သတင်း

ထောက်ပို့ ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး သုံးမရတဲ့လက်နက်တွေ သိမ်းဆည်းခံရ

"သူက ရွာထဲကနေ သူ့ယာထဲမှာ သိုးတွေဝင်ဖျက်နေတယ်လို့ သတင်းရလို့ မောင်းထုတ်ဖို့ဆိုပြီး သွားတာ။ အဲဒီမှာ စကစ စစ်ကြောင်းနဲ့တိုးလို့ သူယာခင်းဘက်ကို ထွက်ပြေးရာမှာ သူအခင်းထဲမှာ စကစတွေက ကြိုရောက်နေပြီး ဖမ်းဆီးခံလိုက်ရတာ။ သူက တခါတလေတော့ CHU အတွက် ထောက်ပို့လုပ်ပေးတာ ရှိတယ်။ သူ့ကို ဖမ်းမိပြီး မကြာဘူး စကစဘက်က ပစ်သတ်လိုက်တာ"

စခန်းသိမ်းတိုက်ပွဲ အစီအစဥ်တွေထဲက တခုဖြစ်တဲ့ မအူရဲကင်းတိုက်ပွဲ (ရုပ်/သံ)

"သတင်းအတိအကျ မသိရသေးခင်က ၇ ယောက်လို့ ထုတ်ပြန်လိုက်တာ။ အခုက ၁၀ ယောက်တဲ့ သတင်းအတိအကျ ပြန်ရတာပါ"

ရေစကြိုနယ်မှာ စစ်ကောင်စီတပ် ၂ ကြိမ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

"ခလရ ၂၅၇ တပ်ထဲကနေ ရေစကြိုမြို့ပေါ်ထွက်လာတဲ့အချိန် ရေစကြိုမြို့အဝင် သင်္ချိုင်းကုန်းမြောက်ဘက် တာဘောင်အောက်မှာ အသင့်ထောင်ထားတဲ့ မိုင်း ၆ လုံးနဲ့ဆွဲတိုက်ခိုက်ခဲ့တာပါ။ ၅ ယောက်လွင့်စဥ် သေပြီး ၁ ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်"

စာဖြေပြန်လာတဲ့သံဃာတွေလိုက်ပါလာတဲ့ကား ဘီးပေါက်ပြီးယာဉ်တိုက်မှုဖြစ်လို့ ၁ ပါးပျံလွန်ပြီး ၅ ပါးဒဏ်ရာရ

"သူတို့သွားမယ့်ကျောင်းက ညောင်ကန်နားက ရွာပဲ။ ဘီးပေါက်ပြီး “ရေကျော်ရှေ့” ဆိုတဲ့ ဆိုင်းဘုတ်ကိုဝင်တိုက်ပြီး ကားက လည်ထွက်သွားတာ။ အဲဒီမှာ သံဃာ ၁ ပါးက ဘာနဲ့ထိုးမိတာလဲမသိဘူး၊ ပျံလွန်တော်မူသွားတယ်"

စစ်အုပ်စုရဲ့ ဖမ်းဆီးခံပြည်သူတွေကို ကယ်ထုတ်ရင်း PDF ရဲဘော် ၇ ဦးသေဆုံး

“ကျနော်တို့တပ်ဖွဲ့ထဲက ရဲဘော် ၂ ယောက်ကတော့ ကျသွားပါတယ်။ ပစ်ခတ်မှုတွေဖြစ်နေတဲ့အချိန် ဒဏ်ရာရတဲ့ရဲဘော်ကိုသွားကယ်ရင်း ထိသွားတာပါ။ စစ်တပ်တယ်လီဂရမ်မှာ တင်ထားတဲ့ပုံက ကျနော်တို့ရဲ့ ရဲဘော်ပုံပါ။ ကချင်စစ်ဝတ်စုံနဲ့တယောက်က ကျနော်တို့တပ်ဖွဲ့ကပါ၊ နောက်တယောက်က သူ့အကျီအိတ်မှာ ကွမ်းထုပ်ထည့်ထားတဲ့ တယောက်ကလည်း ကျနော်တို့အဖွဲ့ကပါ၊ ကျန်တဲ့ရဲဘော်တွေက အခြားအဖွဲ့ကပါ”

သက်ငယ်မုဒိန်းမှုကို ကျေအေးလို့ရသလား(ရုပ်သံ)

သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေဟာ ငွေကြေးနဲ့ ဂုဏ်အရှိန်အဝါသုံးပြီး လျော်ကြေးပေးကာ ကြေးအေးပေးဖို့ ကြိုးစားကြပါတယ်

ထိုင်းနိုင်ငံက ထောက်ပို့လုပ်ကိုင်သူတွေ ရံပုံငွေရရှိမှု နည်းလာ

အခုလို ထိုင်းနိုင်ငံထဲက ရံပုံငွေ ရရှိမှု အားလျှော့လာတာဟာ ထိုင်းကို သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဘက်က အလုပ်အကိုင် အဆင်မပြေတာ၊ ယာယီနေထိုင်ခွင့်နဲ့ အလုပ်သမားလက်မှတ် မရှိကြတာ စတဲ့ အခက်အခက်တွေရှိနေသလို တော်လှန်ရေးကာလကြာလာလို့ သွေးအေးသွားတာတွေလည်း ရှိနေတယ်

