင်းသားတဦး မိုင်းနင်းမိလို့ အသက်အန္တရာယ်စိုးရိမ်ရ

"ခွေးတွေထောင်ထားတဲ့နင်းမိုင်းပါ။ ဒီကလေးကို အမြန်ဆုံးဆေးကုသမှုခံယူဖို့အတွက် လိုက်လံပို့ဆောင်ပေးထားပါတယ်။ ကလေးရဲ့အခြေအနေက ခြေထောက်ကတော့ တဖက်ကတော့ ပြတ်ထွက်သွားတယ်။ အသက်ရှင်နိုင်ဖို့အတွက် ဆေးကုသမှုမီနိုင်မလား မမီနိုင်ဘူးလား မသိရသေးပါဘူး။ အသက်အန္တရာယ်စိုးရိမ်ရပြီး အသက်ဆုံးရှုံးနိုင်မှု အခြေအနေမသိရသေးဘူး"

မုံရွာခရိုင်ထဲက လမ်းပိုင်းအချို့ကို အသုံးပြုခွင့်ယာယီပိတ်

"အမြင့်မြို့ဟောင်းက စစ်ကောင်စီတပ်သားတွေကို ဗောဓိတထောင်တောင်ကြောက တောင်ခမောက်တောင်ကို မနေ့ ညနေက Mi-35,Mi-17 ရဟတ်ယာဥ်တွေနဲ့ ပို့လို့ လမ်းပိတ်ထားတာပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10