M-7 PDF စခန်း လေကြောင်းမှတဆင့် စီးနင်းခံရပြီး ရဲဘော် ၆ ဦး အဆက်သွယ်ပြတ်နေ

“ရဲဘော် ၆ ယောက်လောက်က အဆက်သွယ်ပြတ်သွားတယ်။ မိသွားတာလား ဘာလားတော့ မသိဘူး။ ကျန်တဲ့ရဲဘော်တွေကတော့ လွတ်မြောက်လာတယ်။ ဝေဟင်ကတောင် နေရာအတိကျနဲ့ လာနိုင်တယ်ဆိုတော့ အဓိကသတင်းပေါက်တာ၊ မြေပြင်ကနေ စစ်ကောင်စီကို သတင်းပေးတဲ့သူတွေ ရှိလို့ပေါ့။ ဒလန်လို့ခေါ်ရမှာပေ့ါ။ အဲ့လိုလူတွေကြောင့် အခြေစိုက်စခန်းတွေကို စစ်ကောင်စီက သိတာ။ သူတို့အကြောင်းမကြားရင် သိစရာအကြောင်းမရှိဘူး”

ပေါင်းတည်မှာ အကြမ်းဖက်စွပ်စွဲခံရသူရဲ့ လယ်မြေလုပ်ပိုင်ခွင့်ကို စစ်ကောင်စီကပိတ်သိမ်း

"ကျနော်က ဘယ်ပါတီဝင်မှမဟုတ်ဘူး။ တက်ကြွလူပ်ရှားသူဖြစ်လို့သာ ၅၀၅(က)ဖွင့်ထားတာ၊ ခုလည်းအကြမ်းဖက်ဆိုပြီး စွပ်စွဲထားပြန်တယ်၊ လယ်ထဲမှာလည်း ချိတ်ပိတ်စာချိတ်သွားတယ်"

ကြို့ပင်ကောက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေအိမ်မှာဖမ်းဆီးခံရ

"မနေ့က ၁၂ နာရီလောက်ကဖမ်းဆီးသွားတာပါ။ သူကသပိတ်ပြီးကာလကတည်းက မလုပ်တော့တာ ကိုယ်စားလှယ်တွေက ၅၀၅ (က) ကဖွင့်ထားတာဘဲ။ ၂ နှစ်နီးပါးလောက်အဆက်အသွယ်မရှိတော့ဘူး။ အခု ပြည်ကိုခေါ် သွားတယ်ကြားတယ်"

စစ်ကိုင်းတိုင်းက မြို့နယ် ၂ ခုမှာ စစ်သားတွေတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

"ပုခက်နဲ့ထမ်းထုတ်သယ်သွားတာ ၆ ဦးလောက်ရှိတယ်၊ တချို့လည်းခြေလျင်ထော့ကျိုးတွေဖြစ်နေတယ်၊ အဲဒီအဖွဲ့က ဝက်လက်မြို့ဘက်ကိုဆက်ထွက်သွားတယ်"

မန္တလေး-မုံရွာလမ်းပိုင်းမှာ မိုင်းကွဲလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၂ ဦးဒဏ်ရာရ

"ပြောရမယ်ဆိုရင် ကားနဲ့ဆိုင်ကယ်နဲ့က မန္တလေးဘက်ကနေ မုံရွာဘက်ကို မောင်းလာတာ။ သူတို့လည်း ဖြစ်တဲ့နေရာကို အရောက် ၁ လုံး အရင်ကွဲတယ်။ သူတို့တွေ ထိသွားတဲ့အချိန် အရှေ့နား မလှမ်းမကမ်းမှာ နောက် ၁ လုံး ထပ်ကွဲတာ။ ဆိုင်ကယ်နဲ့ တယောက်ထဲ မောင်းလာတဲ့ အမျိုးသမီးကတော့ နေရာမှာပဲ ဆုံးတယ်။ ကုန်ကားပေါ်က နှစ်ယောက်ကတော့ ဒဏ်ရာရတယ်"

မီးဖို မီးကြွင်းမီးကျန်ကနေ မီးလောင်လို့ နေအိမ် ၃ လုံး ပြာကျ

"မီးဖို မီးကြွင်းမီးကျန်ကနေ စလောင်တာပါ။ ဒီဘက်ခြမ်းက ထင်းမီးသုံးတာ များတယ်။ သတိမထားမိတော့ မီးလောင်ရာကနေ ဘေးအိမ်တွေပါ မီးကူးကုန်တယ်။ အိမ်တွေကတော့ လုံးဝအကုန်ပဲ။ မီးလောင်ထားတဲ့ တိုင်တွေလောက်ပဲ ကျန်တယ်"

တပ်ချိန်းပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

“အင်အားကတော့ ဖြန့်လာတာ၊ ၂၀ ကျော်နဲ့ ၃ ဖွဲ့လောက်လာတာ၊ မိုင်း ၅ လုံးနဲ့ဆွဲပြီးတိုက်ခိုက်ခဲ့တာ၊ ပျူတကောင်နဲ့ တပ်က တကောင်ကတော့ ပွဲချင်းပြီးသေတယ်၊ ကျန်တဲ့ ၄ ကောင်က အပြင်းအထန်ဒဏ်ရာရတယ်၊ သူတို့ဘက်က ရမ်းသမ်းပြီးပစ်နေတာ၊ ကျနော်တို့ဘက်ကလည်း လက်လုပ်လက်နက်ကြီးတွေနဲ့ ပြန်ပစ်ကြတယ်”

ပေါက်မြို့က စီးနင်းခံရတဲ့ PDF စခန်းနှစ်ခု ပြန်တည်ဆောက်ဖို့ ငွေကြေးအခက်အခဲဖြစ်နေ

"စခန်းဆောက်ဖို့က ငွေအခက်အခဲရှိနေတာပါ။ ပြည်သူတွေက ဒုက္ခရောက်နေတော့အကူ အညီမတောင်းချင်တာလည်းပါတယ်။ ဖြစ်သလိုပဲအဆင်ပြေတဲ့နေရာမှာ နေနေရတယ်။ စခန်းပြန်ဆောက်ဖို့အတွက် ကြိုးစားနေကျတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10